လူတစ်ယောက်နဲ့ တစ်ယောက် အိပ်စက်ပုံချင်းမတူညီကြသလို တစ်ယောက်နဲ့ တစ်ယောက် လိုအပ်တဲ့ အိပ်စက်ချိန်သည်လည်း ကွာခြားတတ်ပါတယ်။ အိပ်မက်ဆိုးတွေ ရန်က ရှောင်ရှားချင်တယ်ဆိုရင်တော့ စိတ်ဖိစီးမှု အန္တရာယ်များမှ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ကွီး တို့မက်တဲ့ အိပ်မက် တွေကနေလည်း ကွီးတို့ရဲ့ ကျန်းမာရေး အကြောင်းကို လေ့လာနိုင်တယ်ဆိုတာကိုရော သိပြီးပါပြီလား။

စောစောက ပြောခဲ့သလိုပဲ။ ကျနော်တို့သည် တစ်ယောက်နဲ့တစ်ယောက် မတူညီကြသလို တစ်ရက်ကို ဘယ်လောက်ထိ အိပ်စက်သင့်တဲ့ နာရီချင်းလည်း မတူညီကြပါဘူး။ အချို့ကလည်း ၆ နာရီလောက် အိပ်ရရင် အိပ်ရေး ဝကြပြီး အချို့ကလည်း ၈ နာရီခန့် အိပ်ချိန်ရမှသာ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေတာဖြစ်ပါတယ်။

အိပ်စက်တဲ့အချိန်မှာလည်း အိပ်မက်တွေ မက်လေ့ရှိကြပါတယ်။ အချို့ကလည်း ထိုအိပ်မက်များကို အချိန်အကြာကြီး မှတ်မိနေတတ်ကြပြီး အချို့ကလည်း အိပ်ရာကနိုးလာတာနဲ့ မေ့သွားတတ်ကြပါတယ်။

ကွီး တို့ရဲ့ ထို အိပ်မက် အခြေအနေတွေကနေ ကျန်းမာရေး အခြေအနေကို ဘယ်လိုလေ့လာနိုင်သလဲဆိုတော့…

အိပ်မက်တွေက ကြည်လင်ပြတ်သားနေမယ်ဆိုရင်

man and dream

Photo:

အိပ်မက်တွေက (လုံးဝ) ကြည်လင်ပြတ်သားနေပြီး အိပ်ရာက နိုးလာတဲ့အချိန်အထိ ရှင်းရှင်းလင်းလင်းကြီးကို မှတ်မိနေပါသလား။ ဒါဆိုရင်တော့ သင် အိပ်ပျော်နေတဲ့အချိန်မှာ သင့် ဦးနှောက်က သင့်ကို နိုးထဖို့အတွက် အချက်ပြနေတာဖြစ်ပါတယ်။ သင့်အနေနဲ့ နိုးထဖို့ အချိန်တန်ပြီဖြစ်ကြောင်း သတိပေးနေတာဖြစ်ပါတယ်။ အိပ်မက်ကြောင့် လန့်နိုးသွားတဲ့ အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။ ထိုအခြေအနေသည်လည်း အတူတူပါပဲ။ သင့်ဦးနှောက်က သင့်ကို နိုးထဖို့ သတိပေးနေတာဖြစ်ပါတယ်။

အိပ်မက်တွေကို မှတ်မိနေတယ်ဆိုရင်

man and dream

စောစောကလိုတော့ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားတော့ မဟုတ်ပေမယ့် အိပ်မက်တွေကို မှတ်တော့ မှတ်မိနေသေးတဲ့ အခြေအနေပါ။ ဒီလိုအခြေအနေကတော့ သင့်ဆီမှာ စိတ်ဖိစီးစရာ အနည်းငယ် ရှိနေကြောင်း ဖော်ပြနေတာဖြစ်ပြီး သင့်ရဲ့ အိပ်မက်တွေကနေတဆင့် သင်သည် ရုန်းထွက်ချင်နေတာဖြစ်ပါတယ်။

အိပ်ရာပေါ် ခေါင်းချလိုက်တာနဲ့ ချက်ချင်း အိပ်ပျော်ကာ အိပ်မက်မက်ခြင်း

ကွီး အိပ်မက် ကျန်းမာရေး

ဒီအချက်ကတော့ သင်သည် အလွန်အမင်းပင်ပန်းနေကြောင်းကို ဖော်ပြနေတာဖြစ်ပါတယ်။ တစ်နေ့တာ လုပ်ငန်းစဉ်များကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့အခါ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ ချက်ချင်း အိပ်ပျောပြီး နောက်ထပ် ၁၅ မိနစ်အတွင်းမှာ အိပ်မက် မက်လေ့ရှိကြပါတယ်။

အိပ်မက်ဆိုးများ မက်နေခြင်း

ကွီး အိပ်မက် ကျန်းမာရေး

Photo: Themindfulword

အိပ်မက်ဆိုးတွေက တစ်ရက်လည်းမဟုတ် နှစ်ရက်လည်း မဟုတ် ညစဉ်ရက်ဆက်ဆိုသလို မက်လာရင်တော့ သင့်ရဲ့ စိတ်ဖိစီးမှု အခြေအနေကို ဆန်းစစ်သင့်ပါပြီ။ သင့်မှာ စိတ်ဖိစီးမှု အလွန်အမင်းများနေလို့ပဲဖြစ်ပါတယ်။

အိပ်မက်ကောင်းတွေ မက်အောင် ဘယ်လိုလုပ်နိုင်မလဲ

ကွီး အိပ်မက် ကျန်းမာရေး

Photo: Smartsleepingtips

အရေးကြီးဆုံးကတော့ အိပ်ရေးဝယ် အိပ်စက်ဖို့ပါပဲ။ အနည်းဆုံး ၇ နာရီမှ ၈ နာရီခန့် အိပ်စက်ချိန်ရအောင် ပြုလုပ်ပါ။ အိပ်ရာ ဝင်ခါနီး ၁ နာရီအလို (သို့) ၂ နာရီအလိုမှ အခန်းရဲ့ အလင်းရောင်ကို မှိန်ပစ်လိုက်ပါ။ ဒါ့အပြင် ထိုအချိန်မှာ ဖုန်းသုံးခြင်းနှင့် အခြားသော လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ဒါဆိုရင်တော့ ကွီး တို့လည်း အိပ်မက် ကောင်းတွေ မက်မှာဖြစ်ပြီး ကျန်းမာရေး အတွက်လည်း တစ်ဖက်တစ်လှမ်းကနေ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

Source: Psycom

Featured Image: Dreams