လက်စတာ စီးတီးအသင်းကတော့ အသင်းနဲ့ (၄)နှစ်နီးပါးလောက် လက်တွဲခဲ့တဲ့ နည်းပြ ဘရန်ဒန် ရော်ဂျာစ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက်မှာ အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ မဟာ ခံစစ်မှူး ဂေါင်းကြီး ခေါ် ဟယ်ရီ မက်ဂွိုင်းယားကို မန်ယူနိုက်တက်အသင်းကနေ ပြန်လည် ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

harry big head

Photo Credit : TEAMtalk

မြေခွေးပြာ တပ်သားဟောင်း ဂေါင်းကြီးဟာ ၂၀၁၉ခုနှစ်ကမှ သရဲနီတပ်သားအဖြစ် နောက်ခံလူတစ်ဦးအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်သော ပေါင်သန်း(၈၀)နဲ့ ပြောင်းရွှေ့လာခဲ့ပြီး တစ်ရာသီ မပြည့်သေးခင်မှာပဲ သရဲနီ အသင်းခေါင်းဆောင်ပါ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ဂေါင်းကြီး ပြောင်းရွှေ့ကြေး တပုံကြီးနဲ့ ခေါ်ယူလိုက်တာက ဂျင်းမိသွားသလို ဖြစ်လာခဲ့ရပြီး ဂေါင်းကြီးပါလာတဲ့ ပွဲဆိုရင် သူ့အသင်းဖော် ဂိုးသမား ဒီဂီယာက ပြိုင်ဘက် ကစားသမားတွေထက် ဂေါင်းကြီးကို ပိုသတိထားနေရတဲ့အထိ ဂေါင်းကြီးအစွမ်း အံ့မခန်းပါပဲ။

big head

Photo Credit : talkSPORT

ဒီရာသီ တန်ဟက်ဂ် ယူနိုက်တက် နည်းပြ ဖြစ်လာချိန်မှာ အသင်းရဲ့ ခံစစ်ပိုင်းအတွင်း စိတ်မချရတော့တဲ့ ဂေါင်းကြီး အစား သူ့တပည့်အရင်းကြီး လီဆန်ဒရို မာတီနက်ဇ်နဲ့ ဗာရန်းတို့ အတွဲကိုသာ တောက်လျှောက် သုံးစွဲလာခဲ့ရာ ဂေါင်းကြီးရဲ့ ပုံမှန်နေရာက အရန်ခုံ ဖြစ်သွားခဲ့ရပါတယ်။ အခုဆိုရင်လည်း တန်ဟက်ဂ်က နောက်ထပ် တပည့်တစ်ဦးဖြစ်သူ တင်းဘားကိုပါ သူ့အသင်းဟောင်း အေဂျက်စ်ကနေ ထပ်မံ ခေါ်ယူဖို့ပါ စီစဉ်နေတာကြောင့် ဂေါင်းကြီးကိုလည်း လာမယ့် ဈေးကွက်ထဲမှာ ရောင်းထုတ်ဖွယ် ရှိနေပါတယ်။

maguire

Photo Credit : Le Monde

လက်ရှိမှာ အသက်(၃၀) အရွယ်ထိ ရောက်ရှိနေပြီဖြစ်တဲ့ ဂေါင်းကြီး ကို ယူနိုက်တက်ကနေ ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ သူ့အသင်းဟောင်း လက်စတာလည်း ပြန်လည် ပါဝင်လာပြီး ဂေါင်းကြီးကိုယ်တိုင်ကလည်း သူ့ကို ဆောက်ဂိတ်က အင်္ဂလန်အသင်းမှာ အမြဲတမ်း ရွေးချယ်နေတယ် ဆိုပေမယ့် သူ့အအနေနဲ့ ကလပ်အသင်းမှာသာ ပုံမှန်ကစားခွင့် ရနေမယ်ဆိုရင် လက်ရွေးစင်အသင်းကို သူ့ကို ရွေးချယ်နိုင်ခြေ ပိုများမှာမို့ လာမယ့်နွေမှာ ယူနိုက်တက်နဲ့ ဂေါင်းကြီးတို့ သေချာပေါက် လမ်းခွဲသွားနိုင်ပါတယ်။

Featured Photo : The Sun