ဘယ်အားကစားမဆို ကျန်းမာရေး အကျိုးများတာ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့်လည်း ထိခိုက်မှု နည်းပြီး ကိုယ်ရော စိတ်ပါ ကျန်းမာရွှင်လန်းရေးအတွက် အထောက်အပံ့ မြင့်တဲ့ အားကစားတွေ လိုက်စားတာကတော့ ပိုပြီး အကျိုးရှိမယ်လို့ ဆိုချင်ပါတယ်။ ဒါကြောင့်ပဲ အားကစားနဲ့ ကိုယ်လက်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အားကစား တချို့အကြောင်းကို ဒီတစ်ခေါက် တင်ပြလိုက်ရပါတယ်။

(၁) ရေကူးခြင်း

Swimming

Photo : Spine-Health

ရေကူးတာက နှလုံးကျန်းမာရေးအတွက် အံ့အားသင့်ဖွယ် အကျိုးများလှပါတယ်။ စိတ်ဖိစီးမှုလည်း နည်းပါးပြီး Body Weight လည်း ထိန်းပေးနိုင်ပါတယ်။ အဆုတ်အားကောင်းပြီး ကြွက်သား ကြံ့ခိုင်တောင့်တင်းစေသလို ကယ်လိုရီလောင်ကျွမ်းမှုလည်း မြင့်မားပါတယ်။

(၂) တင်းနစ်

Tennis

Photo : sportingnews

တစ်နာရီကြာ တင်းနစ်ကစားတာဟာ ကယ်လိုရီ ၆၀၀ လောင်ကျွမ်းနိုင်ပါတယ်။ ဒါက အကောင်းဆုံးအေရိုးဗစ်လေ့ကျင့်ခန်းတွေအဖြစ် ပြောကြတဲ့ ရွရွပြေးခြင်း ၊ စက်ဘီးစီးခြင်းတွေထက်တောင် သာလွန်နေတာ ဖြစ်ပါတယ်။ ကိုယ်ရည်စစ်သလို ကိုယ်လက်ကြံ့ခိုင်သန်မာမှုလည်း မြင့်မားစေပါတယ်။

(၃) လှေလှော်ခြင်း

Rowing_Equip

Photo : nbcolympics

ရေကူးလှေလှော်ဆိုတဲ့ အားကစားတွေက Weight ကျမှု မြင့်သလို ထိခိုက်ဒဏ်ရာရမှု လျော့နည်းပြီး ကြွက်သားသန်စွမ်းမှု မြင့်မားပါတယ်။ ချောင်းတွေ မြစ်တွေထဲ လှေလှော်တာမျိုး မလုပ်နိုင်ရင်လည်း Rowing Machine တွေနဲ့ ကစားနိုင်ပါတယ်။

(၄) Squash ရိုက်ခြင်း

squash

Photo : ntu

တင်းနစ်ရိုက်သလိုမျိုး Racket နဲ့ Squash Ball ၊ Squash ကွင်း Court ထဲမှာ ပြိုင်ဘက်နဲ့အတူ ဆားဗစ်လိုင်းအတွင်း ဝင်အောင် ရိုက်ရတာပါ။ ဒီကစားနည်းက တောက်လျှောက် မနားတမ်း ရိုက်နေရတာမျိုး ဖြစ်ပြီး မျက်စိနဲ့ လက် အသားတကျ ချိတ်ဆက်လုပ်ဆောင်ရတာ ဖြစ်သလို ကိုယ်ခန္ဓာအလွယ်တကူ လှည့်ပြောင်းနိုင်မှု ၊ ကြံ့ခိုင်မှုနဲ့ သက်လုံလိုတဲ့ အားကစား လည်း ဖြစ်ပါတယ်။

(၅) စက်ဘီးစီးခြင်း

cycling

Photo : wam

မိုးရာသီကလွဲရင် စက်ဘီးစီးဖို့အတွက် အချိန်အခါကောင်းတွေချည်းပါပဲ။ ပုံမှန်အားဖြင့် စက်ဘီးစီးဖို့ စက်ဘီးကောင်းကောင်း တစ်စီးပဲ လိုပါတယ်။ ဒီအားကစားက ပြိုင်ဘက်မလိုတဲ့ အားကစား လည်း ဖြစ်ပြီး အဆုတ်အားကောင်းစေခြင်း ၊ ကိုယ်ရည်စစ်ပြီး သက်လုံကောင်းမွန်စေခြင်း အကျိုးတွေ အပြင် ကယ်လိုရီ လောင်ကျွမ်းမှု မြင့်မားသလို ဦးနှောက်စွမ်းဆောင်ရည်ပါ ထက်မြက်စေတယ်လို့ သုတေသနတွေက ထောက်ခံထားကြပါတယ်။

Featured Photo : wam