လုပ်ငန်းခွင်မှ ကွီးတို့အတွက် အလုပ်ကိစ္စ နဲ့ နိုင်ငံရပ်ခြားကို ခရီးထွက်ရတာမျိုး၊ အရေးကြီး အစည်းအဝေးတွေ သွားရောက်တတ်ရတာမျိုး ရှိလာနိုင်ပါတယ်၊၊ ထို့သို့ အလုပ်ကိစ္စနဲ့ ခရီးထွက်ရတာဟာ သာမန်ခရီးသွားခြင်းနဲ့ မတူဘဲ ကွီးတို့နောက်မှာတာဝန်နဲ့ ဝတ္တရားဟာ ကပ်ပါလာတာပါ။ ဒါကြောင့် ခရီးစဉ်မှာ စိတ်အနှောင့်အယှက်မရှိဘဲ အဆင်ပြေချောမွေ့ရအောင် ကွီးတို့ ခရီးဆောင်အိတ်ကို ပြင်ဆင်စဉ်ကတည်းက ဂရုစိုက် ပြင်ဆင်ရပါမယ်။ ဒါကြောင့် ကွီးတို့အတွက် အလုပ်ကိစ္စနဲ့ ခရီးထွက်မယ်ဆိုရင် ခရီးဆောင်အိတ်ကို ထုတ်ပိုး ရာမှာ သိထားသင့်တဲ့ အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

ဝတ်စုံများ

ခရီးဆောင်အိတ်ကို ထုတ်ပိုး

Photo : Parisian Gentleman

ကွီးတို့ ခရီးဆောင်အိတ်ကို ထုတ်ပိုး တဲ့နေရာမှာ များသောအားဖြင့် အဝတ်အစားကို အဓိက ထုတ်ပိုးကြတယ်မလား။ ထို့တူပါပဲ အလုပ်ကိစ္စနဲ့ ခရီးထွက်မယ်ဆိုရင် အဝတ်အစား ကိုပိုပြီးသေချာစွာ ထုတ်ပိုးသင့်ပါတယ်။ အနောက်တိုင်းဝတ်စုံကို အနည်းဆုံး ၂ စုံခန့်ထည့်သွားပါ။ အနက်ရောင် အပြင် အပြာရောင် သို့မဟုတ် မီးခိုးရောင်တို့လည်း ရွေးချယ်သင့်ပါတယ်။ ကွီးတို့ရဲ့ အလုပ်ခရီးစဉ်အတွင်းမှာ ညစာစားပွဲတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ ပွဲအစီအစဉ်တွေရှိခဲ့လျှင် ထိုအတွက် ဝတ်စုံများကို သီးသန့်ပြင်ဆင်ပြီး သယ်ဆောင်သွားပါ။

ရှပ်အင်္ကျီများ

ခရီးဆောင်အိတ်ကို ထုတ်ပိုး

Photo : Adobe Stock

ကွီးတို့အနေနဲ့ ရှပ်အင်္ကျီများ ကိုလည်း သယ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ ရှပ်အင်္ကျီကို ရိုးရိုးအဖြူ အပြင် အပြာနုရောင် တို့ကိုလည်း ရွေးချယ်လို့ရပါတယ်။ အစင်းကြောင်း ဒီဇိုင်းများလည်း အဆင်ပြေပါတယ်။ အရေအတွက်နည်းရင် နည်းပါစေ၊ အရည်အသွေးပြည့်မီသော အင်္ကျီများဖြစ်ပါစေ။ ဒါမှသာ ကွီးတို့အလုပ်ခရီးစဉ်အတွင်း သက်တောင့်သက်သာရှိစေမှာ ဖြစ်ပါတယ်။

ဖိနပ်များ

ခရီးဆောင်အိတ်ကို ထုတ်ပိုး

Photo :Degeler travel

ဖိနပ်များကို အညိုရောင်နှင့် အနက်ရောင် ဖိနပ်နှစ်စုံခန့်သယ်သွားတာ အကောင်းဆုံးပါပဲ။ အညိုရောင်ဖိနပ်က အပြာရောင်ဝတ်စုံနဲ့ ၊ အနက်ရောင်ဖိနပ်နဲ့ မီးခိုးရောင် ဝတ်စုံတို့ တွဲပါမယ်။ အနက်ရောင်ဝတ်စုံကတော့ ဘယ်ဖိနပ်အရောင်နဲ့ မဆို လိုက်ဖက်ပါတယ်။ ဖိနပ် ၂ ရံ ဆောင်သင့်တဲ့ အချက်ကတော့ အ‌ကြောင်း အမျိုးမျိုးကြောင့် ဖိနပ်ပျက်စီးခဲ့သည်ရှိသော် ကွီးတို့အတွက် အရန်သင့်နောက်တစ်ရံ ရှိနေခြင်းက တကယ်ကို အဆင်ပြေစေပါတယ်။ ထို့အပြင် လိုက်ဖက်တဲ့ ခြေအိတ်တွေကို ယူဆောင်သွားဖို့လည်း မမေ့ပါနဲ့။ ခြေအိတ်များကို ပိုပိုလိုလို ယူဆောင်သွားသင့်ပါတယ်။ ကွီးတို့ မရင်းနှီးတဲ့နေရာမှာ လိုချင်တဲ့ ပစ္စည်းကို အလွယ်တကူမရနိုင်ပါဘူး။ ဒါ့အပြင် ဖိနပ်တွေကို ဖိနပ်ထည့်တဲ့ အိတ်နဲ့ထည့်ပြီး စနစ်တကျ ထုတ်ပိုးပါ။

နက်ကတိုင်များ

business Trip

Photo : FashionQuo

နက်ကတိုင်တွေက ကွီးတို့ရဲ့ ခရီးဆောင်အိတ်အတွင်းမှာ နေရာအများကြီး မယူပါဘူး။ ဒါကြောင့် နေ့တိုင်းအတွက် မတူညီသော ဒီဇိုင်း တစ်ခုစီထုတ်ပိုးပါ။ အလုပ်ခရီးဖြစ်တဲ့ အတွက် တည်ငြိမ်သော ဒီဇိုင်းများဖြစ်ဖို့ အရေးကြီးပါတယ်။ ကွီးတို့ ခရီးဆောင်အိတ်ထဲ မထည့်ခင် တွဲဖက်ဝတ်ဆင်မဲ့ အင်္ကျီများနဲ့ လိုက်ဖက်သည်၊ မလိုက်ဖက်သည်ကို အရင်ဆန်းစစ်ပါ။

ပေါ့ပေါ့ပါးပါး အဝတ်အစားများနဲ့ အောက်ခံ အဝတ်အစားများ

business Trip

Photo : Jetsetter

ကွီးတို့ရေ ခရီးဆောင်အိတ်ကို ထုတ်ပိုး ရာမှာ အလုပ်အတွက် အဝတ်အစားများအပြင် ကွီးတို့ လည်ပတ်ဖို့ဖြစ်စေ၊ ဟိုတယ်မှာ နားတဲ့အခါဖြစ်စေ ဝတ်ဖို့ ပေါ့ပေါ့ပါးပါး အဝတ်အစားများလည်း လိုအပ်ပါတယ်။ ထို့အပြင် အောက်ခံအဝတ်အစားများကလည်း မေ့မကျန်ခဲ့ဖို့ ကလည်း အရေးကြီးပါတယ်။ သက်တောင့်သက်သာ ရှိစေဖို့ကို အဓိက ရွေးချယ်ပါ။ ထို့နောက် ရက်အတိအကျမသိသေးတဲ့ အလုပ်ခရီးစဉ်မျိုးဆိုရင် အတွင်းခံ သို့မဟုတ် အောက်ခံ အဝတ်အစားများကို ရေဆေးအခြောက်ခံနိုင်တဲ့ ပေါ့ပါးပြီး အမြန်ခြောက်သွေ့လွယ်တာမျိုး ရွေးချယ်ပါ။

အခြားသော ပစ္စည်းများ

business Trip

Photo : Scottish Men’s Lifestyle

ခရီးဆောင်အိတ်ကို ထုတ်ပိုး ရာမှာ အားသွင်းကိရိယာများ၊ လက်ပ်တော့နှင့် လုပ်ငန်းအတွက် ကွီးတို့ လိုအပ်နိုင်တဲ့ အခြားသောဒစ်ဂျစ်တယ်စက်ပစ္စည်းများကို ထုပ်ပိုးပါ။ အနည်းဆုံးရုံးသုံးပစ္စည်းများကို မမေ့ပါနဲ့။ ကွီးတို့ သုံးနေကျ တစ်ကိုယ်ရည်သုံး ပစ္စည်းများလည်း မကျန်ပါစေနဲ့ ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ အလုပ်ကိစ္စနဲ့ ခရီးထွက်မယ်ဆိုရင် ခရီးဆောင်အိတ်ကို ထုတ်ပိုး ရာတွင် လိုအပ်တာများနဲ့ ယူဆောင်သွားသင့်တာများပဲ ဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ ခရီးသွားဖို့ရှိတဲ့ ကွီးတို့အတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Featured Photo : Vista Create