နေ့တစ်နေ့ကို စွမ်းအင်အပြည့်နဲ့ ရွှင်လန်းတက်ကြွနေချင်တယ်ဆိုရင် ဘယ်လိုအချက်တွေကို သိထားသင့်သလဲ။ ကွီးတို့ရဲ့ စိတ် စွမ်းအင် များ မြှင့်မားလာအောင် ဘယ်လို နည်းလမ်း ကောင်းများဖြင့် လုပ်ဆောင်နိုင်မလဲ။

စိတ်စွမ်းအင် ဆိုတာကတော့ တစ်စုံတစ်ခုကို လုပ်ချင်စိတ်ပြင်းပြခြင်း၊ တိုးတက်အောင်မြင်လိုစိတ် ပြင်းပြခြင်း၊ ပျင်းရိပျင်းတွဲမဟုတ်ဘဲ လုပ်ငန်းဆောင်တာများ လုပ်ဆောင်လိုစိတ် မြင့်မားခြင်း အစရှိသည်တို့ကို ဆိုလိုတာဖြစ်ပါတယ်။ လူတစ်ယောက်မှာ တစ်နေ့တာအတွင်း ထိုကဲ့သို့သော စိတ်စွမ်းအင်များ ပြည့်နှက်နေခြင်းသည် အချိန်အကန့်အသတ်ရှိပါတယ်။ သင့်ရဲ့ Productivity နှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းများ လျော့ကျသွားတဲ့အခါမှာတော့ စိတ်စွမ်းအင်များလည်း ထိုနေ့တာအတွက် ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။

သင့်ရဲ့ စိတ် စွမ်းအင် ကို အကျိုးရှိရှိ အသုံးချပြီး တန်ဖိုးရှိတဲ့ နေ့တစ်နေ့၊ Productive ဖြစ်တဲ့ နေ့တစ်နေ့ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်း ကောင်းများကို အသုံးချနိုင်ပါတယ်။ ဒီနည်းလမ်းများကို အသုံးချမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ပျင်းရိငြီးငွေ့ခြင်း၊ အချိန်ဆွဲတတ်ခြင်း၊ ကိုယ့်ကိုယ်ကို အလိုလိုက်ခြင်း အစရှိတဲ့ အရာများကနေ ကယ်တင်နိုင်မှာဖြစ်ပါတယ်။

ဗိုက်ဆာနေတဲ့အချိန်မှာ အလုပ် မလုပ်ပါနဲ့

စိတ် စွမ်းအင် နည်းလမ်း

သင် ဗိုက်ဆာနေချိန်မှာ အလုပ်ကို ဘယ်လောက်ပဲ အာရုံစိုက်ပြီး လုပ်ဆောင်နေပါစေ ဘယ်လိုမှ လုပ်ဆောင်လို့ရမှာမဟုတ်ပါဘူး။ ဗိုက်ဆာနေချိန်တွင် သင့်ရဲ့ စိတ်ဓာတ် တက်ကြွနေမှုသည် ပျောက်ဆုံးနေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အရင်ဦးဆုံး အစားတစ်ခုခု ထစားလိုက်ပါ။ ထို့နောက် အလုပ်ကို အာရုံပြန်လည်စူးစိုက်ကာ လုပ်ဆောင်လိုက်ပါ။

သင် တစ်ခုခု စားသောက်ပြီးတဲ့အခါမှာတော့ သင့်ရဲ့ ခန္ဓာကိုယ်သည် ထိုအစာကို ကလူးကို့စ် အဖြစ်သို့ပြောင်းလဲပစ်လိုက်မှာဖြစ်ပြီး သင့်ရဲ့ ဦးနှောက်က ထိုမှတဆင့် စွမ်းအင်အဖြစ် ပြောင်းလဲလိုက်မှာဖြစ်ပါတယ်။

ကလူးကို့စ်သည် သင့်ဦးနှောက်ရဲ့ အဓိက စွမ်းအင်အရင်းအမြစ်ပဲဖြစ်ပါတယ်။ ထိုအရာသည် သင့်ဆီမှာ စိတ်ဓာတ် တက်ကြွမှု ဘယ်လောက်ရှိသလဲဆိုတာကိုလည်း ဖော်ပြနေတာဖြစ်ပါတယ်။ သင် ဗိုက်ဆာနေတဲ့အချိန်မှာ သင့် ဦးနှောက်ထဲတွင် လုံလောက်တဲ့ ကလူးကို့စ်နှင့် စွမ်းအင်များ မရှိတဲ့အတွက်ကြောင့် သင့်ကိုယ်သင်လည်း ထိန်းချုပ်ဖို့ ခက်ပါလိမ့်မယ်။ ဒါ့ကြောင့်မို့လို့ ဗိုက်ဆာနေချိန်မှာ မည်သည့်ဆုံးဖြတ်ချက်ကိုမှ မချမှတ်သင့်တာဖြစ်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ မှန်ကန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်များကို ချမှတ်ဖို့ရန်အတွက် သင့်မှာ လုံလောက်တဲ့စွမ်းအင် မရှိလို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဗိုက်ဆာချိန်မှာ တစ်ခုခု ထစားလိုက်ပါ။ ပြီးမှ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်ပေးလိုက်ပါ။

တစ်ပြိုင်နက်တည်းမှာ အလုပ်တွေကို ပြိုင်မလုပ်ပါနဲ့

စိတ် စွမ်းအင် နည်းလမ်း

တစ်ပြိုင်နက်တည်းမှာ အလုပ်တွေ ပြိုင်တူလုပ်ဆောင်ခြင်းသည် အလုပ်မြန်မြန်ပြီးမြောက်တယ်လို့ သင် ထင်ကောင်းထင်ပါလိမ့်မယ်။ သို့သော် ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် သင့်ကို စိတ်ဖိစီးမှုများ ခံစားရစေပြီး စိတ်စွမ်းအင်များကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ တစ်ပြိုင်နက်တည်းမှာ အလုပ် နှစ်ခု၊ သုံးခု ပြိုင်လုပ်ခြင်းကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် အလေ့အကျင့်ဆိုးများကို ပြင်တဲ့အခါမှာလည်း နည်းနည်းချင်းစီသာ ပြင်ဆင်ရမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နည်းနည်း နည်းနည်းချင်းစီ ပြင်ဆင်တဲ့အခါမှာလည်း ပိုပြီး အောင်မြင်နိုင်ချေများပါတယ်။ တစ်ပြိုင်နက်တည်းမှာ ကိုယ့်ကိုယ်ကိုယ် အတင်းဖိအားပေးမိမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်ပြီး စိတ်ဓာတ်ကျခြင်းနဲ့ပဲ ပြန်လည်ရင်ဆိုင်ရပါလိမ့်မယ်။

နောက်မှ ဆိုတဲ့ စကားဖြင့် ကိုယ့်ကိုယ်ကို အလိုမလိုက်မိပါစေနဲ့

စိတ် စွမ်းအင် နည်းလမ်း

အချိန်ရှိသေးတာပဲ နောက်မှ လုပ်မယ်ဆိုတဲ့ စကားဖြင့် အချိန်ဆွဲကာ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တတ်ကြပါတယ်။ ဒီလိုအချိန်ဆွဲခြင်းသည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်တာနဲ့အတူတူပါပဲ။ ထိုကဲ့သို့ “နောက်မှ” ဆိုတဲ့ အတွေးမျိုး ဝင်လာတဲ့အခါ “အခု” ဆိုတဲ့ အတွေးဖြင့် ပြန်လည်အနိုင်ယူဖို့လိုအပ်ပါတယ်။ နို့မဟုတ်ရင် သင့်ရဲ့ အလုပ်များသည် အချိန်မှီပြီးမြောက်နိုင်မှာမဟုတ်ဘဲ ရရှိလာတဲ့ ရလာဒ်သည်လည်း သင့်အတွက် ကောင်းမှာမဟုတ်ပါဘူး။ ကြိမ်ဖန်များလာတဲ့အခါ သင့်အနာဂတ်အတွက် ဆုတ်ယုတ်မှုများသာဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် အလိုမလိုက်မိစေဘဲ စည်းကမ်းကြပ်မတ်ဖို့လိုအပ်ပါတယ်။

သင့်ရဲ့ ဘဝကို ပြောင်းလဲဖို့ဆိုရင် သင့်ရဲ့ပတ်ဝန်းကျင်ကို အရင်ဆုံး ပြောင်းလဲပစ်ပါ

change your environment

ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ မကောင်းမြင်တဲ့သူတွေ၊ ကိုယ့်ကို မနာလိုမုန်းတီးနေတဲ့သူတွေ၊ ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေ ပြည့်နှက်နေသလား ပြန်ဆန်းစစ်ကြည့်ပါလား။ ကိုယ့်ကို အားပေးမယ့်သူတွေ၊ အားတက်စေမယ့်သူတွေကိုသာ ကိုယ့်အနားမှာ ထားပေးဖို့လိုပါတယ်။ မကောင်းမြင်စိတ် ပြည့်နှက်နေသူများသည် ကိုယ့်ကို စိတ်ဓာတ်ကျနေစေမှာဖြစ်ပြီး ကိုယ့်ရဲ့ စိတ် စွမ်းအင် တွေကို လျော့ကျစေမယ့်သူတွေပဲဖြစ်ပါတယ်။ သူတို့ကို ကိုယ့်ဘဝထဲကနေထုတ်ပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်လိုက်ပါ။ ဒီအချက်သည်လည်း သင့်ရဲ့ စိတ် စွမ်းအင် ကို မြင့်တက်လာအောင် ကူညီပေးနိုင်တဲ့ နည်းလမ်း ကောင်းတစ်ခုပဲဖြစ်ပါတယ်။

စိတ်စွမ်းအင်များ တိုးမြှင့်လာဖို့ရန်အတွက် အချိန်ယူကာ တည်ဆောက်ပါ

confident man

ဘယ်အရာမဆို အချိန်ယူကာ တည်ဆောက်ရတာဖြစ်ပါတယ်။ စိတ်စွမ်းအင်သည် အချိန်ယူကာ တည်ဆောက်ရတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကာ အလေ့အကျင့်ကောင်းများ ပြုလုပ်ကြည့်ပါ။ အလေ့အကျင့်ကောင်းတစ်ခု စွဲကပ်သွားဖို့ဆိုရင် ၂၁ ရက်အချိန်ယူရပါတယ်။ သင်သည်လည်း ၂၁ ရက်ကြာသွားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တဲ့ အလေ့အကျင့်ကောင်းတစ်ခု စွဲကပ်သွားမှာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းဖြင့် သင့်ရဲ့ စိတ်စွမ်းအင်များကို မြင့်မားလာအောင် ဖန်တီးနိုင်ပြီပဲဖြစ်ပါတယ်။

Source: Alifeofproductivity

Featured Image: Addictioncenter