ကွီး တို့အတွက် အိမ်ထောင် တစ်ခု ထာဝစဉ် တည်တံ့ခိုင်မြဲဖို့ဆိုရင် သိထားသင့်တဲ့ လျှို့ဝှက်ချက် များ၊ ဆောင်ရန်ရှောင်ရန်များ ရှိပါတယ်။ ထိုအရာများကို နှစ်ယောက်သား အပေးအယူမျှစွာ လုပ်ဆောင်နိုင်မှသာလျှင် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်တစ်ခု ထူထောင်နိုင်မှာဖြစ်ပါတယ်။

ကွီး တို့အတွက် ထာဝစဉ်တည်တံ့ခိုင်မြဲတဲ့ အိမ်ထောင် တစ်ခုဖြစ်ဖို့ရန်အတွက် ဘယ် လျှို့ဝှက်ချက် တွေက ကူညီပေးနိုင်မလဲ။

သူ(မ)ကို စိတ်ခွန်အားဖြစ်စေဖို့ဆိုပြီး မခံချိမခံသာဖြစ်အောင် ပြောဆိုခြင်းမျိုး ရှောင်ကြဉ်ပါ

ကွီး လျှို့ဝှက်ချက်

Photo: Therapy

လူတစ်ယောက်သည် သူ့အရည်အချင်းနဲ့သူ သူ့စွမ်းဆောင်ရည်နဲ့သူ ရှိပါတယ်။ ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ် မျှော်မှန်းထားသလို ဖြစ်မလာတဲ့အခါ သူ(မ)ကို ဒီ့ထက်ပိုပြီး ကြိုးစားချင်စိတ်ဖြစ်အောင်စေပြီး မခံချိမခံသာအောင် ပြောဆိုတာမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။

သင့်အနေနဲ့ မခံချိမခံသာအောင် ပြောလိုက်ပေမယ့် တစ်ဖက်သားမှာ စိတ်ဒဏ်ရာ အနာတရများ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအချက်ကို ရှောင်ကြဉ်သင့်ပါတယ်။

အပြန်အလှန်လေးစားသမှုရှိပါ

ကွီး လျှို့ဝှက်ချက်

မည်သည့်ဆက်ဆံရေးမဆို အပြန်အလှန်လေးစားမှုရှိဖို့လိုပါတယ်။ ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်ထက် အသက်ငယ်လို့ဆိုပြီး မလေးမစားဆက်ဆံတာမျိုးကို မပြုလုပ်ရပါဘူး။ အထူးသဖြင့် ကိုယ့်သားသမီးတွေ၊ တူ/တူမတွေ ရှေ့မှာပါ။ ကိုယ့်ဘက်က လေးစားသမှုထားပြီး ဆက်ဆံမှသာလျှင် သူ့ရဲ့လေးစားမှုကိုလည်း ပြန်လည်ရရှိမှာဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်လို့ ပြောဖို့မမေ့ပါနဲ့

ကွီး လျှို့ဝှက်ချက်

ချစ်ခြင်းမေတ္တာသည် ကွီး တို့အတွက် အိမ်ထောင် တစ်ခု ထာဝစဉ်တည်မြဲဖို့ ကူညီပေးမယ့် အဓိက လျို့ဝှက်ချက် တစ်ခုပဲဖြစ်ပါတယ်။ တချို့အိမ်ထောင်ဖက်များသည် အိမ်ထောင်သက်ကြာလာသည်နှင့်အမျှ အိမ်ထောင်ပြုခါစကလို ရိုမန့်တစ်ဆန်တာမျိုး၊ နုရွနေတာမျိုး မရှိတော့ပါဘူး။ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်လို့ ပြောဖို့လည်း မေ့နေတတ်ကြပါတယ်။ တကယ်တော့ အိမ်ထောင်သက် ကြာသည်ဖြစ်စေ၊ နုသည်ဖြစ်စေ ချစ်တယ်လို့ အပြောခံရခြင်းသည် ကိုယ့်ရဲ့လက်တွဲဖော်ကို ဘာနဲ့မှ မလဲနိုင်တဲ့ ပျော်ရွှင်မှုမျိုးကို ခံစားရစေပါတယ်။

တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမပါ

couple

ကိုယ့်ရဲ့ လက်တွဲဖော်က ဝမ်းနည်းအားငယ်နေသလား။ စိတ်ဖိစီးနေသလား။ အိမ်အလုပ်များ၊ ရုံးအလုပ်များကြောင့် ပင်ပန်းနေသလား စတာတွေကို မျက်ခြေမပြတ် အကဲခတ်တတ်ဖို့လိုအပ်ပါတယ်။ သင့်လက်တွဲဖော်က သူ့ရဲ့စိတ်ဖိစီးစရာများကို သင့်ကိုမပြောပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ထိုအချိန်မျိုးမှာ သင့်အနေနဲ့ အလိုက်သိစွာဖြင့် ကူညီဖေးမပြီး အားပေးစကားဆိုသင့်ပါတယ်။ ဒါမှ သူ့ရဲ့ ဝမ်းနည်းအားငယ်စရာများ၊ ပူပန်စရာများ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

တစ်ဖက်သားက တတ်စွမ်းသမျှ လုပ်ပေးတာကို အသိအမှတ်ပြုပါ၊ တန်ဖိုးထားပါ

couple

နှစ်ပတ်လည်နေ့၊ အမှတ်တရနေ့ရက်များ (သို့) မွေးနေ့မှာ ဒါလေးပဲ ဝယ်ပေးတာလား။ ဒီလောက်ပဲ လုပ်ပေးနိုင်တာလား စတဲ့ တစ်ဖက်သားရဲ့ အပြုအမူကို တန်ဖိုးမထားခြင်းမျိုး ရှောင်ကြဉ်ရပါမယ်။ သူ(မ) လုပ်ပေးတဲ့အရာ၊ ပေးတဲ့ လက်ဆောင်တွေရဲ့ ငွေကြေးတန်ဖိုး အနည်းအများကို အကဲမဖြတ်ဘဲ သူ့ရဲ့ စိတ်ထဲက သတိတရရှိပေးတာ၊ စေတနာချစ်ခြင်းတရားကို သိမြင်တတ်ဖို့ လိုအပ်ပါတယ်။

နှစ်ဦးသား ပွင့်ပွင့်လင်းလင်းရှိပါစေ

couple

တစ်ယောက်နဲ့တစ်ယောက် ဒီအချက်ကိုတော့ မကြိုက်ဘူး။ ဒီအကျင့်ဆိုးကိုတော့ မကြိုက်ဘူး စသည်ဖြင့် ပွင့်ပွင့်လင်းလင်းပြောဆိုသင့်ပါတယ်။ လက်တွဲဖော်နှစ်ဦးကြား မည်သည့်လျှို့ဝှက်ချက်မှ မထားဘဲ ရိုးရိုးသားသား ဆက်ဆံဖို့ လိုအပ်ပါတယ်။ စိတ်ထဲမှာ အချိန်အကြာကြီး တေးထားတဲ့အခါ သင့်ရဲ့ သည်းခံနိုင်စွမ်း ကျော်လွန်သွားမယ်ဆိုရင်တော့ ဗူဖောင်းတစ်လုံးကို ဘောင်းခနဲ ပေါက်ထွက်သွားတဲ့အချိန်မှာ သင်တို့ အနှစ်နှစ် အလလက တည်ဆောက်ခဲ့တဲ့ အိပ်ထောင်ရေးသည် ပြိုကွဲသွားပါလိမ့်မယ်။

ဒီအချက်လေးတွေကို သတိထားပေးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အိမ်ထောင်ရေးသည် ချစ်ခြင်းတရားတွေနဲ့ ပြည့်နှက်နေပြီး ထာဝစဉ် တည်တံ့ခိုင်မြဲနေမှာဖြစ်ပါတယ်။

Source: Inc

Featured Image: Psypost