လူပျိုအပျိုဘဝကနေ အိမ်ထောင်ရှင်ဘဝကို ကူးပြောင်းမယ့် မင်္ဂလာဦးည ဟာ တကယ်ကို ရင်ခုန်စရာ အပြည့်နဲ့ ဖြစ်နေမှာပါ။ သေချာတာတစ်ခုကတော့ ဒီလို စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ မင်္ဂလာဦးညလေးမှာ တသက်မမေ့နိုင်စရာ အမှတ်တရကောင်းတွေ ဖန်တီးဖို့အရေးကြီးပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကြင်စဦးဘဝ မင်္ဂလာဦးညကို ဖြတ်သန်းမယ့် ဇနီးမောင်နှံတို့အတွက် ရင်ခုန်စရာ အခိုက်အတန့်ကောင်းတွေ ပိုင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ
Photo : English Lakes Hotels
ရင်ခုန်စရာ မင်္ဂလာဦးည လေးကို မူးကွဲပြီး ဖြတ်သန်းလို့တော့ မဖြစ်ပါဘူး။ ဒါဟာ ကွီးတို့ရဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေရုံမက အမှတ်တရကောင်းတွေ ဖန်တီးနိုင်မယ့် အခွင့်အရေးကိုလည်း လက်လွှတ်ရပါလိမ့်မယ်။ ဒါကြောင့် ပျော်ပါ ၊ သောက်ပါ။ သို့သော် ချင့်ချိန်ပြီး သောက်ဖို့အကြံပေး လိုပါတယ်။
(၂) ရေအတူတူ ချိုးပါ
Photo : Pexels
တစ်နေ့တာလုံး မင်္ဂလာပွဲကိစ္စတွေနဲ့ အလုပ်များ ပင်ပန်းခဲ့သမျှ ညအိပ်ရာဝင်ချိန်လေးမှာတော့ ကောင်းမွန်တဲ့ အနားယူအပန်းဖြေမှုလေးတစ်ခု ရှိဖို့ သေချာပေါက် လိုပါတယ်။ ကြင်စဦးဇနီးမောင်နှံ နှစ်ဦးအတွက် ရင်ခုန်စရာကောင်းပြီး ပျော်ပျော်ပါးပါးနဲ့ အပန်းဖြေနိုင်မယ့် နည်းလမ်းလေးတစ်ခုကတော့ ရေအတူတူ ချိုးတာပါပဲ။ ဝိုင်နီလေးတစ်ခွက်စီနဲ့ Bathtub ထဲမှာ နှစ်ဦးသား တစ်နေ့လုံး ပင်ပန်းသမျှ ကောင်းကောင်းအနားယူ အပန်းဖြေလိုက်ပါ။
(၃) ဆွဲဆောင်မှုရှိတဲ့ နေရာလေးတစ်ခု ဖန်တီးပါ
Photo : Hitched
ရင်ခုန်စရာ မင်္ဂလာဦးည ဖြတ်သန်းမယ့် အိပ်ခန်းလေးဟာ ဆွဲဆောင်မှုအပြည့် ရှိနေသင့်ပါတယ်။ ဒါကြောင့် ဇနီးမောင်နှံနှစ်ဦး အချစ်ပင်လယ်ထဲ စီးမြောစိမ့်ဝင်မယ့် အချစ်အိပ်ခန်းလေးကို နှင်းဆီပန်းလေးတွေ ၊ ဖယောင်းတိုင်လေးတွေ ၊ ဝိုင်ခွက်လေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ နေရာလေးတစ်ခုအဖြစ် ဖန်တီးပြင်ဆင် ထားသင့်ပါတယ်။
(၄) Sexy ကျကျဝတ်ပါ
Photo : Wealthysinglemommy.com
မင်္ဂလာဦးည လေးမှာ အဝတ်အစားရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ တစ်ယောက်ကိုတစ်ယောက် ရင်ခုန်သံတွေမြန်စေမယ့် ဆွဲဆောင်မှုရှိတဲ့ Sexy ကျကျ အဝတ်အစားလေးတွေ ၊ အတွင်းခံတွေကို ဝတ်ဆင်ပါ။ အမှတ်ရစရာ ညလေးတစ်ညဖြစ်ဖို့ ပုံမှန်မြင်ဖူးနေကျ မဟုတ်တဲ့ ဆန်းဆန်းပြားပြား Sex ကျကျ Dress လေးတွေကို ရွေးချယ်ဝတ်ဖို့ လိုပါတယ်။
(၅) အကူပစ္စည်းလေးတွေ ဆောင်ထားပါ
Photo : Cool Material
မင်္ဂလာဦးည လေးအတွက် ပိုမို ရင်ခုန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်ကောင်းလေးတွေ ဖန်တီးဖို့ လိင်မှုဆိုင်ရာ အကူပစ္စည်းလေးတွေလည်း ရယ်ဒီဆောင်ထားသင့်ပါတယ်။ လူကြီးကစားစရာ အရုပ်လေးတွေ ၊ ချောဆီလေးတွေ စသည်ဖြင့်ပေါ့။ ဒါဟာ ကွီးတို့ရဲ့ မင်္ဂလာဦးညကို ဆန်းသစ်တဲ့ ခံစားမှုအတွေ့အကြုံတွေနဲ့ အမြဲအမှတ်ရနေစေမယ့် အမှတ်တရညလေး တစ်ညအဖြစ် ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။
Featured Photo : Katy Rose Photography