ကမ္ဘာကျော် မင်းသားကြီး ဂျေဆန် စတက်ဟမ် (Jason Statham) ဆိုရင် ဗလကောင်းကောင်းနဲ့ ယောကျာ်းပီသတဲ့ အက်ရှင်မင်းသားကြီးအဖြစ် ကမ္ဘာက သိကြပါတယ်။ ဇာတ်ရုပ်နဲ့ လိုက်ဖက်တဲ့ ဘော်ဒီတည်ဆောက်ရာမှာ မင်းသားကြီးဟာ Training အပြည့်အဝ လုပ်ပြီး အပင်ပန်းခံသလို အစားအ သောက် အနေအထိုင်လည်း ဆင်ခြင်သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Transporter မင်းသားဇာတ်ရုပ်က စလို့ ကမ္ဘာကျော်တဲ့ အက်ရှင်မင်းသား ကြီးအဖြစ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Transporter မင်းသားကြီးဟာ သူလိုချင်တဲ့ ဘော်ဒီရဖို့ တစ်ပတ်ကို ၆ ရက် တစ်ခါတလေမှာ ၇ ရက်လုံးလုံး အားကစားလုပ်တယ်လို့ ဆိုပါတယ်။ အသက် ၅၄ နှစ်အရွယ် ရှိပြီ ဖြစ်တာ‌တောင် ဘော်ဒီမကျတာဟာ အားကစားလုပ်ခြင်းနဲ့ အစားအသောက်ဆင်ခြင်ခြင်းရဲ့ အကျိုးကျေးဇူးတွေလို့ ဆိုနိုင်ပါတယ်။ ဂျေဆန် စတက်ဟမ်ဟာ အစက ဘောလုံးသမား ဖြစ်ခဲ့ပြီး နောက်မှ ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့တာပါ။

Jason-Statham-Diet-and-Workout-Plan-3

Photo : manofmany

ရုပ်ရှင်လောကအနေနဲ့လည်း Cellular ၊ Death Race ၊ Fast & Furious 6 ၊ Fast & Furious : Hobbs & Shaw ၊ Spy ၊ The Expendables ၊ The Mechanics ၊ Blitz ၊ The Bank Job ၊ The Italian Job ၊ Chaos စတဲ့ ရုပ်ရှင်ကားတွေက သူ့ကို ကျော်ကြားစေခဲ့တဲ့ ရုပ်ရှင်တွေပါပဲ။ ရုပ်ရှင်လောကမှာ အောင်မြင်စေဖို့အတွက် Jason Statham ဟာ သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ပါ တည်ဆောက်မှု လုပ်ခဲ့ပါတယ်။ ဒီလို တည်ဆောက်ရာမှာ Workout Plan အပြင် Diet Plan ပါ သေချာ စီမံပြီး လိုက်နာစားသောက်ခဲ့တာ ဖြစ်ပါတယ်။

ဂျေဆန် စတက်ဟမ် ကိုယ်တိုင်က ကျစ်လျစ်တဲ့ ကြွက်သား Muscle Mass တက်ပြီး Body ဇီဝကမ္မဖြစ်စဉ် တက်လာစေဖို့အတွက် အစားအသောက်ရွေးချယ် စားသောက်မှုက အရေးပါတယ်လို့ ပြောထားပါတယ်။ သူပြောတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ဆိုတာ အစေ့အံ ၊ အုတ် ၊ ငါး ၊ ကြက်သား ၊ ပရိုတိန်း ၊ ဟင်းသီးဟင်းရွက် ၊ ဆန်လုံးညို နဲ့ Miso Soup တို့ ဖြစ်ပါတယ်။ တစ်ရက်ကို ရေ အနည်းဆုံး ၃ လီတာ သောက်ပြီး ဆီကြော်စာ Fried Foods တွေလည်း ရှောင်တယ်လိုု့ ဆိုပါတယ်။

သကြားဓါတ်ပါတဲ့ အစားအသောက် စားဖြစ်ပေမယ့် ကယ်လိုရီ လောင်ကျွမ်းနိုင်အောင် နေ့ခင်းဘက်တွေမှာပဲ စားပြီး အိပ်ရာဝင်ချိန်နဲ့ နီးရင် မစားတော့ဘူးလို့လည်း ပြောပါတယ်။ ညစာကိုလည်း ၇ နာရီ နောက်ဆုံးထားပြီး စားပြီး ည ၇ နာရီကျော်တာနဲ့ ဘာမှ ထပ်မစားတော့ဘူးလို့ ပြောပါတယ်။ ဂျေဆန် စတက်ဟမ် ရဲ့ တစ်ရက်တာ Meal Plan ကို ကြည့်လိုက်ရင် အောက်မှာ ပြောထားတဲ့အတိုင်း ထွက်လာမှာပါ။ ဒီ Diet Plan က Death Race 2 နဲ့ Transporter 2 ရုပ်ရှင်အတွက် Body Transformation လုပ်ချိန်မှာ ဂျေဆန် စတက်ဟမ် စားသောက်ခဲ့တဲ့ Plan ဖြစ်ပါတယ်။

Jason-Statham-Diet-and-Workout-Plan-3

Photo : manofmany

(၁) Breakfast

မနက်စာအနေနဲ့ Jason Statham ဟာ လတ်ဆတ်တဲ့ သစ်သီး ၊ အုတ်နဲ့ ကြက်ဥပေါင်း Poached Eggs စားပါတယ်။ အသီးအနှံတွေထဲမှာ နာနတ်သီး ၊ စတော်ဘ်ရီသီး စတဲ့ အသီးအနှံတွေကို ဦးစားပေးစားပါတယ်။ ဒီအသီးတွေက ကျန်းမာရေးအကျိုး များသလို အရသလည်း ကြွယ်ဝပါတယ်။ အုတ် Oat ကတော့ အမျှင်ဓါတ် နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း Antioxidants တွေ ကြွယ်ဝလို့ တစ်နေ့တာရဲ့ အစအဖြစ် စားဖို့ အကောင်းဆုံး အစားအသောက်ပါပဲ။ နောက်ပြီး Cholesterol Level လျှော့ချရာမှာလည်း ကူညီပေးနိုင်ပါတယ်။ ကြက်ဥပေါင်းကိုတော့ ပရိုတိန်းအတွက် စားတာ ဖြစ်ပါတယ်။

(၂) Lunch

နေ့လည်စာ Lunch မှာ ဆန်လုံးညို Brown Rice ၊ ပေါင်းထားတဲ့ အသီးအရွက် နဲ့ Miso Soup တွေ သောက်ပါတယ်။ ဒါတွေက အာဟာရဓါတ်အားဖြင့်ရော ကျန်းမာရေးအရပါ အကျိုးကျေးဇူးများတာကြောင့် ဖြစ်ပါတယ်။ အဆာပြေ Snack စားဖို့အတွက် Peanut Butter နဲ့ အယ်လ်မွန် ၊ သီဟိုစေ့ စတဲ့ အစေ့အဆံတွေ စားပါတယ်။

(၃) Dinner

ညစာကိုတော့ အသားဓါတ် ကဲစားပါတယ်။ အဆီမပါတဲ့ အမဲသား Lean Beef ၊ ကြက်သား ၊ ငါး နဲ့ အရွက်သုတ် Salad တစ်ပွဲတို့ ဖြစ်ပါတယ်။ ဒါတွေကတော့ Jason Statham ရဲ့ Diet Plan ဖြစ်ပြီး လူတိုင်း အလွယ်တကူ လိုက်နာနိုင်တဲ့ Plan လည်း ဖြစ်ပါတယ်။

Featured Photo : manofmany