Weight Loss လေ့ကျင့်ခန်းဆိုတာ အဆီကျပြီး ကြွက်သားတက်လာအောင် ကစားပေးရတာ ဖြစ်ပါတယ်။ Weight Loss ကစားမယ်ဆိုရင် စိတ်ရှည်ဖို့လိုသလို ပြင်းထန်တဲ့ ကစားနည်းတွေနဲ့ ကာလတိုအတွင်း ဝိတ်ချခြင်းကို ရှောင်ကြဉ်ဖို့ အကြံပြုချင်ပါတယ်။ ဘာလို့ဆို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေက ထိခိုက်ဒဏ်ရာရစေနိုင်ပြီး ကိုယ်အလေးချိန် လျှော့ချမယ့် ခရီးစဉ်အတွက် ကြန့်ကြာမှုတွေ ဖြစ်စေနိုင်ပါတယ်။ အခုပြောပြမယ့် လေ့ကျင့်ခန်းနည်းတွေကတော့ Gym သွားဖို့မလိုဘဲ တစ်ရက်ကို မိနစ် ၂၀ လောက် အချိန်ပေးကစားရုံနဲ့ အဆီပိုတွေလောင်ကျွမ်းပြီး ဝိတ်ကျစေမယ့် အကောင်းဆုံး Bodyweight Workouts တွေပဲ ဖြစ်ပါတယ်။
(၁) V-Sit Crunch
Source : Testosterone Nation
V-Sit Crunch ကတော့ ဝမ်းဗိုက်မှာရှိတဲ့ အဆီပိုတွေကို အထိရောက်ဆုံး လောင်ကျွမ်းစေပြီး ဝမ်းဗိုက်ကြွက်သားတွေကို ကျစ်လစ်သန်မာစေမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။
(၂) Burpee
Source : BuiltLean
Burpees ဟာ Weight Loss သမားတွေ ကစားသင့်တဲ့ အကောင်းဆုံး Full-Body Exercise တစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက အဆီပိုတွေကို ထိထိရောက်ရောက် လောင်ကျွမ်းစေပြီး နှလုံးသွေးကြောဆိုင်ရာ လုပ်ဆောင်ချက်တွေကို မြင့်တင်ပေးနိုင်ပါတယ်။
(၃) Squat Jump
Source : Les Mills
Squat Jump လေ့ကျင့်ခန်းက တင်ပါး ၊ ဒူးနဲ့ ခြေသလုံး ကြွက်သားတွေကို ကြံ့ခိုင်သန်မာစေပါတယ်။ Squat Jump ဟာ ကယ်လိုရီအများအပြား လောင်ကျွမ်းစေရုံမက ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေတာကြောင့် အပြေးအားကစားသမားတွေ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။
(၄) One-Arm, One-Leg Plank
Source : Functional Bodybuilding
ဒီလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ကို ထိန်းပြီး ကစားပေးရတာ ဖြစ်ပါတယ်။ နောက်ကျောနဲ့ လက်မောင်းအဆီတွေကျစေပြီး ကြွက်သားများကျစ်လစ်သန်မာစေဖို့ ကူညီပေးနိုင်ပါတယ်။
(၅) Three-Way Pushup
Source : SOLDIERFIT
ပုံမှန်ဒိုက်ထိုးနည်းကိုဘဲ မတူညီတဲ့ နည်းလမ်း ၃ ခုနဲ့ ကစားရမှာဖြစ်ပါတယ်။ ရင်ဘတ် ၊ ပခုံးနဲ့ နောက်ကျော အဆီတွေကို လောင်ကျွမ်းစေပြီး ကြွက်သားများကျစ်လစ် သန်မာစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ဒိုက်ထိုးနည်း ၁ ခုကို အနည်းဆုံး ၁၀ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။
Featured Photo : Men’s Journal