သွားစရာ လာစရာလေးရှိလို့၊ အရေးကြီး ပွဲတက်စရာရှိလို့ အချိန်တိုအတွင်း ဝိတ်ချဖို့ လိုအပ်နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို မိနစ် ၂၀ လောက် ပြုလုပ်ကြည့်လိုက်ပါ။ ဒီလေ့ကျင့်ခန်းတွေကတော့ ကွီးတို့ ခုန် ရင် ခုန်သလောက် ဝိတ်ကျ မှာ အသေအချာပါပဲ။

လေ့ကျင့်ခန်း (၁)

ခုန် ဝိတ်ကျ

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ လက်မောင်းရှိ အဆီပိုနှင့် ပေါင်အတွင်းရှိ အဆီပိုများကို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။ ကွီးတို့က အခုမှ စလုပ်မယ့် Beginner သမားဆိုရင်တော့ အကြိမ် ၅၀ ပြုလုပ်ပါ။ အနည်းငယ် ကျွမ်းကျင်လာပါက အကြိမ် ၁၀၀ ပြုလုပ်ပါ။ အကျွမ်းကျင်ဆုံး ဖြစ်လာပါက အနည်းဆုံး အကြိမ် ၂၅၀ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၅ ကျော့ ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၂)

ခုန် ဝိတ်ကျ

ဒီလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်တစ်ခုလုံးရှိ အဆီပိုများကို ဖယ်ရှားပေးဖို့ ကူညီပေးမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ခြေထောက်နှင့် ဝမ်းဗိုက်ရှိ အဆီများကို ဖယ်ရှားပေးမှာပါ။ Beginner သမားများက ၁၅ ကြိမ်၊ Intermediate သမားများကတော့ ၂၅ ကြိမ်၊ ကျွမ်းကျင်အဆင့်ကတော့ အနည်းဆုံး အကြိမ် ၅၀ ပြုလုပ်ရမှာဖြစ်ပါတယ်။ စုစုပေါင်း ၅ ကျော့ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၃)

ခုန် ဝိတ်ကျ

ဒီလေ့ကျင့်ခန်းလေးကတော့ ကွီးတို့ရဲ့ တင်ပါးနှင့် ပေါင်ရှိ အဆီပိုများကို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။ Beginner သမားများက ၁၅ ကြိမ်၊ Intermediate သမားများကတော့ ၂၅ ကြိမ်၊ ကျွမ်းကျင်အဆင့်ကတော့ အနည်းဆုံး အကြိမ် ၄၀ ပြုလုပ်ရမှာဖြစ်ပါတယ်။ စုစုပေါင်း ၅ ကျော့ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၄)

ခုန် ဝိတ်ကျ

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ လက်မောင်း၊ ပုခုံး၊ ရင်အုပ်၊ နောက်ကျောနှင့် ခြေသလုံးရှိ အဆီပိုများကို ဖယ်ရှားပေးပြီး ထိုနေရာရှိ ကြွက်သားများကို သန်မာလာစေပါတယ်။ Beginner သမားများက ၁ မိနစ်၊ Intermediate သမားများက ၂ မိနစ်နှင့် Advance သမားများကတော့ ၃ မိနစ် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၅ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

လေ့ကျင့်ခန်း (၅)

ဒီလေ့ကျင့်ခန်းကတော့ Cardio လေ့ကျင့်ခန်းများထဲမှာ ထိရောက်မှု အရှိဆုံး လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ Beginner သမားများက အကြိမ် ၅၀၊ Intermediate သမားများကတော့ အကြိမ် ၁၀၀၊ ကျွမ်းကျင်အဆင့်ကတော့ အနည်းဆုံး အကြိမ် ၁၅၀ ပြုလုပ်ရမှာဖြစ်ပါတယ်။ စုစုပေါင်း ၅ ကျော့ ပြုလုပ်ပါ။

လေ့ကျင့်ခန်း တစ်ခုနဲ့ တစ်ခုကြား ၁ မိနစ်ခန့် အနားယူနိုင်ပါတယ်။

ကွီးတို့အနေနဲ့ ဒီလေ့ကျင့်ခန်းများနဲ့ ခုန် ပေါက်ပြီး ဝိတ်ကျ လာအောင် ကြိုးစားယူနိုင်ပါတယ်။

Source: Freepik