မန်ယူ နိုက်တက်အသင်းက နည်းပြ အဲရစ် တန်ဟက်ဂ် လက်ထက်မှာ ပြည်တွင်း ရှုံးထွက်ပြိုင်ပွဲ နှစ်ခုရဲ့ ဖိုင်နယ်တွေဆီ တက်လှမ်းနိုင်တယ်။ အဲ့ဒီမှာ ခါရာဘောင် အချိုရည်ဖလားကို ရရှိခဲ့တယ်။ ပြီးရင် ပရီးမီးယားလိဂ်မှာ top 4 နဲ့ ရာသီသိမ်းမယ်။ ဒါဆိုရင် Ten Hag era ရဲ့တာထွက်က အောင်မြင်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် အားလုံး ထင်ထားသလို ဖြစ်မလာပဲ လက်တွေ့မှာတော့ ယူနိုက်တက်က မိုးထဲရေထဲ ရောက်နေရပါတယ်။
Photo Credit : Sky Sports
မန်ယူ နိုက်တက်က ဆုဖလားတွေနဲ့ နှစ်အနည်းငယ် ဝေးကွာနေခဲ့ပြီး အနီးစပ်ဆုံး ယူရိုပါလိဂ်မှာ ဖိုင်နယ်အထိ တက်လှမ်းထားခဲ့ပေမယ့်လည်း ဗီလာရီးယဲလ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးထားရင်း ဖလားနဲ့ပါ လွဲချော်ခဲ့ရပါတယ်။ ဒီလို အချိန်မှာ မစ္စတာ တန်ဟက်ဂ်က ယူနိုက်တက်အတွက် သူရဲ့ တာထွက်ရာသီမှာပဲ ကျွဲစိမ်းဖလားကို ရယူပေးနိုင်ခဲ့လို့ ယူနိုက်တက် ပရိသတ်တွေရဲ့ အထင်ကြီး လေးစားမှုကို ရရှိခဲ့ပြီး ယူရိုပါလိဂ်မှာလည်း ဘာစီလိုနာ ဘက်တစ်တို့ကို ကျော်ဖြတ်ထားနိုင်ခဲ့လို့ အနိမ့်ဆုံးတော့ ဒီရာသီမှာ ကျွဲစိမ်းအပြီး ယူရိုပါလိဂ်ပါ ထပ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်လာကြပါတယ်။
Photo Credit : Goal
ဒါပေမယ့် ကွာတားမှာ ဆီဗီလာနဲ့ တွေ့ဆုံရင်း ပကျော့ အိမ်ကွင်းမှာ သရေ ဒုကျော့ အဝေးကွင်းမှာ (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်ရင်း ယူရိုပါလိဂ်ကို တာ့တာပြလိုက်ရပါတယ်။ ယူရိုပါလိဂ် မကစားရတော့လို့ ပရီးမီးယားလိဂ်မှာ top 4 ဝင်ခွင့်အတွက်ကိုသာ ပိုမို အာရုံစ်ိုက်နိုင်ပြီလို့ ထင်ခဲ့ရပေမယ့်လည်း ရာသီသိမ်းခါနီးမှ အဝေးကွင်း (၃)ပွဲဆက်တိုက် နိုင်ပွဲတွေ ပျောက်လာခဲ့လိုက်တာ အခုဆိုရင် တစ်ပွဲလျော့ တစ်မှတ်အကွာကို ရောက်သွားခဲ့ပါပြီ။ လက်ကျန်ပွဲတွေကို အမှားမခံပဲ အနိုင်ကစားမှသာ ချန်ပီယံလိဂ်ဝင်ခွင့်က မျှော်မှန်းနိုင်တော့မှာ ဖြစ်ပါတယ်။
Photo Credit : CNN
ဒီရာသီရဲ့ တစ်ခုတည်းသော လက်ကျန် ဖလားဖြစ်တဲ့ FA Cup ဖိုင်နယ်မှာလည်း ဒီရာသီ ဖလား (၃)လုံး အိမ်မက်ကို အကောင်းဆုံး အကောင်အထည်ဖော်နေတဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ တွေ့ဆုံနေတာဖြစ်လို့ စီးတီးကို ကျော်ဖြတ်ပြီး ဖလားရယူဖို့ဆိုတာ အတော်လေး ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် မိုးထဲရေထဲ ရောက်နေတဲ့ မန်ယူ နိုက်တက် ဒီရာသီမှာ ချန်ပီယံလိဂ် မဝင် ယူရိုပါလိဂ်တို့ အက်အေဖလားတွေလည်း မရပဲ ကျွဲစိမ်း နဲ့ ပွဲသိမ်းရဖွယ်သာ ရှိနေပါပြီ။
Featured Photo : The Telegraph