ကိုယ်ချစ်ရတဲ့သူနဲ့ တစ်သက်မှာ တစ်ကြိမ်သာ ကျင်းပရတဲ့ မင်္ဂလာပွဲသည် အမှတ်ရစရာကောင်းပြီး ရင်ထဲမှာ တစ်သက်လုံး စွဲကျန်နေရစ်ဖို့လိုအပ်ပါတယ်။ ကြင်စဦး ဇနီးမောင်နှံများအနေနဲ့ မင်္ဂလာပွဲပြီးသွားတဲ့အခါ ပျားရည်ဆမ်း ခရီးထွက်ဖို့လည်း အချိန်ပေးသင့်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ နှစ်ယောက်တစ်ဘဝ ထူထောင်ပြီး မင်္ဂလာဆောင်ဖို့အတွက် ဝတ်စုံများ၊ ပွဲအခမ်းအနားများအတွက် ပြင်ဆင်ရတာလည်း စိတ်ပင်ပန်းရသလို အိမ်အတွက် လိုအပ်တဲ့ အိမ်ထောင်ပရိဘောဂများ ဝယ်ယူရတာသည်လည်း အချိန်ကုန် လူပင်ပန်းရပါတယ်။ မင်္ဂလာပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားတဲ့နောက်မှာတော့ ခံစားရတဲ့ စိတ်ဖိစီးမှုများကို ပြောပျောက်ဖို့ရန်အတွက် ပျားရည်ဆမ်း ခရီးသည် မရှိမဖြစ်လိုအပ်လာပါပြီ။

ကြင်စဦး ဇနီးမောင်နှံများအနေနဲ့ သာယာကြည်နူးပြီး ရိုမန့်တစ်ဆန်တဲ့ ပျားရည်ဆမ်းခရီး ပိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့ သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်များ ရှိပါတယ်။

နှစ်ဖက်မိဘများ၊ အမျိုးများက ကြင်စဦး မောင်နှံအတွက် ပျားရည်ဆမ်း ခရီး စီစဥ်မယ်ဆိုတာမျိုးကို ခွင့်မပြုပါနဲ့

couple honeymoon

ပျားရည်ဆမ်းခရီးသည် ကွီးတို့ ကြင်စဦး ဇနီးမောင်နှံ နှစ်ယောက်တည်းနဲ့ သက်ဆိုင်ပါတယ်။ အခြား အခြားးသော ဘယ်သူ့ ဘယ်သူမှ ဝင်စွက်ဖက်တာမျိုးကို လက်မခံသင့်ပါဘူး။ အကြံဥာဏ်များ ရယူနိုင်ပေမယ့် ဒီခရီးပဲ သွားရမယ်၊ ဘယ်ကိုပဲ သွားရမယ်ဆိုပြီး အတင်းအကြပ် စီစဥ်တာမျိုးကိုတော့ လက်မခံရပါဘူး။ သင်တို့ ဇနီးမောင်နှံ နှစ်ယောက်စလုံး တိုင်ပင်ထားတဲ့ ခရီးကိုသာ သွားသင့်ပါတယ်။

အခြားသော ကြင်စဦး ဇနီးမောင်နှံများရဲ့ ပျားရည်ဆမ်း ခရီးအတိုင်း ကော်ပီကူးတာမျိုး မလုပ်ပါနှင့်

ကြင်စဦး ပျားရည်ဆမ်း

စဥ်းစားရတာ အာရုံခြောက်လို့ဆိုပြီး အရှေ့က စီနီယာတွေ ပျားရည်ဆမ်းခရီးထွက်တဲ့ ပုံစံအတိုင်း တစ်ပုံစံတည်း လိုက်ထွက်တာမျိုးကိုတော့ ရှောင်ကြဥ်သင့်ပါတယ်။ သင်တို့ နှစ်ဦးသားစလုံးအတွက် အခြားသော ဘယ်သူ့ ဘယ်သူနဲ့မှ မတူဘဲ Unique ဖြစ်ပြီး ထူးခြားနေဖို့ လိုအပ်ပါတယ်။

ဘက်ဂျက် ခြွေတာလွန်းခြင်းမှလည်း ရှောင်ကြဥ်ပါ

ကြင်စဦး ပျားရည်ဆမ်း

မင်္ဂလာပွဲအတွက်လည်း ကုန်သင့်သလောက်ကုန်ပြီးသွားပြီ။ အိမ်အသစ်အတွက်ရော အိမ်ထောင်ပရိဘောဂတွေအတွက်ပါ ပိုက်ဆံတွေ ကုန်သွားလို့ ပျားရည်ဆမ်းခရီးအတွက် ပိုက်ဆံတွေကို ခြုံပစ်လိုက်တာတော့ ဟုတ်ပါပြီ။ သို့သော် ပိုက်ဆံ ကုန်မှာစိုးလို့ဆိုပြီး ပေါချောင်ကောင်း Package တွေနဲ့ ပျားရည်ဆမ်း ခရီးထွက်တာမျိုးကိုတော့ မလုပ်သင့်ပါဘူး။ ပျားရည်ဆမ်း ခရီးသည် သင်တို့နှစ်ယောက်အတွက် တစ်ကြိမ်တည်းသာ ရရှိနိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ပိုက်ဆံကို စီစစ်သင့်တဲ့ နေရာမှာလည်း စီစစ် ၊ သုံးသင့်တဲ့နေရာမှာလည်း သုံးရပါမယ်။ နို့မဟုတ်ရင် ပျားရည်ဆမ်းရီးမှာ စိတ်ညစ်စရာများနှင့် ကြုံတွေ့ရပါလိမ့်မယ်။

သေသေချာချာ အချိန်ယူကာ ပြင်ဆင်ပါ

ကြင်စဦး ပျားရည်ဆမ်း

ဘယ်နေရာကို သွားမလဲ။ ဘယ်ဟိုတယ်မှာ တည်းမလဲ။ တည်းမယ့်ဟိုတယ်ကရော ဝန်ဆောင်မှု ကောင်းရဲ့လား အစရှိတဲ့ ရီဗျူးများကို သေချာ လေ့လာကြည့်ပါ။ ပိုက်ဆံသည် သင့်အိတ်ထဲက ထွက်သွားမှာဖြစ်လို့ ကုန်သွားတဲ့ပိုက်ဆံနဲ့ ပြန်ရတဲ့ ဝန်ဆောင်မှုက စိတ်ကျေနပ်စရာကောင်းရဲ့လားဆိုတာ အရေးကြီးပါတယ်။​ ဒါ့ကြောင့် မနက်ဖြန် ဟန်းနီးမွန်း ထွက်မယ်ဆို ဒီနေ့ညမှ စီစဥ်တာမျိုးမဟုတ်ဘဲ အချိန်ယူကာ စီစဥ်ထားသင့်ပါတယ်။

ရာသီဥတုကိုလည်း စစ်ဆေးထားပါ

ကြင်စဦး ပျားရည်ဆမ်း

ကိုယ် သွားမယ့်နေရာက ရာသီဥတု ဘယ်လိုရှိသလဲ။ ပူအိုက်သလား (သို့မဟုတ်) ချမ်းအေးသလား စတဲ့ ရာသီဥတုပေါ်လိုက်ပြီး အဝတ်အစားများကို ထုပ်ပိုးပြင်ဆင်သင့်ပါတယ်။ ဒါမှလည်း သွားရောက်လည်ပတ်ရတာ သက်သောင့်သက်သာဖြစ်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှလည်း ပုံလှလှလေးတွေ ထွက်လာမှာ ဖြစ်ပါတယ်။

Source: Easyweddings

Featured Image: Freepik