ကခုန်ခြင်းသည် ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကို ကျစ်လျစ်သွယ်လျစေပါတယ်။ ဒီလိမျိုး ကခုန်ရတာလည်း ဝါသနာပါပြီး ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားချင်တဲ့ ကွီး တို့အတွက် အဆီကျသွားစေမယ့် Zumba လေ့ကျင့်ခန်း များရှိပါတယ်။

ကွီး တို့သည် Zumba လေ့ကျင့်ခန်း များကို မှန်မှန်ဆော့ကစားပေးတဲ့အခါ အဆုတ်နှင့် နှလုံးကျန်းမာရေး ပိုမိုကောင်းမွန်လာခြင်း၊ သက်လုံကောင်းကာ အမောခံနိုင်ခြင်း၊ အရိုးအဆစ်များ သန်မာလာခြင်း၊ ကြွက်သားများ ကျစ်လျစ်သန်မာလာခြင်းနှင့် ကိုယ်အလေးချိန်ကျစေခြင်း အစရှိတဲ့ကောင်းကျိုးများကို ရရှိခံစားစေနိုင်ပါတယ်။

ကွီး တို့အနေနဲ့ Zumba လေ့ကျင့်ခန်း များ ပြုလုပ်တဲ့အချိန်မှာလည်း မိမိကြိုက်နှစ်သက်ရာ သီချင်းများ ဖွင့်ထားကာ ကခုန်ဆော့ကစားနိုင်ပါတယ်။

ဘယ်လို Dance Move တွေ အသုံးပြုပြီး Zumba ကစားနိုင်မလဲဆိုတာကို အခုပဲဖော်ပြပေးလိုက်ရပါတယ်။

လေ့ကျင့်ခန်း (၁)

ကွီး Zumba လေ့ကျင့်ခန်း

Source: Tenor

ခန္ဓာကိုယ်ကို ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်ဖြင့် ပုံထဲက ကကွက်များအတိုင်း အလိုက်သင့်လေး ဆော့ကစားပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

ကွီး Zumba လေ့ကျင့်ခန်း

Source: Gfycat

ဒါကတော့ နောက်ကကွက်တစ်မျိုးပဲဖြစ်ပါတယ်။ ဘယ်ဒူးကို ဘယ်သို့ ကားထုတ်ပါ။ တစ်ဖန် ညာဒူးကို ညာသို့ ကားထုတ်ပြီး ပုံပါအတိုင်း ဆော့ကစားပေးရမှာပါ။

လေ့ကျင့်ခန်း (၃)

ကွီး Zumba လေ့ကျင့်ခန်း

Source: Gfycat

ဒီကကွက်ကတော့ အနည်းငယ်မြန်ဆန်တာကြောင့် ပိုမိုသွက်သွက်လက်လက်လှုပ်ရှားပေးရမှာဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ ပြင်းပြင်းထန်ထန်လှုပ်ရှားနိုင်လေ ပိုမိုဝိတ်ကျလေပါပဲ။

လေ့ကျင့်ခန်း (၄)

dance move for zumba

Source: Gfycat

လက်နှစ်ဖက်ကို အပေါ်မြှောက်ကာ တင်ပါးကို နောက်ပစ်ပြီး ခြေထောက်နှစ်ဖက်ကို ဘယ် ညာ ရွေ့ပေးရမယ့် ကကွက်တစ်ခုဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

dancing exercises

Source: Make A Gif

အရင်ဦးဆုံး မတ်တပ်ရပ်နေပါ။ ထို့နောက် ဒူးကွေးကာ လက်နှစ်ဖက်ကို ဘယ်ကနေ ညာသို့ ရွေ့လိုက်ပါ။ တစ်ဖန်ဒူးပြန်ဆန့်လိုက်ပါ။ ပြီးရင်တော့ ဒူးထပ်ကွေးကာ လက်နှစ်ဖက်ကို ညာကနေ ဘယ်သို့ ရွေ့လိုက်ပါ။ ဒူးပြန် ဆန့်တန်းလိုက်ပါ။

လေ့ကျင့်ခန်း (၆)

dancing exercises

Source: Make A Gif

နောက်ဆုံး လေ့ကျင့်ခန်းကိုတော့ အခက်ဆုံး ကကွက်လေးများနဲ့ အဆုံးသတ်လိုက်ပါ။

Dance Move တစ်ခုချင်းစီ (လေ့ကျင့်ခန်းတစ်ခုချင်းစီ)ကို ၅ မိနစ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Featured Image Source: Magicpin