ဖက်ရှင်ကျတဲ့ ယောကျာ်းလေးတွေအတွက် ထည့်စဉ်းစားရမယ့် Accessories ပစ္စည်းတွေထဲမှာ လက်စွပ်တွေက မပါမဖြစ်လို့ ပြောရမှာပါ။ လက်စွပ်တွေက စတိုင်အမျိုးမျိုး ၊ ပုံစံအမျိုးမျိုးရှိပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး ၊ နေထိုင်မှုပုံစံတွေနဲ့ ကိုက်ညီမှုရှိတဲ့ ဒီဇိုင်းကို ရွေးချယ်ဝတ်ဆင်တက်ဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ကို အထာကျတဲ့ ဂေါ်လီဘဲ ဖြစ်စေဖို့ လက်စွပ် တွေ ဝတ်တဲ့အခါ သိထားရမယ့် Style Tips လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ယုံကြည်မှုရှိစေမယ့် ဒီဇိုင်းကိုရွေးပါ

RINGS

Photo : FashionBeans

Confidence ဟာ စတိုင်ကျမှုရဲ့ အဓိကသော့ချက်ပါပဲ။ ဖက်ရှင်ပဲဝတ်ဝတ် ၊ Accessories ပစ္စည်းတွေပဲ ဝတ်ဝတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေဖို့က အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တာလုံးမှာ ကိုယ်ဝတ်ဆင်ထားတဲ့ လက်စွပ်နဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုတွေမရှိပဲ ယုံကြည်မှုအပြည့်အဝ ရှိနေရမယ့် လက်စွပ်ဒီဇိုင်းကို ရွေးချယ်ဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်။

(၂) သက်တောင့်သက်သာရှိဖို့က အရေးကြီးဆုံးပါ

RINGS

Photo : FashionBeans

Confidence ဖြစ်မှုနဲ့ Comfort ဖြစ်မှုက အမြဲတွဲလျက် ရှိနေပါတယ်။ သက်တောင့်သက်သာရှိမှသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကလည်း တိုးမှာပါ။ လက်စွပ်တွေ ဝတ်တဲ့အခါ Comfort ဖြစ်မှုကိုလည်း သေချာပေါက် ထည့်တွက်ဖို့ လိုပါတယ်။ ကွီးတို့ ဝတ်ဆင်မယ့် လက်စွပ်တစ်ကွင်းဟာ ကွီးတို့ရဲ့ လက်ချောင်းတွေပေါ်မှာ သက်တောင့်သက်သာ ရှိနေရမယ် ၊ တစ်နေ့တာလုံး ပေါ့ပါးလွတ်လပ်စွာ ဝတ်ဆင်ထားနိုင်ရမယ် စတဲ့အချက်တွေကို အခြေခံပြီး လက်စွပ်ရဲ့ အရွယ်အစား ၊ ဒီဇိုင်းကာလာ အနေအထားတွေကို သေချာရွေးချယ်ရမှာ ဖြစ်ပါတယ်။

(၃) နေထိုင်မှုပုံစံနဲ့ကိုက်ညီတဲ့ လက်စွပ်ပုံစံကို ရွေးပါ

RINGS

Photo : FashionBeans

လက်စွပ်တွေဝတ်တဲ့အခါ ကိုယ့်ရဲ့ နေထိုင်မှုပုံစံ Lifestyle နဲ့ ကိုက်ညီမှုရှိအောင် ဝတ်ဆင်တက်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ်ဖြတ်သန်းတဲ့ နေထိုင်မှုပုံစံနဲ့ လိုက်ဖက်မှုရှိတဲ့ လက်စွပ်ဒီဇိုင်းကို ရွေးချယ်ဝတ်ဆင်တာက ကွီးတို့ကို အထာပိုကျစေမှာ သေချာပါတယ်။ နောက်တစ်ချက်ကတော့ လက်စွပ်တွေ ဝတ်ဆင်တဲ့အခါ ကိုယ့်ရဲ့ Skin Tone နဲ့ Match ဖြစ်တဲ့ Metals အမျိုးအစားကိုလည်း ရွေးချယ်တက်ဖို့ အရေးကြီးပါတယ်။

(၄) ဖက်ရှင်နဲ့အညီ ပြောင်းလဲဝတ်ဆင်ပါ

RINGS

Photo : FashionBeans

လက်စွပ်ကို တစ်ကွင်းတည်း စွဲစွဲမြဲမြဲဝတ်တာထက် ကိုယ် ဝတ်ဆင်မယ် ဖက်ရှင်ပုံစံ ၊ အဝတ်အစား ၊ သွားမယ့်နေရာ အခမ်းအနားတွေပေါ်တည်ပြီး မတူညီတဲ့ လက်စွပ်ဒီဇိုင်းကို ပြောင်းလဲဝတ်ဆင်တာက ကွီးတို့ကို စတိုင်ပိုကျစေပြီး ဆွဲဆောင်မှု ရှိစေပါလိမ့်မယ်။

Featured Photo : Ape to Gentleman