ကွီးတို့ရေ လှုပ်ရှားမှုနည်းပြီး အထိုင်များခြင်းကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ အဆီပိုတွေ စုလာနိုင်ပါတယ်။ ဒါ့အပြင် စားသောက်မှု ပုံစံကြောင့်လည်း ခန္ဓာကိုယ်မှာ အဆီများ လာနိုင်ပါတယ်။ အဆီတွေ များလာခြင်းကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ပေါ့ပါးမှုမရှိဘဲ လေးလံထိုင်းမှိုင်းလာပြီး အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါတင်သာမကဘဲ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအပေါ်မှာလည်း များစွာသော ဆိုးကျိုးတွေ သက်ရောက်နိုင်ပါတယ်။ ဒီလို ကောင်းကျိုးမပေးတဲ့ အဆီပို တွေကို လောင်ကျွမ်းပစ်ရမှာပါ။ အဆီတွေ လောင်ကျွမ်းပစ်ဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှုများကို တစိုက်မတ်မတ် ပြုလုပ်တာက အကောင်းဆုံးနဲ့ ဘေးအကင်းဆုံး နည်းလမ်းပါပဲ။
ဘယ်လို လေ့ကျင့်ခန်းမဆို အဆီပိုတွေကို လောင်ကျွမ်းဖို့ အထောက်အကူပြုပါတယ်။ ဒီနေ့မှာတော့ ဘာအကူကိရိယာမှ မလိုဘဲ ကောင်းကျိုးမပေးတဲ့ အဆီပို တွေကို ဖြုတ်ဖို့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း အချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Ground Zero Jump
Photo : Gym Guider
ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင်
(၁) အရင်ဆုံး ခြေထောက်ကို တင်ပါးအနံခြားပြီး မတ်တပ်ရပ်ပါ။ ခြေချောင်းများကို ရှေ့သို့ညွှန်ကာ ဒူး အနည်းငယ်ကွေးပါ။
(၂) ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း ကွီးတို့တင်ပါးကို နောက်သို့လွှဲကာ လက်နှစ်ဖက်ကိုလည်း နောက်သို့ပစ်ပါ။
(၃) ပြီးလျှင် ကွီးတို့ တင်ပါးများကို ရှေ့သို့ တွန်းတင်ပြီး ခုန်လိုက်ပါ။ ထို့နောက် စတင်သည့် အနေအထားသို့ ပြန်သွားပြီး လေ့ကျင့်ခန်းကို ပြန်စပါ။ ထိုကဲ့သို့ ဆက်တိုက် ပြုလုပ်သွားပါ။
Predator Jack
Photo : Gym Guider
ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင်
(၁) အရင်ဆုံး ကွီးတို့အနေနဲ့ မတ်မတ်ရပ်ပြီး လက်ဖဝါးနှစ်ဖက်ကို ပုံတွင်ပြထားသည့်အတိုင်း ထားပါ။
(၂) ပြီးလျှင် ကွီးတို့ရဲ့ ခြေထောက်များကို ခွာလျက် တင်ပါးများကို နောက်သို့တွန်းပါ၊ ဒူးကိုကွေးပြီး လက်နှစ်ဖက်ကို ဆွဲဆန့်ကာ ပခုံးနှစ်ဖက်ကို ညှစ်ထားပါ။
(၃) ပြီးလျှင် ပုံတွင်ပြထားသည့်အတိုင်း ကွီးတို့ ညာခြေထောက်ပေါ်သို့ ခန္ဓာကိုယ် အလေးချိန်ကို ရွှေ့ပါ၊ ထို့နောက် ဘယ်ခြေထောက်ပေါ်သို့ ရွှေ့ပါ။
(၄) ထို့နောက် ညာဘက်နှင့် ဘယ်ဘက်သို့ တစ်ဖန်ပြန်လုပ်ပြီးမှ မတ်တပ်ရပ်ပါ။ ထိုကဲ့သို့ ဆက်တိုက် ပြုလုပ်သွားပေးပါ။
Skater Jump
Photo : Gym Guider
ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင်
(၁) အရင်ဆုံး ကွီးတို့အနေနဲ့ ညာဘက်ခြေဖဝါးပေါ်တွင် ကွီးတို့ရဲ့ အလေးချိန်ဖြင့် မတ်တပ်ရပ်ပြီး ညာဘက်ဒူးကိုကွေးပါ။
(၂) ထို့နောက် ခြေထောက်ကို မြေပြင်မှ အနည်းငယ်ကွာသွားစေရန် ဘယ်ဒူးကိုကွေးပါ။
(၃) ကွီးတို့ရဲ့ ညာဘက်ခြေထောက်ဖြင့် ခုန်လိုက်ပြီး ဘယ်ဘက်ခြေထောက်ကို ကွေးထားပါ။ ထိုကဲ့သို့ အပြန်အလှန်ဆက်တိုက် ခုန်နေပါ။ ခုန်နေစဉ် အရှိန်ရပြီး ဟန်ချက်ညီစေရန် သတိပြုပါ။
In-and-Out Squat
Photo : Gym Guider
ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင်
(၁) အရင်ဆုံး ကွီးတို့အနေနဲ့ မတ်မတ်ရပ်ပါ။
(၂) ထို့နောက် ကွီးတို့ ဒူးများ၊ ခြေချင်းဝတ်နဲ့ တင်ပါးများကို ပုံတွင်ပြထားသည့်အတိုင်း Squat ထိုင်သကဲ့သို့ ကွေးလိုက်ပါ။
(၃) ထိုကဲ့သို့ ကွေးရမှာ ခြေထောက်များကို ပုံတွင်ပြထားသည့်အတိုင်း ကွေးလိုက်သည့်အခါ ခုန်ပြီး အကွာအဝေး နည်းစေလျက်၊ ခန္ဓာကိုယ်ကို ပြန်မတ်သည့်အခါတွင် ခြေထောက်များကို ချဲလိုက်ပါ။
(၄) ထိုကဲ့သို့ ဆက်တိုက်ပြုလုပ်သွားပါ။
Blast-Off Push-Up
Photo : Gym Guider
ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင်
(၁) အရင်ဆုံး ကွီးတို့ ခန္ဓာကိုယ်ကို Plank အနေအထားဖြင့် စတင်ပါ။
(၂) ထို့နောက် ဒူးများကို ၉၀ ဒီဂရီလောက် ကွေးသွားသည်အထိ ပုံတွင်ပြထားသည့်အတိုင်း တင်ပါးများကို နောက်သို့ တွန်းပါ။
(၃) ထို့နောက် ဒိုက်ထိုးခြင်းရဲ့ အောက်ခြေသို့ နိမ့်ဆင်းသွားသည့် ပုံအတိုင်း ကွီးတို့ရဲ့ အပေါ်ပိုင်းကို နောက်ကျောဖြင့် ဆွဲတင်ရင်း ဒူးများ၊ ခြေကျင်းဝတ်များနှင့် တင်ပါးများကို ပုံတွင်ပြထားသည့်အတိုင်း ပြန်နိမ့်လိုက်ပါ။
(၄) ပြီးလျှင် စတင်သည့် အနေအထားသို့ ပြန်သွားပါ။ ထိုကဲ့သို့ ဆက်တိုက် ပြုလုပ်ပါ။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ဘယ်လိုအကူကိရိယာမှ မလိုဘဲ ကောင်းကျိုးမပေးတဲ့ အဆီပို တွေကို အပီဖြုတ်လို့ရတဲ့ ထိရောက်တဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ ဘယ်လို လေ့ကျင့်ခန်းမဆို တစိုက်မတ်မတ်နဲ့ အချိန်ပေးပြီး လုပ်ဆောင်ရင် ကွီးတို့လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအဆကို အမြန်ဆုံးရရှိနိုင်မှာ အသေအချာပါပဲ။ ဒါ့အပြင် အလုံးစုံသော ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုတာကြောင့် လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ဖို့ ဒီကနေ တိုက်တွန်းလိုက်ပါတယ်ဗျာ။
Source : Gym Guider
Featured Photo : Eat This, Not That