တစ်စုံတစ်ယောက်ကို ချစ်မိ နေပြီဆိုတာကို ဘယ်လို လက္ခဏာ ဘယ်လိုအပြုအမူတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်မလဲ။

တကယ်တော့အချစ်ဆိုတာ အမြဲတမ်းပုံစံတစ်မျိုးတည်းနဲ့ လာတာမဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ မြင်မြင်ချင်းအချစ်နဲ့ ချစ်မိသွားတာမျိုးလည်းရှိသလို တစ်ခါတစ်ရံမှာတော့ သူငယ်ချင်းသံယောဇဉ်အဖြစ် အကြာကြီး သံယောဇဉ်တွယ်ပြီးသွားမှ ချစ်မိသွားတာမျိုးလည်းရှိပါတယ်။

ဘယ်လိုပုံစံနဲ့ပဲ ချစ်မိ သွားပါစေ အခုဖော်ပြမယ့် လက္ခဏာ များထဲကတော့ ပြေးမလွတ်ပါဘူး။

သူ့အကြောင်းပဲ တစ်ချိန်လုံး တွေးမိနေပြီလား

ချစ်မိ လက္ခဏာ

ထမင်းစားတဲ့အချိန်ပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေတဲ့အချိန်ပဲဖြစ်ဖြစ် သူ့အကြောင်းကို ဖြတ်ခနဲ တွေးမိနေပြီလား။ ကိုယ့်မှာ တစ်စုံတစ်ရာအခက်အခဲကြုံနေရရင်တောင် သူများ အဆင်ပြေရဲ့လား ဆိုတာကို တွေးပြီး စိတ်ပူနေတာ။ ကိုယ့်ရဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အတူတူအချိန်ကုန်ဆုံးနေတုန်း သူ့အကြောင်းကို မကြာခဏတွေးမိသွားတာ။ ဒါဆိုရင်တော့ သေချာပါတယ်။ ကွီး တို့သည် ထိုသူကို ချစ်မိ နေကြောင်း ဖော်ပြနေတဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

ပိုပြီး သေချာချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်လက္ခဏာများပါ ဆက်လက်ခံစားနေရသလားဆိုတာ ဆန်းစစ်ကြည့်လိုက်ပါ။

သူတို့နဲ့အတူတူရှိတယ်ဆိုရင် စိတ်လုံခြုံမှုကို ခံစားရနေပြီလား

ချစ်မိ လက္ခဏာ

ယုံကြည်မှုသည် ချစ်ခြင်းတရားအတွက် အဓိကသော့ချက်ပဲဖြစ်ပါတယ်။ သူ့ကို မြင်လိုက်ရတဲ့အခါ စိတ်အေးချမ်းသာမှုကို ခံစားရပြီး သူနဲ့အတူတူရှိနေတယ်ဆိုရင် စိတ်လုံခြုံမှုကို ခံစားရမယ်။ ကိုယ့်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲများကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါသလား။

သူ့ဘေးနားမှာရှိရင် ပျော်ရွှင်ရတယ်

ချစ်မိ လက္ခဏာ

ဘဝကြီးသည် အရင်တုန်းကလို ပျင်းရိဖွယ်မကောင်းတော့ဘဲ ပိုမိုစိတ်ဝင်စားဖို့ကောင်းလာတယ်။ သူနဲ့ တွေ့တဲ့အခါ စွမ်းအင်တွေ ပြည့်လာပြီး ကုန်ဆုံးသွားတဲ့ စွမ်းအင်များ ပြန်လည်ဖြည့်တင်းသွားတယ်လို့ ခံစားရပါသလား။ ဒါက အချစ်ရဲ့စွမ်းအားကြောင့်ပဲဖြစ်ပါတယ်။

သူတို့နဲ့အတူတူ အကြာကြီးအချိန်ကုန်ဆုံးချင်နေပြီလား

ချစ်မိ လက္ခဏာ

တစ်စုံတစ်ယောက်ကို ချစ်မိ သွားတဲ့အခါ သူတို့နဲ့အတူတူ အချိန်အကြာကြီး ကုန်ဆုံးချင်ကြတဲ့ခံစားချက်မျိုး ခံစားကြရပြီး ဒီ လက္ခဏာ ကတော့ အသိသာဆုံးလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ အိမ်ပြန်ချိန်ရောက်လို့ ခွဲခွာရတော့မယ်ဆိုရင် စိတ်ထဲမှာ ဝမ်းနည်းကြေကွဲသလိုလို ခံစားချက်မျိုး ခံစားနေရပါသလား။ သူ့ဘေးနားမှာ တစ်သက်လုံးအတူတူ ရှိချင်ပြီး အမြန်ဆုံးလက်ထပ်ချင်စိတ်တွေ ပေါက်နေသလား။ ဒါဆိုရင်တော့ သင့်အနေနဲ့ အဆင့်မကျော်သေးဘဲ သင့်ရဲ့အချစ်တွေကို အရင်ဆုံးဖွင့်ပြောဖို့လိုပါလိမ့်မယ်။

သူ့ဘေးနားမှာ အခြားသူတွေနဲ့ အတူတူမြင်ရရင် သဝန်တိုနေသလား

man gets jealous

Photo: Liveboldandbloom

သူ့ကို အခြားကောင်းလေးတွေနဲ့ အတူတူ ရယ်မောပျော်ရွှင်နေတဲ့ပုံမြင်ရတဲ့အခါ သဝန်တိုစိတ်များ ဝင်လာပြီဆိုရင်တော့ သေချာပါတယ်။ သင် သူ့ကို အရူးအမူးချစ်နေမိပြီဆိုတာပါပဲ။ သူ(မ) ဘက်ကလည်း သင့်အပေါ်ကို တူညီတဲ့ခံစားချက်မျိုး ရှိနေလိမ့်မယ်လို့ ခံစားရတယ်ဆိုရင်တော သင့်အချစ်တွေကို အမြန်ဆုံးသာဖွင့်ပြောပြလိုက်ပါတော့။

ကွီးတို့ရော တစ်စုံတစ်ယောက်အပေါ်မှာ အခုဖော်ပြမယ့် လက္ခဏာမျိုးကို ခံစားနေရပြီလား။ ဒါဆိုရင်တော့ သေချာပါတယ်။ ကွီးတို့မှာလည်း ချစ်ရမယ့်သူတစ်ယောက် ပေါ်လာပြီပဲဖြစ်ပါတယ်။

Source: Healthline

Featured Image: Click Love Grow