ပုံမှန်အားဖြင့် Shoes တွေကို ခြေအိတ်နဲ့တွဲဝတ်ကြတာ များပါတယ်။ ဒီနေ့ခေတ် ဖက်ရှင် ရေစီးကြောင်းပေါ်မှာတော့ ခြေအိတ်မပါပဲ Shoes တွေ ဝတ်တာက စတိုင်တစ်ခု ဖြစ်လာနေပါပြီ။ စမတ်ကျကျ ဝတ်စုံတွေနဲ့ပဲ ဖြစ်ဖြစ် ၊ ခေတ်ပေါ် ဖက်ရှင်တွေနဲ့ပဲ ဖြစ်ဖြစ် တွဲဖက်ဝတ်ဆင်လို့ အဆင်ပြေပါတယ်။ ခြေအိတ်မပါပဲ Shoes ဝတ်တာဟာ လူငယ်ပိုဆန်တဲ့ အသွင်အပြင်ကိုရစေပြီး ပေါ့ပါးလွတ်လပ်မှု ရှိစေပါတယ်။ ဒီတစ်ခေါက်မှာတော့ Shoes အမျိုးအစားအလိုက် ခြေအိတ်မပါပဲ အထာကျကျ ဝတ်ဆင်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) Loafers

Photo : The Trend Spotter
Loafers ဖိနပ်ကတော့ ခြေအိတ်မပါပဲ ဝတ်ဖို့ အဆင်ပြေဆုံး ဖိနပ်အမျိုးအစား ဖြစ်ပါတယ်။ Loafers တွေက Casual ကနေ Semi-Formal ဖက်ရှင်စတိုင်အထိ တွဲဖက်ဝတ်လို့ရတဲ့ စွယ်စုံရ ဖိနပ်ပါ။ စမတ်ကျကျ Semi-Formal စတိုင်မျိုး ဝတ်ချင်တယ်ဆိုရင် Classic Penny ဒါမှမဟုတ် Gucci Loafer တွေကတော့ အကောင်းဆုံးပါပဲ။ ပိုပြီးလွတ်လပ်ပေါ့ပါးတဲ့ Casual စတိုင်နဲ့ တွဲဖက်ဝတ်မယ် ဆိုရင်တော့ Leather သို့မဟုတ် Suede ဖိနပ်တွေကို ရွေးနိုင်ပါတယ်။
(၂) Brogues

Photo : The Trend Spotter
Brogues ဖိနပ်တွေကတော့ Loafers ထက် ခြေအိတ်မပါပဲ ဝတ်ဖို့ စိန်ခေါ်မှုပို ရှိကောင်းရှိနိုင်ပေမယ့် စတိုင်ကျမှုအပိုင်းမှာတော့ သာလွန်တယ်လို့ ပြောလို့ရပါတယ်။ စမတ်ကျတဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်တွေနဲ့ တွဲဖက်ဝတ်ဆင်ဖို့ အကောင်းဆုံး ဖိနပ်အမျိုးအစား ဖြစ်ပါတယ်။ Brogues ဖိနပ်တွေက ဖောက်ထွင်းထားတဲ့ ဒီဇိုင်းနဲ့ ထုတ်ထားတဲ့အတွက် ခြေအိတ်မပါပဲ ဝတ်ရင်ပိုပြီး ထူးခြားမှုရှိစေမှာ ဖြစ်ပါတယ်။ ဘောင်းဘီကိုတော့ အရောင်ခပ်နုနုကို ရွေးချယ်တာက ပိုပြီး သစ်လွင်တက်ကြွတဲ့စတိုင်မျိုး ရစေမှာပါ။ အရောင်အရင့်တွေနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင်လည်း မမှားနိုင်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။
(၃) Boat Shoes
Photo : The Trend Spotter
Boat Shoes တွေကိုတော့ နွေရာသီဖက်ရှင်အနေနဲ့ အများဆုံး ရွေးချယ်ကြပြီး ခြေအိတ်မပါပဲ သဘာဝအတိုင်း စတိုင်ကျနေစေမယ့် ဖိနပ်အမျိုးအစား ဖြစ်ပါတယ်။ အားလပ်ရက် အပန်းဖြေမှုအတွက်ပဲ ဖြစ်ဖြစ် ၊ ခရီးထွက်ရင်ပဲ ဖြစ်ဖြစ် Boat Shoes တွေက ဝတ်လို့အဆင်ပြေပါတယ်။ Chinos ဘောင်းဘီနဲ့ Button-Up Shirt ဒါမှမဟုတ် Polo Shirt တွေနဲ့ တွဲဖက်ဝတ်ဆင်လို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ပိုပြီး စမတ်ကျချင်တယ်ဆိုရင်တော့ အပေါ်က Blazer ကုတ်တစ်ထည် ထပ်ဝတ်လိုက်ပါ။
(၄) Sneakers

Photo : The Trend Spotter
Sneakers တွေက ဒီဘက်ခေတ်ရဲ့ ဖက်ရှင်ရေးစီးကြောင်းပေါ်မှာ အတော်လေး နေရာယူထားနိုင်တဲ့ ဖိနပ်အမျိုးအစား ဖြစ်ပါတယ်။ Sneakers တွေကို ခြေအိတ်မပါပဲ Streetwear ဖက်ရှင်တွေကစလို့ Gym ခန်းမတွေအထိ အထာကျကျ ဝတ်ဆင်လာကြပါတယ်။ အဓိက မှန်ကန်တဲ့ Sneaker အမျိုးအစားကို ရွေးချယ်ပြီး မှန်ကန်တဲ့ ဝတ်စုံနဲ့ တွဲဝတ်ဖို့ပါပဲ။ ဒီထဲမှာ လည်တို Sneakers တွေကတော့ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ အရောင်အားဖြင့်တော့ အဖြူရောင်က အထာအကျဆုံးလို့ ပြောလို့ရပါတယ်။ ဘောင်းဘီတို ၊ Jeans ၊ Chinos နှစ်သက်ရာ ဘောင်းဘီစတိုင်နဲ့ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။
Featured Photo : He Spoke Style

