Total-Body Strength ကို တိုးစေဖို့အတွက် ကွီးတို့ လေ့ကျင့်ခန်းတွေ အများကြီး လုပ်စရာမလိုပါဘူး။ ရိုးရှင်းပြီး လွယ်ကွယ်တဲ့ လေ့ကျင့်ခန်း ၃/၄ ခုလောက်ို ပုံမှန်လေး ကစားရုံနဲ့ ကွီးတို့ ခန္ဓာကိုယ် ဟာ ကြံ့ခိုင်မှုပြီး ကျစ်လစ်သန်မာ လာစေမှာပါ။ ကွီးတို့ အိမ်မှာပဲ အလွယ်တကူ ကစားလို့ရမယ့် Total-Body Strength အတွက် အကောင်းဆုံး လေ့ကျင့်ခန်း ၄ ခုကို ဒီဆောင်းပါးမှာ ပြောပြပေးပါမယ်။
(၁) Squats
Photo : Eat This Not That
Squats ကတော့ Powerful အဖြစ်ဆုံး Full-Body Exercise တစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ပေါင်နဲ့ တင်ပါးဆုံ ကြွက်သား ၊ ဝမ်းဗိုက်နဲ့ ကျောအောက်ပိုင်း ကြွက်သားတွေကို ကျစ်လစ်သန်မာစေဖို့ ကူညီပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ တည်ငြိမ်မှုနဲ့ လှုပ်ရှားနိုင်စွမ်းကိုလည်း ဟန်ချက်ညီညီ တိုးတက်စေပြီး နေ့စဉ် သွားလာလှုပ်ရှားမှုတွေမှာ ပိုပြီး သက်တောင့်သက်သာ ဖြစ်စေဖို့ လုပ်ဆောင်ပေးပါတယ်။
(၂) Rows
Photo : Eat This Not That
Dumbbells နဲ့ ကစားရတဲ့ Rows ဆွဲကစားနည်း လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ Rows ဆွဲတာက ကွီးတို့ရဲ့ နောက်ကျော ၊ ပခုံးနဲ့ လက်မောင်း ကြွက်သားတွေရဲ့ ကျစ်လစ်သန်မာမှုကို တိုးမြှင့်ပေးသလို တစ်ချိန်တည်းမှာပဲ Dumbbells ကို ကိုင်ပြီး ဆွဲတင်ရတဲ့အတွက် လက်ကောက်ဝတ်တွေကိုလည်း အားကောင်းစေပါတယ်။
(၃) Push-Ups
Photo : Eat This Not That
Push-Ups ကတော့ Upper-Body အတွက် အထူးကောင်းမွန်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ရှိတဲ့ ရင်ဘတ် ၊ ပခုံး ၊ လက်မောင်း အနောက်ဘက် ကြွက်သားတွေနဲ့ Core ကြွက်သားတွေကို ထိရောက်မှု ရှိစေပါတယ်။ Push-Ups ဟာ Equipment တွေမလိုပဲ ကစားနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှု နဲ့ ခွန်အားကို အဓိကတက်စေတဲ့ Move တစ်ခု ဖြစ်ပါတယ်။
(၄) Deadlifts
Photo : Eat This Not That
Deadlifts ကတော့ နောက်ကျော ကြွက်သားတွေကနေ တဆက်တည်း ခန္ဓာကိုယ် အောက်ပိုင်းရဲ့ အဓိကကြွက်သား အစိတ်အပိုင်းတွေ အားလုံးနီးပါးကို ထိရောက်မှု ရှိစေတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက Hamstrings ၊ Glutes ၊ Lower Back နဲ့ Core ကြွက်သားတွေ တည်ဆောက်ဖို့အတွက် အကောင်းဆုံးပါပဲ။ ခန္ဓာကိုယ်ရဲ့ အောက်ပိုင်းမာဆယ်တွေကို တည်ဆောက်ခြင်းနဲ့အတူ ကိုယ်ဟန်အနေအထားကိုလည်း ကောင်းမွန်စေဖို့ မြှင့်တင်ပေးပါတယ်။
Source : Eat This Not That
Featured Photo : 1UP Nutrition