ကွီးတို့ ကျွန်တော်တို့အပါအဝင် လူတိုင်းမှာ ဖြစ်ချင်တဲ့အရာတွေ၊ ပန်းတိုင်တွေ၊ အိမ်မက်တွေ ရှိကြပါတယ်။ သို့သော်လည်း လူတိုင်းတော့ ကိုယ့်ဘဝရဲ့ အိမ်မက်ကို အကောင်အထည် မဖော်နိုင်ကြပါဘူး။ စိတ်ကူးယဉ် အိမ်မက်မက်နေရုံနဲ့ ပြီးဆုံးသွားတတ် ကြပါတယ်။ ကွီးတို့ရဲ့ အိမ်မက်ကရော ဘာပါလဲ။ ကွီးတို့ အိမ်မက်ကို စိတ်ကူးနေရုံပဲလား၊ ဒါမှမဟုတ် အကောင်အထည်ဖော်ဖို့ စတင်လုပ်ဆောင်နေပါပြီလား။ ဘယ်လိုပဲ ပန်းတိုင်တွေ၊ ဖြစ်ချင်တဲ့ အရာတွေကို စိတ်ကူးယဉ်နေရုံနဲ့ တော့ ဘာမှဖြစ်မလာနိုင်ပါဘူး။ ဒါ့ကြောင့် ကွီးတို့အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ ရိုးရှင်းတဲ့ အကြံပြုချက်လေးတွေကို ဒီဆောင်းလေးကနေ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အိမ်မက်ကို ရှင်းလင်းပြတ်သားစွာ သိရှိပါစေ

စိတ်ကူးယဉ် အိမ်မက်မက်နေရုံနဲ့

Photo : Oxbridge

အိမ်မက်ကို အကောင်အထည်ဖော်ဖို့ဆိုရင် မိမိရဲ့ အိမ်မက်က ဘာလဲဆိုတာ ရှင်းလင်းပြတ်သားစွာ သိဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ ကိုယ်အမှန်တကယ် လိုချင်တဲ့အရာ၊ ကိုယ်အနာဂတ်မှာ ပိုင်ဆိုင်ချင်တဲ့ အိမ်မက်က ဘာလဲဆိုတာ။ မိမိရဲ့ အိမ်မက်ကိုတောင် သေချာမသိဘူးဆိုရင် လေလွင့်နေတဲ့ စွန်ငယ်လိုပါပဲ၊ ကွီးတို့ဘဝက ဦးတည်ချက်မရှိဖြစ်နေမှာပါ။ ထို့အတူပါပဲ ကွီးတို့လိုချင်တဲ့အရာကို ရှင်းရှင်းလင်းလင်း ပုံမဖော်နိုင်ရင် အဲဒီအိပ်မက်တွေကို လက်တွေ့ဖြစ်လာဖို့က ပိုခက်ခဲပါတယ်။ ဒါ့ကြောင့် မိမိရဲ့ အိမ်မက်ကို ရှင်းလင်းပြတ်သားစွာ သိနိုင်ဖို့၊ ပုံဖော်နိုင်ဖို့ အရင်ဆုံးလုပ်ပါ။

ယုံကြည်မှု ထားရှိပါ

စိတ်ကူးယဉ် အိမ်မက်မက်နေရုံနဲ့

Photo : Irreverent Gent

ကိုယ့်ကိုယ် ယုံကြည်မှုရှိခြင်းက ကိုယ်လိုချင်တဲ့ အရာကို ရယူနိုင်ဖို့အတွက် ရှိထားသင့်တဲ့ အရေးအကြီးဆုံး အချက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ပဲ ဘယ်လိုအရာကိုမှ ရယူပိုင်ဆိုင်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒါ့ကြောင့် “ငါ မလုပ်နိုင်လောက်ဘူး” ဆိုတဲ့ အပျက်သဘောဆောင်တဲ့ အတွေးအမြင်တွေအစား “ငါ လုပ်နိုင်တယ်၊ ငါလည်းအောင်မြင်နိုင်တယ်” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အတွေးအမြင်ကို ထားရှိပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ထားရှိခြင်းက အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ ပထမဆုံး ခြေလှမ်းပါပဲ။

သူများနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်နေတာကို ရပ်လိုက်ပါ

Photo : Think Eternity

လူတိုင်းက သူ့အချိန်နဲ့သူ လျှောက်လှမ်းနေကြတာပါ။ ကိုယ်နဲ့ ရွယ်တူတွေ ကိုယ့်ထက်ငယ်တဲ့သူတွေ အောင်မြင်နေတာတွေကို ကြည့်ပြီး ကိုယ်က ဘာမှ ဖြစ်မလာသေးဘူးဆိုပြီး စိတ်မပျက်ပါနဲ့။ ဒီလို နှိုင်းယှဉ်နေတယ်ဆိုရင်လည်း ထိုအတွေးကို ချက်ချင်းရပ်တန့် ပစ်လိုက်ပါ။ ဒီလို နှိုင်းယှဉ်နေမယ့်အစား ကိုယ့်ရဲ့ အသေးငယ်ဆုံးသော အောင်မြင်မှု၊ ပြီးမြောက်မှုတွေကို ဂုဏ်ယူလိုက်ပါ။ ဒီလို ဂုဏ်ယူခြင်းဖြင့် ကွီးတို့နောက်ထပ် ရင်ဆိုင်ရမယ့် စိန်ခေါ်မှု‌တွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လေးစားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

ကြိုးစားအားထုတ်ပါ

Photo : Lost at Say

အိမ်မက်တွေကို ထားရှိပြီးပြီဆိုရင် စိတ်ကူးယဉ် အိမ်မက်မက်နေရုံနဲ့ တော့မရပါဘူး။ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။ ကြိုးစားသူတိုင်းအတွက် အမြဲတမ်းနေရာ တစ်နေရာ ရှိပါတယ်။ ကိုယ့်ရဲ့ အိမ်မက်က ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ လက်တွေ့ ဖြစ်လာဖို့ မဆုတ်မနစ် ကြိုးစားပါ။ တစ်ချိန်မှာ ကွီးတို့အိမ်မက်က အမှန်တကယ်ဖြစ်လာမှာ အသေအချာပါပဲ။

ကွီးတို့ရဲ့ ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်တိုင်ပုံဖော်နေရတာပါ။ ကိုယ့်ရဲ့ ပစ္စုပ္ပန်က လုပ်ဆောင်နေတဲ့အရာတွေက အနာဂတ်ကို ဖြည်းဖြည်းချင်းပုံဖော်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ အိမ်မက်ဆီကို တစ်စိုက်မတ်မတ် လျှောက်လှမ်းသွားဖို့ပဲ လိုတာပါ။

Featured Photo : Times of Israel