ကွီးတို့ရေ ပေါ့ပေါ့ပါးပါး ဝတ်လို့ရတဲ့ ဘောင်းဘီတို Shorts တွေကို ကြိုက်နှစ်သက်ပါသလား။ ဒီလို ပူပြင်းတဲ့ နိုင်ငံမျိုးနဲ့ဆို ဘယ်လို ရာသီပဲရောက်ရောက် ဝတ်ဆင်ဖို သင့်တော်ပါတယ်။ ဒါပေမဲ့  ကွီးတို့ အလုပ်လုပ်ရတဲ့ လုပ်ငန်းခွင်ကြောင့်သော်လည်းကောင်း၊ သွားရတဲ့နေရာ တွေကြောင့် ဘောင်းဘီတိုတွေကို ကြိုက် နှစ်သက်ပေမဲ့ ရွေးချယ်ဖို့ လက်တွန့်မိကြမှာပါ။ ဒါပေမဲ့ ဒီနေ့ခေတ် ဖက်ရှင် ရေစီကြောင်းအရ လွတ်လပ်ပေါ့ပါးမှုကိုလည်း အသားပေးလာတာ တွေ့ရမှာပါ။ ဒါကြောင့် လွတ်လပ်ပေါ့ပါးတဲ့ Shorts တွေနဲ့ ကွီးတို့ ဘယ်လို လိုက်ဖက်ညီပြီး ကြည့်ကောင်းအောင် ဝတ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။ ဒါကြောင့် ကွီးတို့အတွက် Shorts နဲ့ ကြည့်ကောင်းစေဖို့ ဝတ်ဆင်ရမဲ့ Style ၃ မျိုး ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Causal

ကွီးတို့အတွက် Shorts

Photo : AVIFAUNA

ကွီးတို့အတွက် Shorts တွေနဲ့ဆို လွတ်လပ်ပြီး ပေါ့ပေါ့ပါးပါး အသွင်အပြင်တစ်ခုကို ဆောင်ပါတယ်။ ကွီးတို့အနေနဲ့ Shorts တွေကို ရိုးရိုး ရှပ်အင်္ကျီတစ်ထည် ကို ကြယ်သီးအပြည့်မတတ်ဘဲ ဝတ်ဆင်ပါ။ အင်္ကျီကို ဘောင်းဘီထဲ မြှပ်၍ဖြစ်စေ၊ ထုတ် ၍ဖြစ်စေ ကွီးတို့ စိတ်ကြိုက် ဝတ်ဆင်လို့ ရပါတယ်။ ကွီးတို့ သွားမဲ့နေရာ ကိုလိုက်ပြီး နေကာမျက်မှန် နဲ့လည်း Style ကျအောင် တွဲဖက်ဝတ်ဆင်ပါ။ Espadrilles သို့မဟုတ် Boat Shoes တစ်ရံက ကွီးတို့ရဲ့ အသွင်အပြင်ကို မြှင့်တင်ပေးပြီး ပိုမိုဆွဲဆောင်မှု ရှိတဲ့ ရွေးချယ်မှု တစ်ခုဖြစ်စေမှာပါ။

(၂) Smart Casual

FASHION

Photo : StylesGods

ဘောင်းဘီတိုများက ပေါ့ပါးလွတ်လပ် သော်လည်း နေရာဒေသအလိုက် မှန်ကန်တဲ့ ဝတ်စားဆင်ယင်ပုံဖြစ်ဖို့ လိုအပ်ကြောင်းသိရှိထားရန်လိုပါတယ်။ ကွီးတို့အနေနဲ့ Shorts တွေနဲ့ ပွဲတတ်ပုံစံဝတ်ဆင်တော့မယ်ဆိုရင် သေချာစွာစဥ်းစားရွေးချယ်ရန် အရေးကြီးပါတယ်။ ပေါ့ပေါ့ပါးပါး ပွဲတစ်ခုအတွက် ကွီးတို့က ဘောင်းဘီတို (Shorts) တွေကို ရှပ်အင်္ကျီ တစ်ထည် အပေါ်မှ ရိုးရိုးရှင်းရှင်း Blazer နဲ့လည်းကောင်း သိုမဟုတ် Coat နဲ့လည်းကောင်း ဝတ်ဆင်နိုင်ပါတယ်။ Loafers နှင့် Sneakers တွေကလည်း ပေါ့ပါးတဲ့ပွဲအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုပုံစံ ဝတ်ဆင်ခြင်းက ကွီးတို့အတွက် Shorts နဲ့ပဲဖြစ်ပါစေ Formal ကျတဲ့ပုံစံရစေပြီး ဆွဲဆောင်မှုရှိစေပါတယ်။

(၃) Sports Luxe

FASHION

Photo : The Trend Spotter

ပြီးပြည့်စုံသော Sport Luxe နဲ့ ပတ်သတ်လာလျှင် သက်တောင့်သက်သာရှိသော Shorts များက တကယ်ကို အရေးကြီးတဲ့ အခန်းကဏ္ဍက ပါသော်လည်း ဝတ်ဆင်တဲ့ပုံစံက အဓိက ကျပါတယ်။ ကွီးတို့ နေ့စဉ်ဝတ်ဆင်တဲ့ အားကစားပုံစံကနေ Shorts တွေကိုဘယ်လိုပုံစံမျိူးနဲ့ တွဲဆက် ဝတ်ဆင်ရမလဲဆိုတဲ့ Idea ကိုရစေပါတယ်။ Shorts တွေကို Bombers Jackets နဲ့ဖြစ်စေ၊ White Trainers တွေနဲ့ဖြစ်စေ ဆန်းသစ်တဲ့ဒီဇိုင်းရှိတဲ့ Baseball ဦးထုတ်နဲ့ ဖြစ်စေ တွဲဖက်ဝတ်ဆင်ပါ။ တကယ်ကို မတူညီ ကွဲပြားတဲ့ ပေါ့ပါးလွတ်လပ်ပြီး Fashion ကျ ပုံစံကို ရစေပါတယ်။

ယခု ဖော်ပြပေးလိုက်တာ ကတော့ ကွီးတို့အတွက် Shorts နဲ့ ကြည့်ကောင်းစေဖို့ ဝတ်ဆင်ရမဲ့ Style (၃) မျိုးပဲဖြစ်ပါတယ်။ ကွီးတို့လည်း Shorts တွေဝတ်ဖို့ မတွန့်ဆုတ်ဘဲ ယခုဖော်ပြပေးသလိုပုံစံမျိုးနဲ့ တွဲဖက်ဝတ်ဆင်ကြည့်ပါ။

Source : The Trend Spotter

Featured Photo : Watch