စခရင်မ် ကြီးလွန်းတာကိုလည်း မကြိုက်ဘူး၊ သေးလွန်းရင်လည်း မျက်စိ အားစိုက်ရမှာစိုးတဲ့ ကွီးတို့အတွက် အရွယ်အစား အနေတော်ဖြစ်တဲ့ ဖုန်း များကို ရွေးချယ်ချင်နေပါသလား။ ဒါဆိုရင်တော့ အခု ဖော်ပြပေးမယ့် အမျိုးအစားထဲက ရွေးချယ်သင့်ပါတယ်။ ဒီအမျိုးအစားများက စခရင်မ် အနေတော်ပဲမလို့ ဖုန်း ကိုင် သုံးနေတဲ့အချိန်မှာ လက်ထဲမှာ အံကိုက် ဖြစ်နေမှာ ဖြစ်ပြီး ကွီးတို့ သဘောကျမယ့် အကောင်းစားတွေပဲ ဖြစ်ပါတယ်။

(၁) Google Pixel 7

Google Pixel 7

၆.၃ လက်မ ဆိုတော့ စခရင်မ်ဆိုဒ်က အနေတော်ပဲလို့ ယူဆလို့ရပါတယ်။ Android 13 လို့ခေါ်တဲ့ Operating System ကို သုံးထားတဲ့အပြင် ဘက္ထရီကလည်း 4355mAh ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၉၉ ဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတယ်။

(၂) Apple iPhone SE (2022)

Apple iPhone SE (2022)

ဒုတိယ တစ်လုံးကတော့ Apple iPhone SE အမျိုးအစား ဖြစ်ပြီး ၂၀၂၂ ခုနှစ်ထုတ် ဖြစ်ပါတယ်။ CPU ကတော့ Apple A15 Bionic ကို အသုံးပြုထားပြီး သူ့ရဲ့ စခရင်မ် အရွယ်အစားကတော့ ၄.၇ လက်မ အရွယ်အစား ရှိပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ Face ID မပါတာပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၂၄၉ ဒေါ်လာသာ ကုန်ကျမှာဖြစ်ပါတယ်။

(၃) Nothing Phone 2

စခရင်မ် ဖုန်း

သူ့ရဲ့ စခရင်မ် အရွယ်အစားကတော့ ၆.၇ လက်မလောက် ရှိသွားပါမယ်။ အနည်းငယ်တော့ ကြီးသွားပါလိမ့်မယ်။ ကင်မရာပိုင်းကလည်း ပြောစရာမလိုအောင် ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး ကွီးတို့ အားလုံး သဘောကျမယ့် ဖန်ရှင်တွေ အကုန်လုံး ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ ၆၅၃ ဒေါ်လာ ကုန်ကျမှာ ဖြစ်ပါတယ်။

(၄) Google Pixel 7a

စခရင်မ် ဖုန်း

နောက်ထပ် စခရင်မ် အနေတော် ဖုန်း အမျိုးအစားကတော့ Google Pixel 7a ပဲ ဖြစ်ပါတယ်။ ၆.၁ လက်မသာ ရှိတာကြောင့် လက်ဖဝါး တစ်ဝါးစာခန့်မှာ ကောင်းကောင်းဆန့်ပါတယ်။ Operating system အတွက်ကိုတော့ Android 13 ကို အသုံးပြုထားပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၃၁၆ ဒေါ်လာသာ ပေးချေရမှာ ဖြစ်ပါတယ်။

(၅) Realme 9 Pro+

စခရင်မ် ဖုန်း

Realme 9 Pro+ ရဲ့ စခရင်မ် အရွယ်အစားကတော့ ၆.၄၃ လက်မသာ ရှိပါတယ်။ Operating System ကတော့ Android 12 ကို အသုံးပြုထားတာဖြစ်ပြီး ဘက္ထရီကတော့ 4500mAh ရှိပါတယ်။ 60W Fast Charging လည်း ပါဝင်တဲ့အပြင် ကင်မရာကလည်း အလန်းစားပါပဲ။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၉ ဒေါ်လာသာ ကုန်ကျမှာ ဖြစ်ပါတယ်။

ဒီဖုန်းမော်ဒယ်တွေကတော့ စခရင်မ် မသေး မကြီး အနေတော်လေးကိုမှ လိုချင်တဲ့ ကွီးတို့ အကြိုက်နဲ့ ကွက်တိကျစေမယ့် မော်ဒယ် အမျိုးအစားများပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အခု ဖော်ပြသွားတဲ့အထဲက ဘယ်အမျိုးစားကို နှစ်သက်ပါသလဲ။

Source: Stuff.tv

Featured Image: Trustedreviews