ဒီနေ့ခေတ် ကမ္ဘာကြီးက နောက်ဆုံးပေါ် နည်းပညာတွေနဲ့ လူသားတွေရဲ့ ဘဝကို တိုးတက်ပြောင်းလဲမှုတွေ အများကြီး ယူဆောင်လာ ပေးနေပါတယ်။ နည်းပညာတွေ တစထက်တစ တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ပိုမိုလွယ်ကူ ချောမွေ့စေဖို့ ကူညီပေးနိုင်တဲ့ အထောက်အကူပြု Gadgets တွေလည်း အများကြီး ထွက်ပေါ်လာပါတယ်။ ဒီတစ်ခေါက်မှာတော့ နည်းပညာခေတ်နဲ့အညီ အထာကျတဲ့ ခေတ်သစ် ယောကျာ်းတိုင်း မှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ အမိုက်စား ပစ္စည်းလေးတွေ ကို ပြောပြပေးပါမယ်။
(၁) Bluetooth Headphone

Photo : iDownloadBlog
အားလပ်ချိန်တွေမှာ သီချင်းတွေနဲ့ အနားယူအပန်းဖြေဖို့ပဲ ဖြစ်ဖြစ် ၊ ရုပ်ရှင်ကြည့်တာ ၊ ဂိမ်းကစားတာ စတဲ့ ဖျော်ဖြေရေးကဏ္ဍ အသီးသီးအတွက် အရည်အသွေးမြင့်ပြီး အသံကွာလတီ ကောင်းမွန်တဲ့ Bluetooth Headphone တစ်ခုကတော့ သေချာပေါက် လိုအပ်ပါတယ်။
(၂) Fitness Tracker
![]()
Photo : The New York Times
အားကစားလုပ်ရတာ နှစ်သက်တဲ့ ကျန်းမာရေးလိုက်စားတဲ့ ခေတ်သစ် ယောကျာ်းတိုင်းအတွက် မရှိမဖြစ်တဲ့ ပစ္စည်းလေးတစ်ခုပါ။ Fitness Tracker တွေက ကွီးတို့ရဲ့ ကျန်းမာရေးအခြေအနေ ၊ လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေ အားလုံးကို အကောင်းဆုံး ခြေရာခံ စီမံခန့်ခွဲပေးပြီး ယုံကြည်စိတ်ချတဲ့ လေ့ကျင့်ခန်းလုပ်ဖော် ပါတနာတစ်ယောက်အနေနဲ့ ရှိနေပေးမှာ ဖြစ်ပါတယ်။
(၃) Powerbank

Photo : The New York Times
ဒီနေ့ခေတ်ကြီးထဲမှာ လူတိုင်း Powerbank ကောင်းကောင်းတစ်လုံးကတော့ ရှိကိုရှိထားသင့်ပါတယ်။ ကွီးတို့ရဲ့ ဖုန်း ၊ လက်ပ်တော့နဲ့ တခြားသော နည်းပညာပစ္စည်းလေးတွေ အားလုံးကို အချိန်နေရာမရွေး ဘက်ထရီပြတ်တောက်မသွားစေဖို့ Powerbank တွေက သေချာပေါက် ကူညီပေးမှာပါ။ အခုနောက်ပိုင်းမှာ ပေါ့ပါးကျစ်လစ်ပြီး အလွယ်တကူ သယ်ဆောင်သွားလို့ အဆင်ပြေတဲ့ ရွေးချယ်စရာ Powerbank အမျိုးအစားတွေ အများကြီး ရှိနေပါပြီ။
(၄) Bluetooth Speaker

Photo : New York Post
သီချင်းနားထောင်ရတာ ကြိုက်နှစ်သက်တဲ့ ခေတ်သစ် ကွီးတို့အနေနဲ့ အသံကွာတလီကောင်းတဲ့ Bluetooth Speaker တစ်လုံးလောက်လည်း သေချာပေါက် ပိုင်ဆိုင်ထားသင့်ပါတယ်။ Bluetooth Speaker ကောင်းကောင်းတစ်လုံး ရှိထားမယ်ဆိုရင် ကွီးတို့အိမ်မှာပဲ ဂီတသံစဉ်တွေနဲ့ လွင့်မြောလို့ရတာ မဟုတ်ပဲ ဘော်ဒါတွေနဲ့ အိမ်တွင်းပါတီ လုပ်တဲ့အချိန် ၊ ခရီးသွားတဲ့အချိန် ၊ မိသားစုအပေါင်းအသင်းတွေနဲ့ ပျော်ပွဲစားထွက်ချိန်တွေအထိပါ အထာကျကျ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
(၅) Camera

Photo : National Geographic
ဘဝရဲ့တန်ဖိုးရှိတဲ့ အခိုက်အတန့်တွေကို အကောင်းဆုံး မှတ်တမ်းတင် ရိုက်ကူးထားနိုင်ဖို့ဆို Camera ကောင်းကောင်းတစ်လုံးလည်း ရှိထားသင့်တယ် မဟုတ်လား။ ဒီနေ့ခေတ်ကြီးထဲမှာ နည်းပညာမြင့် ကျစ်လစ်ပေါ့ပါးတဲ့ အမိုက်စား ကင်မရာတွေ ရွေးချယ်စရာ အများကြီး ရှိနေပါပြီ။ ကွီးတို့ရဲ့ နေ့စဉ်ဘဝထဲက မမေ့နိုင်စရာ အမှတ်တရဖြစ်ဖွယ် အချိန်ကောင်းလေးတွေကို အကောင်းဆုံး မှတ်တမ်းတင် ထားနိုင်စေဖို့ Camera တစ်လုံးလောက် ဝယ်ထားသင့်တယ်လို့ အကြံပြုချင်ပါတယ်။
Featured Photo : British GQ
