ရှော်တီလေးတွေကို စည်ပိုင်း ခန္ဓာကိုယ်နဲ့ ဆက်စီကျကျ ခန္ဓာကိုယ် မှာ ဘယ်ခန္ဓာကိုယ်ကို ရွေးမလဲလို့ မေးကြည့်လိုက်ပါ။ ဘယ်အဖြေကို ဖြေကြမယ်လို့ ထင်ပါသလဲ။
အဖြေကတော့ သိသာပါတယ်။ စည်ပိုင်း ခန္ဓာကိုယ် ကတော့ ကျန်းမာရေးအတွက်လည်း မကောင်းသလို ဆွဲဆောင်မှုလည်း ကျစေမှာပါ။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်က စည်ပိုင်းလို ဝဝတုတ်တုတ်ကြီး ဖြစ်လာပြီဆိုရင်တော့ လေ့ကျင့်ခန်း မှန်မှန် ပြန်လုပ်ဖို့ လိုအပ်နေပါပြီ။
ဘယ်လို Workout လေ့ကျင့်ခန်းတွေက ကွီးတို့ ခန္ဓာကိုယ်ကို ဆက်စီကျကျ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲပေးနိုင်မလဲ။
ကွီးတို့ ခန္ဓာကိုယ်တစ်ခုလုံးရှိ အဆီပိုများကို ဖယ်ရှားပေးမယ့် Workout ရဲ့ နာမည်ကတော့ Tabata Training ပဲဖြစ်ပါတယ်။ သူ့ကို ဘာ့ကြောင့် Tabata လို့ ခေါ်သလဲဆိုရင် ၁၉၉၆ ခုနှစ်က ပရော်ဖက်ဆာ Izumi Tabata က ဒီထရိန်နင်အကြောင်းကို လေ့လာခဲ့လို့ပဲဖြစ်ပါတယ်။ အချိန်တိုအတွင်းနဲ့ ဝိတ်အမြန်ကျစေဖို့အတွက် ထိရောက်မှုရှိတဲ့ Workout လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်းများကို ပြုလုပ်တဲ့အခါ လေ့ကျင့်ခန်း တစ်ခုကို စက္ကန့် ၂၀ ပြုလုပ်ရမှာဖြစ်ပြီး စုစုပေါင်း ၈ ကျော့ ကစားရမှာဖြစ်ပါတယ်။ တစ်ကျော့နဲ့ တစ်ကျော့ကြား ၁၀ စက္ကန့် အနားယူရမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်း အမျိုးအစားတစ်ခုကနေ နောက်ထပ် အသစ်တစ်မျိုး ပြောင်းတဲ့အခါ ကြားထဲမှာ ၁ မိနစ် အနားယူနိုင်ပါတယ်။
အရင်ဦးဆုံး သွေးပူ လေ့ကျင့်ခန်းကို ၅ မိနစ်ခန့် ဆော့ကစားရမှာဖြစ်ပါတယ်။
Push Up
ဒုတိယ လေ့ကျင့်ခန်းကတော့ Push Up လေ့ကျင့်ခန်းဖြစ်ပြီး စက္ကန့် ၂၀ ဆော့ကစားပါ။ ထို့နောက် ၁၀ စက္ကန့် အနားယူကာ ၈ ကျော့တိတိ ဆော့ကစားရမှာဖြစ်ပါတယ်။ ၈ ကျော့ ပြည့်တဲ့အခါမှာတော့ ၁ မိနစ် အနားယူလိုက်ပါ။
Squat
၁ မိနစ်ပြည့်အောင် အနားယူပြီးတဲ့နောက်မှာတော့ Squat ထိုင်ရမှာဖြစ်ပါတယ်။ Squat လေ့ကျင့်ခန်းကိုလည်း စောစောကလိုပဲ စက္ကန့် ၂၀၊ ၈ ကျော့ ကစားပါ။ တစ်ကျော့နဲ့ တစ်ကျော့ကြား ၁၀ စက္ကန့် အနားယူပါ။ ၈ ကျော့ ပြည့်တဲ့အခါ ၁ မိနစ် အနားယူပါ။
Pull Up
Pull Up လေ့ကျင့်ခန်းကိုလည်း စောစောက Pattern အတိုင်း ဆော့ကစားရမှာဖြစ်ပါတယ်။ စက္ကန့် ၂၀၊ ၈ ကျော့ ဆော့ပါ။ တစ်ကျော့နဲ့ တစ်ကျော့ကြား ၁၀ စက္ကန့် အနားယူပါ။ ၈ ကျော့ ပြည့်တဲ့အခါ ၁ မိနစ်တိတိ အနားပေးပါ.
Lunges

Lunges လေ့ကျင့်ခန်းသည်လည်း ကွီးတို့ရဲ့ ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးပြီး ကြွက်သားများ အဖုအထစ်နဲ့ ကြည့်ကောင်းလာအောင် ကူညီပေးပါလိမ့်မယ်။ သူ့ကိုလည်း စောစောက Pattern အတိုင်း ဆော့ကစားပေးမယ်ဆိုရင် ၄ မိနစ်စာ ဆော့ကစားပြီးပြီဖြစ်ပါတယ်။
လေ့ကျင့်ခန်းအားလုံး ပြီးသွားတဲ့အခါမှာတော့ အကြောလျော့ လေ့ကျင့်ခန်းများကို ၅ မိနစ်တိတိ ဆော့ကစားပေးရမှာဖြစ်ပါတယ်။
ဒီ Tabata Workout ကို ဆော့ကစားတဲ့အခါ ၁၀ စက္ကန့် အနားယူရမယ်၊ ၁ မိနစ် အနားယူရမယ့်ဆိုရင် အတိအကျ လိုက်နာဖို့ လိုအပ်ပါတယ်။ ၁ မိနစ်တည်း နားရမှာကို မိမိ စိတ်ကြိုက် အနားယူပစ်လို့ မရပါဘူး။ ကိုယ့် စိတ်ကြိုက် နားမယ်ဆိုရင်တော့ လေ့ကျင့်ခန်းက ထိရောက်မှုနည်းပြီး အချိန်ကြာနိုင်လို့ပဲဖြစ်ပါတယ်။
Source: Fitfatherproject
Featured Image: Freepik



