Golf အားကစားသည် ကျန်းမာရေးအတွက်သာမက စိတ်ပြေလက်ပျောက်ဖြစ်စေတဲ့ အားကစားအမျိုးအစားတစ်ခုဖြစ်ပါတယ်။ စီးပွားရေးတော်တော်များများသည် သူတို့ရဲ့စီးပွားမိတ်ဖက်များကို Golf ကစားရင် မိတ်ဖက်တိုးလာအောင် ကြိုးစားကြပါတယ်။ ဂေါ့ဖ် မဆော့ကစားခင်မှာ ပြုလုပ်သင့်တဲ့ သွေးပူ လေ့ကျင့်ခန်း များကို သိထားမယ်ဆိုရင်တော့ Golf ရိုက်ရတာ ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

ဂေါ့ဖ် သွေးပူ လေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားလိုက်ပါ။ လက်နှစ်ဖက်က အပေါ်မြှောက်ထားကာ ဂေါ့ဖ်ရိုက်တံလေး ကိုင်ထားလိုက်ပါ။

ထို့နောက ်တင်ပါးကို နောက်ပစ်ကာ ပေါင်တံက မြေမျက်နှာပြင်နဲ့ မျဉ်းပြိုင်ပုံသဏ္ဍာန်ဖြစ်သွားအောင် ပြုလုပ်လိုက်ပါ။

ထို့နောက် မတ်တပ်ပြန်ရပ်လိုက်ပါ။

စုစုပေါင်း ၁၀ ကြိမ် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဂေါ့ဖ် ကစားရာမှာ မဖြစ်မနေ ပြုလုပ်ပေးသင့်တဲ့ သွေးပူ လေ့ကျင့်ခန်း တစ်ခုပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

ဂေါ့ဖ် သွေးပူ လေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းများကတော့ ခြေချောင်းလေးများကို ထိကပ်ရမယ့် လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။

စောစောကလိုပဲ ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားကာ လက်နှစ်ဖက်က အပေါ်မြှောက်ထားပြီး ဂေါ့ဖ်ရိုက်တံကို ကိုင်ထားလိုက်ပါ။

ထို့နောက် ခါးကို အရှေ့သို့ ကိုင်းချပြီး လက်နှစ်ဖက်က ခြေချောင်းများဖြင့် ထိကပ်ပေးလိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း မတ်တပ်ပြန်ရပ်လိုက်ပါ။ စုစုပေါင်း ၁၀ ကြိမ် ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

ဂေါ့ဖ် သွေးပူ လေ့ကျင့်ခန်း

ဂေါ့ဖ်ရိုက်တံကို ရင်ဘတ်အရှေ့မှာ ထားထားပြီး လက်နှစ်ဖက်က ကြက်ခြေခတ်ပုံသဏ္ဍာန် ပြုလုပ်ထားလိုက်ပါ။

ညာခြေကို အရှေ့သို့ ဆန့်ထုတ်ထားပြီး ဘယ်ခြေထောက်ကိုတော့ ခြေဖျားထောက်ထားလိုက်ပါ။ ထို့နောက် ခါးကို ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပါ။

၁၀ ကြိမ် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

သတ်မှတ်အကြိမ်ရေ ပြည့်သွားတဲ့အခါမှာတော့ ခြေထောက်နှစ်ဖက်ကို ဘက်ပြောင်းကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို စောစောကလိုပဲ ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်ဖြင့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

golf warm up exercises

ဒီလေ့ကျင့်ခန်းပြုလုပ်ဖို့ရန်အတွက်တော့ ဘာကိရိယာမှ မလိုအပ်ပါဘူး။

စောစောကလိုပဲ ညာခြေကို အရှေ့သို့ ဆန့်ထုတ်ကာ ဘယ်ခြေထောက်ကိုတော့ ခြေဖျားထောက်ထားလိုက်ပါ။

ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို ညာဘက်သို့ လှည့်လိုက်ပါ။ တစ်ဖန် ဘယ်ဘက်သို့ ပြန်လှည့်လိုက်ပါ။

ဘယ် ညာတစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ပါ။ စုစုပေါင်း ၁၀ ကြိမ် ပြုလုပ်ရပါမယ်။

သတ်မှတ်အကြိမ်ရေပြည့်သွားတဲ့နောက်မှာတော့ ဘယ်ခြေနှင့် ညာခြေကို ဘက်ပြောင်းကာ စောစောကလိုပဲ ဆက်လက်လုပ်ဆောင်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

golf warm up exercises

ဒီလေ့ကျင့်ခန်းကတော့ ဂေါ့ဖ်ဘောလုံး မပါဘဲနဲ့ ဂေါ့ဖ်ရိုက်ရမှာဖြစ်ပါတယ်။ Golf ရိုက်သကဲ့သို့ ခန္ဓာကိုယ်အနေအထားမှန်မှန်ဖြင့် လွှဲပေးရမှာဖြစ်ပါတယ်။ ၁၀ ကြိမ်လောက် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကတော့ Golf ချစ်သူများအနေနဲ့ ဂေါ့ဖ် မရိုက်ခင်မှာ ပြုလုပ်သင့်တဲ့ သွေးပူ လေ့ကျင့်ခန်း များပဲဖြစ်ပါတယ်။

Source: Golfdigest

Featured Image: Golfing Focus