ယောကျာ်းလေးတော်တော်များများ စကင်းကဲ အဆင့်ဆင့်တွေ လုပ်ရတာကို တော်တော်လေး ပျင်းကြပါတယ်။ ဒါ့ကြောင့်လည်း အသားအရေ ပျက်စီးမှုဟာ ကျွန်တော်တို့ ယောကျာ်းလေးတွေမှာ ပိုအဖြစ်များကြတာပါ။ ဒါပေမယ့် အသားအရေကို အရမ်းကြီးမပျက်စီးစေချင်ဘူး ၊ ပုံမှန်လုပ်ရမယ့် အဆင့်ဆင့်သော စကင်းကဲနည်းတွေကိုလည်း မလုပ်ချင်ဘူးဆိုရင် အနည်းဆုံး မျက်နှာသေချာသစ်ပြီး Moisturizer တော့ လိမ်းပေးဖို့ လိုပါမယ်။ အစိုဓာတ်ထိန်းခရမ်င် လိမ်းတာက ဘာကြောင့်လိုအပ်လဲ ၊ ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲဆိုတာ ဒီဆောင်းပါးလေးမှာ လေ့လာကြည့်လိုက် ရအောင်ပါ။

(၁) အသားအရေ ခြောက်သွေ့မှုကို ကာကွယ်ပေးတယ်

Moisturizer

Photo : SCRUBD

အေးတဲ့ရာသီဖြစ်ဖြစ် ၊ ပူတဲ့ရာသီဖြစ်ဖြစ် ၊ လေအေးပေးစက်နဲ့ အိမ်ခန်းအတွင်း အပူချိန်တွေဟာ အရေပြားထဲက အစိုဓာတ်ကို စုပ်ယူနိုင်တဲ့ အဓိကအကြောင်းအရင်းတွေပါပဲ။ အစိုဓာတ်ထိန်းခရမ်င် ကတော့ ကွီးတို့ အရေပြားကနေ ဆုံးရှုံးသွားတဲ့ အစိုဓာတ်ကို အစားထိုးပေးရုံသာမက အသားအ‌ရေ ခြောက်သွေ့မှု ၊ အစိုဓာတ်ခမ်းခြောက်မှုတွေကိုလည်း ကာကွယ်ပေးပါတယ်။

(၂) အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို နှေးကွေးစေတယ်

Moisturizer

Photo : LinkedIn

အသက်အရွယ်အပြင် အစားအသောက်နဲ့ မှားယွင်းတဲ့ နေထိုင်မှုပုံစံတွေကြောင့် ကျွန်တော်တို့ရဲ့ မျက်နှာ အသားအရေဟာ အိုမင်းရင့်ရော်ခြင်းတွေကို ယူဆောင်လာ တက်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ရေဓာတ်ပြည့်ဝနေတဲ့ အသားအရေဟာ ငယ်ရွယ်နုပျိုခြင်းတွေကို ပေးစွမ်းတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ မျက်နှာအသားအရေကို Moisturizer နဲ့ ရေဓာတ်ဖြည့်ပေးမယ်ဆိုရင် တင်းရင်းပြီး နုပျိုတဲ့ ခံစားချက်ကို ရရှိစေမှာဖြစ်သလို အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကိုလည်း နှေးကွေးသွားစေမှာ အမှန်ပါပဲ။

(၃) ဝက်ခြံပြဿနာကို တိုက်ထုတ်ပေးတယ်

Moisturizer

Photo : The Independent

ရိုးရိုးလေးပဲ တွေးကြည့်ရအောင်ပါ။ ကွီးတို့ရဲ့ အသားအရေဟာ ရေဓာတ်ခမ်းခြောက်ပြီး ခြောက်သွေ့လာတာနဲ့အမျှ ချွေးပေါက်တွေဟာ ပိုမို ပိတ်ဆို့လာနိုင်သလို အဆီဂလင်းတွေဆီကနေ အဆီတွေ ပိုထွက်ရှိလာစေတဲ့အတွက် ဝက်ခြံပြဿနာကို ဖြစ်ပေါ်စေတာပါ။ ဒါကြောင့် အရေပြားကို ကောင်းစွာ ရေဓာတ်ဖြည့်ပေးရင်း အသားအရေရဲ့ အစိုဓာတ်ကို ထိန်းထားမယ်ဆိုရင်တော့ လိုအပ်တာထက် အဆီပိုထုတ်တာကို တားဆီးနိုင်မှာဖြစ်ပြီး ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၄) နေရောင်ခြည်ဒဏ် ကာကွယ်ပေးတယ်

Moisturizer

Photo : The Manual

နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အသားအရေကို ပျက်စီးကြမ်းတမ်းစေပြီး အိုမင်းရင့်ရော်စေတဲ့ အဓိကတရားခံပါ။ အပြင်ထွက်သည်ဖြစ်စေ ၊ အိမ်ထဲမှာနေသည်ဖြစ်စေ SPF ပါတဲ့ နေ့အချိန်မှာ နေရောင်ဒဏ်ကာခရမ်င် လိမ်းကို လိမ်းသင့်ပါတယ်။ ဒါကြောင့် အသားအရေ အစိုဓာတ်လည်း ထိန်းပြီး နေရောင်ခြည်ဒဏ်လည်း ကာကွယ်ပေးမယ့် 2-in-1 Moisturizer တွေကို ရွေးချယ်လိမ်းဖို့ အကြံပေးချင်ပါတယ်။

(၅) နီးမြန်းရောင်ရမ်းခြင်းတွေကို သက်သာစေတယ်

Moisturizer

Photo : Mantisfy

နေ့စဉ်ဘဝထဲက ထိတွေ့နေရတဲ့ ဖုန်နဲ့အညစ်အကြေးတွေ ၊ လေထုနဲ့ အခြား ဓာတ်ပစ္စည်းတွေကြောင့် အသားအရေ ခြောက်သွေ့ယားယံပြီး နီမြန်းနေပြီလား ? Sensitive ဖြစ်တဲ့ အသားအရေ ပိုင်ရှင်တွေဆိုရင် ပိုလို့တောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီလို အသားအရေ နီးမြန်းရောင်ရမ်းခြင်းတွေကို သက်သာစေဖို့အတွက် အစိုဓာတ်ထိန်းခရမ်င်တွေက ကူညီပေးနိုင်ပြီး အဓိကအားဖြင့် ရှားစောင်းလက်ပတ် ၊ Chamomile ၊ Oatmeal နဲ့ ပျားရည်တို့လို နီးမြန်းယားယံမှု ၊ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ Moisturizer တွေကို ရွေးချယ် အသုံးပြုပေးနိုင်ပါတယ်။

Source : St. Lves

Featured Photo : VitalSkin Dermatology