ဘယ်အရာတွေကများ သမီးရည်းစားဆက်ဆံရေးကို ပိုမိုခိုင်မြဲလာစေတာလဲ။ ကွီးတို့ ချစ်သူနှစ်ဦးကြားရှိ အချစ် များကို ဆထက်တန်ဖိုး တိုးလာစေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် Relationship နည်းလမ်း ကောင်းများကို သိထားဖို့လိုပါလိမ့်မယ်။

လောကမှာ ပြီးပြည့်စုံတဲ့အရာဆိုတာ မရှိပါဘူး။ ထိုနည်းတူပဲ သင်တို့လူသားနှစ်ယောက်အတွက်လည်း ပြီးပြည့်စုံတဲ့ Relationship တစ်ခုကို ပိုင်ဆိုင်ဖို့ ကြိုးစားရင်လည်း ခြေကုန်လက်ပမ်းပဲ ကျလာပါလိမ့်မယ်။ ဒါ့ကြောင့် အချစ် တွေနဲ့ ပြည့်နှက်နေပြီး အရာရာပြီးပြည့်စုံတဲ့ Relationship တစ်ခု ဖန်တီးမယ့်အစား တစ်ယောက်ကို တစ်ယောက် ကူညီဖေးမရင်း ဒီ နည်းလမ်း များဖြင့် အချစ်တွေ တိုးလာအောင် ကြိုးစားလိုက်ပါ။

တစ်ယောက်ကို တစ်ယောက် ချီးမွမ်းပါ

အချစ် Relationship နည်းလမ်း

ဘာမဟုတ်တဲ့အရာလေးဖြင့် ချီးမွးမ်းစကားဆိုလိုက်ခြင်းအားဖြင့် နှစ်ယောက်သားကြားမှာ တည်ရှိတဲ့ ရိုမန့်တစ်မီးပွားလေး လွှင့်စင်လာပြီး ကြည်နူးစရာ ပိုကောင်းလာပါလိမ့်မယ်။ တကူးတကကြီး ချီးမွမ်းခန်း ဖွင့်နေစရာမလိုပါဘူး။ ဒီရှပ်အင်္ကျီလေးနဲ့ ကြည့်လို့လှလိုက်တာ။ ဒီဂါဝန်လေးနဲ့ ပိုလိုက်တယ် စသည်ဖြင့် ချီးမွမ်းစကားဆိုလိုက်ရုံဖြင့် တစ်ဖက်လူအတွက် ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ပါတယ်။

အမျိုးသမီးများဆိုလည်း ထိုနည်းတူပါပဲ။ ကိုယ့်ကောင်လေးက ကိုယ့်အတွက် တစ်ခုခုပြုလုပ်ပေးတဲ့အခါမျိုး၊ ကိုယ့်ကို ရုံးလာ ကြိုတဲ့အခါမျိုး၊ ကိုယ့်အတွက် မုန့်ဝယ်လာပေးတဲ့အခါမျိုးတွေမှာ သူတို့ကို ချီးမွမ်းစကား ဆိုပေးနိုင်ပါတယ်။

မကြာခဏ ပြုံးရယ်ပါ

အချစ် Relationship နည်းလမ်း

လေ့လာတွေ့ရှိချက်တစ်ခုအရ မကြာခဏ ပြုံးရယ်တဲ့ စုံတွဲတွေသည် ပိုမိုအသက်ရှည်ကြပြီး သူတို့ရဲ့အိမ်ထောင်ရေးသည်လည်း ပိုမိုပျော်ရွှင်ကြည်နူးရကာ အိမ်ထောင်သက် မြဲကြတယ်လို့ သိရှိရပါတယ်။ ထိုအချက်ကိုရော သင် သိပြီးပါပြီလား။ အပြုံးပန်းလေးတစ်ပွင့်သည် သင်တို့ နှစ်ဦးကြားရှိ အချစ် ကို ပိုမိုခိုင်မြဲလာအောင် ကူညီပေးမယ့် Relationship နည်းလမ်း ကောင်းတစ်ခုပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်ပြီး သူတို့ကို မှားနေကြောင်း မထောက်ပြပါနဲ့

အချစ် Relationship နည်းလမ်း

ကိုယ်သာ သိ ၊ ကိုယ်သာ အတတ်ဆုံး၊ ကိုယ်သာ အတော်ဆုံး၊ ကိုယ့်လောက် ဘယ်သူမှ မသိဘူးလို့ ခံယူထားတဲ့ လူတတ်ကြီးတစ်စုရှိပါတယ်။ သူတိုသည် သူတို့ကိုယ် သူတို့သာ အမွှန်းတင်တတ်ပြီး အခြားသူတွေကိုတော့ အမြဲတမ်း အမှားထောက်ပြကာ ပြစ်တင်ရှုံ့ချလေ့ရှိကြပါတယ်။

တကယ်လို့ သင်သည်လည်း သင့်ကိုယ်သင် အမြဲတမ်း အမွှန်းတင်လေ့ရှိပြီး ကိုယ့်ရဲ့ ကောင်မလေးကို အမြဲတမ်း အပြစ်တင်ရှုံ့ချတတ်နေမယ်ဆိုရင်တော့ ထိုအချစ်ရေးသည် ရေရှည်ခိုင်မြဲနိုင်မှာမဟုတ်ပါဘူး။ ထိုကဲ့သို့သော အကျင့်မျိုးကိုလည်း မြန်မြန်ပြင်ဆင်သင့်ပါလိမ့်မယ်။ အထူးသဖြင့် လူကြားသူကြားထဲမှာ သူ(မ)ကို အရှက်ခွဲခြင်းမျိုးကိုလည်း ရှောင်ကြဉ်ဖို့လိုအပ်ပါလိမ့်မယ်။

သင့်ကောင်မလေးသည် သင် ချစ်ရတဲ့သူမဟုတ်လား။ ဘာ့ကြောင့် လူပုံအလယ်မှာ သူ(မ)ကို အရှက်ရစေမယ့် အလုပ်မျိုး ပြုလုပ်ချင်မှာလဲ။ တကယ်လို့ သူ(မ) တစ်စုံတစ်ရာ မှားယွင်းခဲ့တယ်ဆိုရင်တောင် အများအလယ်မှာ သူ(မ)ဘက်ကနေ ရပ်တည်ပေးဖို့လိုအပ်ပါလိမ့်မယ်။ ပြီးမှ နှစ်ယောက်တည်းရှိတဲ့အချိန်မှာ သူ(မ)ကို ပြစ်တင်တဲ့ လေသံမျိုး၊ ဆရာကြီးလုပ်တဲ့ လေသံမျိုး မဟုတ်ဘဲ အမှားပြင်ပေးသင့်ပါတယ်။

ကျေးဇူးတင်ကြောင်းနှင့် တောင်းပန်ကြောင်းကိုလည်း ထုတ်ပြောတတ်ပါစေ

အချစ် Relationship နည်းလမ်း

Photo: Your Tango

ကိုယ့်ကောင်မလေးက ကိုယ့်အတွက် တစ်စုံတစ်ရာ ပြုလုပ်ပေးတယ်ဆိုရင် ကျေးဇူးတင်စကားဆိုဖို့ မမေ့ပါနဲ့။ လက်ထပ်ပြီးတဲ့အခါလည်း ထိုနည်းအတိုင်းပါပဲ။ သူ(မ)က ချက်ပြုတ် လျှော်ဖွတ် စတဲ့ အိမ်မှုကိစ္စတွေ ပြုလုပ်ရတဲ့အခါ သူ(မ)ကို ကျေးဇူးတင်ကြောင်း ပြောပြဖို့လိုအပ်ပါတယ်။

ကိုယ့်ဘက်က တစ်စုံတစ်ရာ မှားယွင်းသွားတဲ့အခါမှာလည်း တောင်းပန်စကား ပြောဖို့ ဝန်မလေးပါနဲ့။ သင့်ရဲ့ မာနကို လျော့ချပြီး တောင်းပန်စကား ဆိုလိုက်ခြင်းအားဖြင့် သင်တို့ နှစ်ယောက်ကြားရှိ အချစ် ကို ပိုမိုတိုးလာစေပြီး သင်တို့ Relationship ကို ပိုမိုခိုင်မြဲလာစေမှာဖြစ်ပါတယ်၊ ဒီ နည်းလမ်း ကောင်းကို ပြုကျင့်ခြင်းအားဖြင့် အချိန်ကြာကြာ ရန်ဖြစ်တတ်တဲ့ အခြေအနေမျိုးကနေလည်း မြန်မြန်လွတ်မြောက်နိုင်ပါတယ်။

အညှိုးအတေးတွေ မထားပါနဲ့

love tips for men

တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးဒေါသထွက်နေချိန်မှာ စကားမပြောတာအကောင်းဆုံးပါပဲ။ ရန်ဖြစ်ဒေါသထွက်နေချိန်မှာ ကြမ်းတမ်းခက်ထန်ပြီး တစ်ဖက်လူကို စိတ်ဒဏ်ရာ ရစေမယ့် စကားလုံးမျိုးကိုသာ ပြောထွက်ကြတာဖြစ်ပါတယ်။

အချိန်တစ်ခုကြာတော့မှ ချော့တဲ့အခါ တစ်ဖက်လူသည် စိတ်ဒဏ်ရာ ရသွားတတ်ပြီး သူ့စိတ်ထဲမှာ အညှိုးအတေးများ ထားနိုင်ပါတယ်။ ဒီလိုမျိုး မဖြစ်ရလေအောင် အစကတည်းက စိတ်အနာတရဖြစ်စေမယ့် စကားမျိုး မပြောတာ အကောင်းဆုံးပါပဲ။ အညှိုးအတေးတွေ စုထားပြီး အချိန်တစ်ခုကြာလာမှ ပေါက်ကွဲထွက်လာတဲ့အခါ ထိုအချိန်သည် သင်တို့ရဲ့အချစ်ရေးလမ်းခရီး ပြိုပျက်သွားတဲ့အချိန်ပဲဖြစ်ပါတယ်။

ဒိတ်လုပ်ပါ

love tips for men

ရည်းစားသက်တမ်းကြာလာလို့၊ အိမ်ထောင်သက် ကြာလာလို့ ဒိတ်မလုပ်တော့ဘူးဆိုတာ မဖြစ်သင့်ပါဘူး။ ချစ်သက်တမ်း ဘယ်လောက်ပဲကြာကြာ သင်တို့နှစ်ဦးကြား ရိုမန့်တစ်ဆန်မှုကို ပျောက်ကွယ်သွားစေလို့ မရပါဘူး။

ပိတ်ရက်တွေမှာ နှစ်ယောက်အတူတူ ဒိတ်တာမျိုး၊ အမှတ်တရနေ့ရက်တွေမှာ အံ့အားသင့်သွားစေမယ့် စပရိုက် တိုက်တာမျိုး စတဲ့အချက်လေးတွေဖြင့် သင်တို့နှစ်ဦးကြား အချစ်ကို ပိုမိုတိုးပွားလာအောင် ဖန်တီးနိုင်ပါတယ်။

ချစ်တယ်လို့ ပြောဖို့လည်း မမေ့ပါနဲ့

love tips for men

Photo: Women’s Health

တစ်ယောက်နဲ့တစ်ယောက်ကြား ခံစားချက်တွေကို သေဆုံးမသွားဖို့ရန်အတွက် ချစ်တယ် လို့ ပြောဖို့လည်း လိုအပ်ပါတယ်။ သင့်ကောင်မလေးသည် သင် သူ့ကို ချစ်တယ်ဆိုတာကို သိပေမယ့် သင့်ပါးစပ်ကို ကိုယ်တိုင်ပြောတာကို ကြားချင်တာဖြစ်ပါတယ်။ ဒါမှ သူ့အတွက် ပျော်ရွှင်ကြည်နူးမှုကို ခံစားရစေမှာဖြစ်ပါတယ်။

Source: Bollywoodshaadis

Featured Image: WebMediums