ကွီးတို့တွေ ကိုယ်ရဲ့ပါတနာနဲ့ ဒချိ တဲ့အခါမှာ တကယ့်ကို ကောင်းကောင်း ဒချိနိုင်ဖို့ better sex ဖြစ်နေစေဖို့အတွက် အခု ဖော်ပြသွားမယ့် ကိုယ်လက်လှုပ်ရှားမှုတွေ လေ့ကျင့်ခန်းတွေကို လိုက်လံ လုပ်ဆောင်ကြည့်ပါ။ ထူးထူးခြားခြား အကျိုးရှိလာပါလိမ့်မယ်။
Photo : Saber Heatlhcare Group
ခပ်သွက်သွက် လမ်းလျှောက်ခြင်းကနေ စက်ဘီးစီးခြင်းအထိ နှလုံးခုန်မြန်စေပြီး အသက်ရှုရပါ ခက်စေနိုင်မယ့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးခြင်းကနေ သွေးစီးဆင်းမှုတွေ အားကောင်းလာစေသလို ဒါက ကွီးတို့အတွက်ရော မွီးတို့အတွက်ပါ ကောင်းမွန်စေပါတယ်။ ကွီးတို့အတွက် ဆိုရင်တော့ သန်မာတဲ့ ထောင်မတ်မှုတွေ ဖြစ်စေသလို မွီးတို့အတွက်လည်း ကောင်းမွန်တဲ့ နှိုးဆွမှုတွေ ဖြစ်စေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
Photo : Swimcore
ရေကူးခြင်းကို ပုံမှန်လုပ်ပေးတဲ့ အသက်ရ(၆၀)အရွယ် အဖိုးအဖွားတွေဟာ ဒချိတဲ့ ကိစ္စမှာတောင် အသက်(၂၀)အရွယ်လေးတွေလိုမျိုး စွမ်းဆောင်နိုင်ကြပါတယ်။ ဒါက ရေကူးခြင်းရဲ့ အားသာချက်ပါပဲ။ ရေကူးခြင်းကနေ ခံနိုင်ရည်အား ရှိလာခြင်း၊ သွေးစီးဆင်းမှု ပိုကောင်းလာခြင်း၊ ကြံခိုင်လာခြင်းတွေအပြင် ဒချိတဲ့ အချိန်မှာ ညီလေး ထောင်မတ်နိုင်ခြင်း မရှိတာတွေ ဒချိချင်စိတ် လျော့နည်းတာတွေကို ဖြစ်စေနိုင်မယ့် ကယ်လ်လိုရီတွေကိုပါ လောင်ကျွမ်းစေနိုင်ပါတယ်။
Photo : Kettlebell Kings
ဝမ်းဗိုက်ကြွက်သားတွေအတွက် ကစားပေးတာမျိုးဆိုရင်လည်း ဒချိတဲ့ ကိစ္စမှာ အရာတိုင်းကို အကောင်းဆုံး စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် abs workout တွေဖြစ်တဲ့ လေ့ကျင့်ခန်းတွေကို လေ့လာပြီး လုပ်ဆောင်ပေးသင့်ပါတယ်။
Photo : Alo Moves Blog
ယောဂကျင့်စဉ် တစ်မျိုးဖြစ်တဲ့ frog pose ဟာလည်း ဒချိတဲ့ အချိန်မှာ ကွီးတို့ကို မယုံနိုင်လောက်အောင် ကူညီပေးနိုင်မယ့် လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါတယ်။ သူက ခန္ဓာကိုယ် အောက်ပိုင်းအတွက် ဦးစားပေး ကစားနည်းဖြစ်လို့ ကွီးတို့သာ ဒီကစားနည်းကို သေချာကစားထားမယ်ဆိုရင် သိုင်းကွက်ပုံစံနဲ့ ဒချိနိုင်မှာ သေချာပါတယ်။
Source : WORKOUT Youtube Channel
Kegal exercise လို့ ခေါ်တဲ့ ယောဂ လေ့ကျင့်ခန်းတစ်မျိုးဟာလည်း ဒချိတဲ့ ကိစ္စရပ်မှာ များစွာ အထောက်အကူပြုပါတယ်။ သူရဲ့ လေ့ကျင့်ခန်းတိုင်းဟာလည်း မသိရင် သိုင်းချမယ့် အကွက်တွေကို ကြိုကျင့်နေသလားတောင် ထင်ရမယ့် လေ့ကျင့်ခန်းနည်းတွေ ဖြစ်တာကြောင့် ဒချိ တဲ့အခါကျရင် လုံးဝကို အဆင်ပြေနေပါလိမ့်မယ်။ လေ့ကျင့်ခန်းနည်းတွေကိုတော့ Youtube video နဲ့ ဖော်ပြပေးထားပါတယ်။
Photo : Men’s Health
Plank ထောက်တာကို ပုံမှန်ကစားပေးမယ်ဆိုရင် ဒီ position က ကွီးတို့အတွက် ဘယ်လောက်တောင်မှ အသုံးဝင်နေမလဲဆိုတာ ကောင်းကောင်း နားလည်သွားပါမယ်။ ဒါကြောင့်မို့ ဒီလေ့ကျင့်ခန်းကိုလည်း အချိန်ပေးပြီး လုပ်ကြည့်ပါ။ သိသိသာသာ အကျိုးရှိလာပါလိမ့်မယ်။
Source : WebMd
Featured Photo : WordPress.com