Gym သွားကာ Workout များ သွားရောက် ဆော့ကစားခြင်းသည် ကြွက်သားများကို သန်မာလာအောင် ကူညီပေးပါတယ်။ ဒါတင်မကသေးပါဘူး။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ခန္ဓာကိုယ် ကို ပေါ့ပါးလန်းဆန်းစေပြီး စွမ်းအင် များ ပြည့်ဝလာအောင် ကူညီပေးပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ တနေ့တာကို လန်းဆန်းတက်ကြွစွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းများ မပြုလုပ်ခင်မှာ အရင်ဦးဆုံး ခန္ဓာကိုယ် ကို သွေးပူလေ့ကျင့်ခန်း ပြုလုပ်ကာ အစပြုလိုက်ပါ၊ စွမ်းအင် များ ပြည့်ဝလာအောင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

man workout

Source: Foodspring

အဆင့် (၁) ကြမ်းပြင်ပေါ်မှာ လေးဖက်ထောက်လိုက်ပါ။

အဆင့် (၂) ညာဒူးကို အရှေ့သို့ ဆွဲယူကာ ၉၀ ဒီဂရီဖြစ်အောင် ဒူးထောက်ထားပါ။ ထို့နောက် ညာလက်ကို အပေါ်သို့ မြှောက်လိုက်ပါ။ ထို့နောက် လက်ပြန်ချပြီး ဘယ်လက်ကို အပေါ်သို့ မြှောက်လိုက်ပါ။ ထို့နောက် ခြေထောက်ကို အနောက်ပြန် ရွေ့လိုက်ပါ။

အဆင့် (၃) ဘယ်ဒူးကို အရှေ့သို့ ဆွဲယူပြီး ဒူးကို ၉၀ ဒီဂရီဖြစ်အောင် ကွေးလိုက်ပါ။ ထို့နောက် လက်နှစ်ဖက်ကိုလည်း စောစောကအတိုင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ထိုအဆင့်အထိပြီးသွားပါက တစ်ကြိမ်ပြည့်ပြီလို့ သတ်မှတ်ရပါမယ်။ ထို့နောက် ၁၂ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

man workout

Source: Foodspring

အဆင့် (၁) ကြမ်းပြင်ပေါ်မှာ ခြေထောက်နှစ်ဖက်ကားကာ မတ်တပ်ရပ်နေပါ။

အဆင့် (၂) ခန္ဓာကိုယ် အပေါ်ပိုင်းကို ကွေးကာ ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

man workout

Source: Menshealth

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို ကားနိုင်သလောက် ကားကာ မတ်တပ်ရပ်နေပါ။

အဆင့် (၂) ညာဒူးကို ကွေးချလိုက်ကာ ဘယ်ခြေက တဖြောင့်တည်း ဆန့်တန်းသွားရမှာပဲဖြစ်ပါတယ်။ ထို့နောက် မူလအနေအထားအတိုင်း ခြေထောက်ကားကာ ပြန်မတ်တပ်ရပ် ရပါမယ်။

အဆင့် (၃) ဘယ်ဒူးကို ကွေးချကာ ညာခြေကို တဖြောင့်တည်း ဆန့်ဆန်းရပါမယ်။ ဘယ်ညာ တစ်ဖက်စီကို တစ်ကြိမ်လို့ သတ်မှတ်ရပါမယ်။

စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

ခန္ဓာကိုယ် စွမ်းအင်

Source: Sg.news.yahoo

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားကာ မတ်တပ်ရပ်နေပါ။

အဆင့် (၂) ညာဒူးကို ကွေးကာ ဘယ်ခြေကို ကြမ်းပေါ်ကနေကြွပြီး အရှေ့တည့်တည့်သို့ ဆန့်တန်းလိုက်ပါ။

ထို့နောက် မူလအနေအထားအတိုင်း မတ်တပ်ပြန်ရပ်ပါ။

စုစုပေါင်း ၁၂ ကြိမ် ပြုလုပ်ပါ။

သတ်မှတ်အကြိမ်ရေ ပြည့်ပါက ခြေထောက်နှစ်ဖက်ကို ဘက်ပြောင်းကာ ၁၂ ကြိမ် ပြုလုပ်ရပါမယ်။ ထိုအဆင့်အထိပြီးပါက ၁ ကျော့ ပြည့်သွားပြီ ဖြစ်ပါတယ်။ နောက်ထပ် ၃ ကျော့ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

ခန္ဓာကိုယ် စွမ်းအင်

Source: Train Daily

အဆင့် (၁) လက်နှစ်ဖက်ကို နောက်ပြန်ထောက်ထားပြီး ဒူးနှစ်ဖက်ကို ထောင်ထားကာ ခြေထောက်နှစ်ဖက်ကို ကားထားပါ။

အဆင့် (၂) ထို့နောက် ခြေထောက်နှစ်ဖက်ကို ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ ဘယ်ညာကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၂ ကြိမ်၊ ၄ ကျော့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းသည် ခန္ဓာကိုယ် တစ်ခုလုံးရှိ အကြောအခြင်များကို ပြေလျော့စေပြီး စွမ်းအင် များ ပြည့်ဝလာအောင် ကူညီပေးပါတယ်။

လေ့ကျင့်ခန်း (၆)

ခန္ဓာကိုယ် စွမ်းအင်

Source: MIT Recreation

အဆင့် (၁) ကြမ်းပြင်ပေါ်မှာ လေးဖက်ထောက်အနေအထားဖြင့် အသင့်ပြင်ထားပါ။

အဆင့် (၂) ဘယ်လက်ကို အရှေ့သို့ မြှောက်လိုက်တဲ့အချိန် တစ်ပြိုင်နက်တည်းမှာပဲ ညာခြေကို နောက်သို့ ဆန့်တန်းလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။

အဆင့် (၃) ညာလက်ကို အရှေ့သို့ မြှောက်ကာ ဘယ်ခြေကို နောက်သို့ ဆန့်တန်းလိုက်ပါ။ တစ်ကြိမ်ပြည့်သွားပြီပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၇)

ခန္ဓာကိုယ် စွမ်းအင်

Source: Flab Fix

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားကာ အသင့်ပြင်ထားပါ။

အဆင့် (၂) ခြေထောက်နှစ်ဖက်ကို ကြွပြီး ခုန်လိုက်ပါ။

စုစုပေါင်း ၁၂ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၈)

ခန္ဓာကိုယ် စွမ်းအင်

Source: Flab Fix

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို ချဲထားကာ လက်နှစ်ဖက်ကို စုထားပြီး အပေါ်မြှောက်ထားပါ။

အဆင့် (၂) လက်နှစ်ဖက်ကို ဘယ်ဘက်သို့ စောင်းချလိုက်ကာ ဘယ်ခြေကို အပေါ်သို့ မြှောက်လိုက်ပါ။ စုစုပေါင်း ၁၂ ကြိမ် ပြုလုပ်ပါ။

ထို့နောက် ခန္ဓာကိုယ်ကို ဘက်ပြောင်းကာ ဆက်လက်ပြုလုပ်ပေးရပါမယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပါ။

Source: Brightside.me

Featured Image: Freepik