ဂီတနယ်ပယ်က အထူးခြားဆုံး ဂီတပညာရှင်တွေ အကြောင်း ပြောမယ်ဆိုရင် ၁၉၈၀ ဝန်းကျင်က ရေပန်းစားခဲ့တဲ့ အင်္ဂလိပ် ပေါ့ပ်အဆိုတော်နဲ့ တေးရေးဆရာ ဂျော့ခ်ျ မိုက်ကယ် ကိုတော့ ချန်ထားခဲ့လို့ မရနိုင်ပါဘူး။ သူ့ကို ၁၉၆၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ မွေးခဲ့ပြီး သူများနဲ့ မတူတဲ့ ဆန်းသစ်တဲ့ ဂီတဖန်တီးမှု ပုံစံတွေ ၊ သီချင်းအရေးအသား ၊ ထူးခြားတဲ့ အသံနဲ့ အဆိုစွမ်းရည်တွေကြောင့် လူသိများပါတယ်။

ဂျော့ခ်ျ ကို Careless Whisper ၊ Wake Me Up Before You Go-Go သီချင်းတွေနဲ့ တွဲသတိထားမိခဲ့ကြပြီး သူရဲ့ ပထမဆုံး တစ်ကိုယ်တော် Single သီချင်းဖြစ်တဲ့ “Careless Whisper” ဟာ နိုင်ငံပေါင်း ၂၀ ကျော်မှာ နံပါတ် ၁ နေရာ ရရှိခဲ့တဲ့အထိ အောင်မြင်မှုအကြီးအကျယ်ရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျော့ခ်ျ ရဲ့ Faith ၊ Father Figure ၊ One More Try နဲ့ Monkey စတဲ့ Single သီချင်း ၄ ပုဒ်ဟာလည်း Billboard Hot 100 မှာ နံပါတ် ၁ နေရာကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ဂျော့ခ်ျ ဟာ ၁၉၈၈ ခုနှစ်ရဲ့ ရောင်းအားအကောင်းဆုံး ဂီတအနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း စံချိန်ပေါင်း အယ်လ်ဘမ်အချပ်ရေပေါင်း ၁၁၅ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ ဂရမ်မီ ဆု ၂ ဆု ၊ Brit Awards ၃ ဆု ၊ American Music Awards ၃ ဆု ၊ Billboard Music Awards ၁၂ ကြိမ် ၊ MTV Video Music Awards ၄ ဆုနဲ့ Ivor Novello Awards ၆ ဆု အပါအဝင် ဂီတဆုပေါင်းများစွာ ရရှိခဲ့တဲ့ အကျော်ကြားဆုံး ဂီတပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဂီတချစ်သူ ပရိသတ်တွေအတွက် ဂျော့ခ်ျ မိုက်ကယ် ရဲ့ တေးသီချင်း များစွာထဲကမှ ဟော့ဖြစ်ခဲ့တဲ့ အကောင်းဆုံး တေးသီချင်း ၁၀ ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။

(၁) Careless Whisper – George Michael

Source : George Michael

(၂) One More Try – George Michael

Source : George Michael

(၃) Don’t Let The Sun Go Down On Me – George Michael , Elton John

Source : George Michael

(၄) Freedom! ’90 – George Michael

 

Source : George Michael

(၅) Jesus To A Child – George Michael

Source : George Michael

(၆) Father Figure – George Michael

Source : George Michael

(၇) Fastlove – George Michael

Source : George Michael

(၈) Faith – George Michael

Source : George Michael

(၉) Somebody To Love – George Michael , Queen

Source : George Michael

(၁၀) I Knew You Were Waiting For Me – George Michael , Aretha Franklin

Source : George Michael

Last Christmas ၊ I Want Your Sex ၊ Everything She Wants ၊ Amazing ၊ Monkey ၊ I’m Your Man ၊ A Different Corner ၊ Praying For Time ၊ If You Were There နဲ့ Spinning The Wheel စတဲ့ သီချင်းတွေကလည်း ဂျော့ခ်ျ ရဲ့ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့တေးသီချင်းကောင်းတွေပဲ ဖြစ်ပါတယ်။

Featured Photo : Siachen Studios