ခေါင်းကိုက်တဲ့ ပြဿနာဟာ တော်တော်လေး ဆိုးပါတယ်။ တစ်ခါတစ်လေမှာ ခေါင်း ကိုက်လွန်းလို့ ဘာမှလုပ်လို့ကိုင်လို့မရ ၊ ဘယ်အရာကိုပဲ အာရုံကောင်းကောင်းစိုက်မရ ဖြစ်နေတက်ပါတယ်။ ဒီလိုအချိန်တွေမှာ အကောင်းဆုံးနဲ့ အမြန်ဆုံး သက်သာရာ ရစေဖို့ သောက်စရာ Drinks တွေက ကူညီပေးနိုင်ပါတယ်။ ကွီးတို့အနေနဲ့ နေမလို့မရအောင် ခေါင်းကိုက်ဝေဒနာ ခံစားနေရပြီဆိုရင်တော့ အခုပြောပြမယ့် သောက်စရာလေးတွေကို စမ်းကြည့်လိုက်ပါ။

(၁) Green Tea

Migraine

Photo : Healthline

Green Tea ကတော့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး သောက်စရာ လက်ဖက်ရည်ကြမ်း တစ်မျိုးအဖြစ် လူသိများပါတယ်။ Green Tea မှာ Antioxidants တွေ ပေါများစွာ ပါဝင်ပြီး ကိုလက်စထရောကို လျှော့ချပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ ခေါင်း ကိုက်နေပြီဆိုရင် Green Tea ပူပူလေးတစ်ခွက်သာ သောက်လိုက်ပါ။ အမြန်ဆုံး သက်သာသွားပါလိမ့်မယ်။

(၂) ပူစီနံလက်ဖက်ရည်

Migraine

Photo : Fine Dining Lovers

ခေါင်း တခြမ်းကိုက်တာ ၊ တဆစ်ဆစ်နဲ့ မနေနိုင်အောင် ခေါင်းကိုက်တဲ့ ဝေဒနာတွေအတွက် အကောင်းဆုံး သဘာဝဆေးနည်း တစ်ခုကတော့ ပူစီနံပါပဲ။ ပူစီနံကို ရေနွေးကြမ်းနဲ့စိမ်ပြီ သောက်နိုင်သလို ၊ အရွက်ကိုချေပြီး ရှုခြင်းဖြင့်လည်း ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ပူစီနံလက်ဖက်ရည်ဟာ ကဖိန်းဓာတ်ပါဝင်ခြင်းမရှိတဲ့အတွက် အိပ်စက်ခြင်းကို ထိခိုက်မှာ စိုးရိမ်စရာမလိုပဲ တစ်နေ့တာအတွင်း အချိန်မရွေး သောက်နိုင်ပါတယ်။

(၃) ဂျင်းလက်ဖက်ရည်

Migraine

Photo : SelectHealth

နောက်ထပ် ကဖိန်းဓာတ်မပါတဲ့ ဆေးဖက်ဝင်သောက်စရာ ဖျော်ရည်တစ်မျိုးကတော့ ဂျင်းလက်ဖက်ရည်ပါ။ ဂျင်းလက်ဖက်ရည်ဟာ ပျို့အန်ခြင်း ၊ မူးဝေခြင်းတွေကို သက်သာစေရုံမက ခေါင်း တခြမ်းကိုက်တဲ့ ဝေဒနာကိုပါ အထိရောက်ဆုံး ကုသပေးနိုင်စွမ်း ရှိပါတယ်။ ဒါတင်မကသေးပါဘူး ရာသီဥတုအေးတဲ့ အချိန်တွေ ၊ အအေးမိဖျားနာခြင်းတွေ အတွက်လည်း ကုသနိုင်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါတယ်။

(၄) ရေ / အသီးစိမ်ရေ

Migraine

Photo : Kate

ရေဓာတ်ခမ်းခြောက်ခြင်းက‌ ခေါင်း ကိုက်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်း တစ်ခုပါပဲ။ ရာသီဥတု ပူပြင်းတဲ့အချိန်တွေ ၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်ခင်နဲ့ လုပ်ပြီးအချိန်တွေမှာ ရေကို လုံလုံလောက်လောက် သောက်သုံးပေးဖို့ လိုပါတယ်။ ခေါင်းဓာတ်ပြည့်ဝစွာသောက်သုံးခြင်းက ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်စွမ်း ရှိပါတယ်။ ရေချည်းသောက်ရတာ ငြီးငွေ့နေပြီဆိုရင်တော့ ရေထဲကို လတ်ဆတ်တဲ့ အသီးတွေ စိမ်ပြီး သောက်သုံးနိုင်ပါတယ်။

(၅) လိမ္မော်သီးဖျော်ရည်

Photo : Healthline

လိမ္မော်သီးဖျော်ရည်မှာ မဂ္ဂနီဆီယမ်ပါဝင်မှု မြင့်မားတာကြောင့် ခေါင်းကိုက်တာ ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာတွေကို သက်သာစေပါတယ်။ လိမ္မော်သီးဖျော်ရည် ခွက်တဝက်စာမှာ မဂ္ဂနီဆီယမ်ဓာတ် ၁၁ မီလီဂရမ်ခန့် ပါဝင်ပါတယ်။ လိမ္မော်သီးဖျော်ရည်ကို လတ်ဆတ်တဲ့ အသီးစစ်စစ်ကနေဖျော်စပ်ပြီး သကြားမထည့်ပဲ ဖျော်သောက်တာက ကျန်းမာရေးအတွက်ပို ကောင်းပါတယ်။

Featured Photo : Verywell Mind