ကွီးတို့ကို ပျိုမေလေးတွေ ကြွေ သွားအောင် ကူညီပေးမယ့် လူကြီးလူကောင်း ဆန်တဲ့ အပြုအမူ တွေက ဘယ်လို အပြုအမူတွေလဲဆိုတာ ကွီးတို့ သိပြီးပါပြီလား။
အခုဖော်ပြပေးမယ့် အပြုအမူများကို ပြုလုပ်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ ခရက်ရှ်လေးက ကွီးတို့ကို တဖြုတ်ဖြုတ် ကြွေသွားမှာဖြစ်ပြီး ချစ်သူကောင်မလေး ပိုင်ဆိုင်ထားပြီးသား ဆိုရင်တော့ ကွီးတို့ ရှော်တီလေးက ကွီးတို့ကို အချစ်တွေ ပိုလို့တောင် တိုးလာမှာပါ။
ကွီးတို့ ရှော်တီလေးကို ဦးစားပေးခြင်း
တစ်ခုခုဆိုရင် သူ(မ)ကို ဦးစားပေးပါ။ လူအများကြားထဲမှာဆိုရင် ပိုလို့တောင် ဦးစားပေးရမှာ ဖြစ်ပါတယ်။ ဥပမာ ကားတံခါးလေး ဖွင့်ပေးတာမျိုး၊ သူ(မ) ထိုင်ဖို့အတွက် ထိုင်ခုံကို အရင်ဆုံး ပေးပြီးမှ ကွီးတို့က နောက်မှ ထိုင်တာမျိုး အစရှိတာတွေကို ပြုလုပ်ပေးပြီး သူ(မ)ကို ဦးစားပေးပါ။
သူ(မ) အကြိုက်များကို မှတ်ထားခြင်း
သူ(မ) ကြိုက်တတ်တဲ့အရာလေးတွေကိုလည်း အသေးအဖွဲကအစ မှတ်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် သူ(မ) စိတ်ဆိုး စိတ်ကောက်နေချိန်တွေမှာ သူ(မ) ကြိုက်တတ်တဲ့အရာများ၊ အစားအစာများနဲ့ ချော့မြှူနိုင်မှာပါ။ သူ(မ)ရဲ့ အကြိုက်ကို ဘာသိဘာသာပဲ လျစ်လျူရှုထားမယ်ဆိုရင်တော့ ကွီးတို့အပေါ်မှာ သူ(မ)ရဲ့ အချစ်တွေက လျော့သထက် လျော့လာမှာ ဖြစ်ပါတယ်။
သူ(မ) ပြောတာတွေကို ဂရုတစိုက် နားထောင်ခြင်း
တခါတလေမှာ သူ(မ) စိတ်ညစ်စရာ ရက်တွေ ရှိမှာပါပဲ။ ထိုကဲ့သို့ စိတ်ညစ်စရာများ စုပုံနေတဲ့ ရက်တွေမှာ သူ(မ) ရင်ဖွင့်တာတွေကို ဂရုတစိုက် နားထောင်ပေးပါ။ သာမန်ကာ လျှံကာ နားထောင်ပေးတာထက် ဂရုတစိုက် နားထောင်ပေးဖို့ လိုအပ်ပါတယ်။ သူ(မ)က ကွီးတို့ဆီက အကြံဥာဏ် လိုချင်တာထက် သူ(မ) ခံစားနေရတာတွေကို ရင်ဖွင့်ချင်တာက ပိုများပါတယ်။
သူ(မ)ကို အချစ်ခံရပါလားဆိုတဲ့ စိတ်မျိုး ဝင်အောင် ပြုမူဆက်ဆံခြင်း
အမျိုးသမီးတွေက သူ(မ)သည် အချစ်ခံရသူတစ်ယောက်ဖြစ်တယ်ဆိုတဲ့ စိတ်ကလေး ဝင်သွားရင် သူတို့ ကမ္ဘာကြီးက အေးချမ်းသွားပါပြီ။ ဒီလိုမျိုး ခံစားရအောင် ကွီးတို့ကပဲ စွမ်းဆောင်ပေးနိုင်တာပါ။ ဒါ့ကြောင့်မို့လို့ သူ(မ)ကို နူးညံ့ ညင်သာစွာ ဆက်ဆံတတ်ဖို့ လိုအပ်ပါတယ်။ ပျိုမေလေးတွေ ကြွေ တတ်တဲ့ လူကြီးလူကောင်း ဆန်တဲ့ အပြုအမူ များထဲက ဒီအချက်ကတော့ အရေးအကြီးဆုံးပါပဲ။
သူ(မ)ကို လှည့်စားတာမျိုး မဟုတ်ဘဲ အမြတ်တနိုးထားကာ ဆက်ဆံခြင်း
သူ(မ)ကို သတိရမှ ဖုန်းဆက်တာမျိုး၊ အကြာကြီးနေမှ တစ်ခါ ဆက်သွယ်တာမျိုး၊ လိုအပ်မှ ဆက်သွယ်တာမျိုး အစရှိတဲ့ အပြုအမူမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။ လိုသုံး ပုံစံ ဆက်ဆံနေမယ်ဆိုရင်တော့ ကွီးတို့ကို သူ(မ)က ဘယ်လောက်ပဲချစ်ချစ်၊ သူ(မ) မခံစားနိုင်တဲ့အချိန်ကျရင်တော့ ကွီးတို့ကို စွန့်ပစ်သွားမှာပါ။ ဒါ့ကြောင့် သူ(မ)ကို တကယ်ချစ်တယ်ဆိုရင် လှည့်စားတာမျိုး မပြုလုပ်ဘဲ အမြတ်တနိုး တန်ဖိုးထားကာ ပြုမူဆက်ဆံပေးလိုက်ပါ။
ကွီးတို့ရော ကိုယ့်ရှော်တီလေးအပေါ် ကြင်ကြင်နာနာ ဆက်ဆံရဲ့လား။
Source : Lovepanky
Featured Photo : Millennialgentleman