စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားကာ လုပ်ဆောင်နေရတဲ့ လုပ်ငန်းဆောင်တာ အမျိုးမျိုးကြောင့် စိတ်ဖိစီးမှုများ ကြုံတွေ့ခံစားနေရပါသလား။ ဒီလိုခံစားနေရတာ သင် တစ်ယောက်တည်းမဟုတ်လို့ စိတ်ဓာတ်မကျလိုက်ပါနဲ့။ အောက်ခြေဝန်ထမ်းငယ်များကအစ ဟိုးအထက်အရာကြီးအလယ် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များအဆုံး စိတ်ဖိစီးမှုများကို ခံစားနေရကြရတာဖြစ်ပါတယ်။ ဒီလိုမျိုး စိတ်ဖိစီး မှုများကို သက်သာပြေပျောက်စေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အသက်ရှူ လေ့ကျင့်ခန်း များကို ပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

breathing exercise

Photo: Healthline

ညာဘက်လက်ကို နှာခေါင်းပေါ်တင်ကာ မျက်စိမှိတ်ထားလိုက်ပါ။

ထို့နောက် အသက်ပြင်းပြင်း တစ်ကြိမ်ခန့် ရှူသွင်းကာ ရှူထုတ်လိုက်ပါ။

ထို့နောက် သင့်ရဲ့ညာဘက်နှာခေါင်းပေါက်ကို လက်မဖြင့် ပိတ်လိုက်ပါ။ ဘယ်ဘက်နှာခေါင်းပေါက်ဖြင့် အသက်ရှူသွင်းလိုက်ပါ။ လက်သန်းဖြင့် ဘယ်နှာခေါင်းပေါက်ကို ပိတ်၊ ညာနှာခေါင်းပေါက်ကိုဖွင့်ပြီး အသက်ရှူထုတ်လိုက်ပါ။

ဒီလိုမျိုး ဘယ်ညာ တစ်လှည့်စီကို အသက်ရှူသွင်း ရှူထုတ်ပြုလုပ်ပေးရပါမယ်။ တစ်မိနစ်ခန့် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

breathing exercise

Photo: iStock

ကြမ်းပြင်ပေါ်တွင် လှဲလျောင်းကာ ညာလက်ကို ရင်ဘတ်ပေါ် တင်ထားပြီး ဘယ်လက်ကို ဝမ်းဗိုက်ပေါ် တင်ထားလိုက်ပါ။

ဝမ်းဗိုက်ဖြင့် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် အသက်ပြင်းပြင်းပြန်လည်ရှူထုတ်လိုက်ပါ။ သင့်ရဲ့ရင်ဘတ်နှင့် ဝမ်းဗိုက်သည် တစ်လှည့်စီ အနိမ့်အမြင့် အတက်အကျဖြစ်နေရပါမယ်။

ကွီး တို့အနေနဲ့ စိတ်ဖိစီး မှုများကို အလုံးစုံ ပြေပျောက်သွားစေချင်တယ်ဆိုရင်တော့ ဒီ အသက်ရှူ လေ့ကျင့်ခန်း ကို သုံးမိနစ်မှ ၅ မိနစ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

စိတ်ဖိစီး အသက်ရှူ လေ့ကျင့်ခန်း

Photo: Healthline

ကြမ်းပြင်ပေါ်တွင် ခါးမတ်မတ်ထိုင်နေပါ။ ၁၊ ၂၊ ၃၊ ၄ လို့ ဖြည်းဖြည်းချင်းစီရေတွက်ကာ အသက်ရှူထုတ်လိုက်ပါ။

ထို့နောက် ၁၊ ၂၊ ၃၊ ၄ လို့ ဖြည်းဖြည်းချင်းစီ ရေတွက်ကာ အသက်အောင့်ပါ။

ပြီးရင်တော့ ၁၊ ၂၊ ၃၊ ၄ လို့ ဖြည်းဖြည်းချင်းစီ ရေတွက်ကာ အသက်ရှူသွင်းလိုက်ပါ။

ထိုနည်းအတိုင်း ၃ မိနစ်ခန့် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

စိတ်ဖိစီး အသက်ရှူ လေ့ကျင့်ခန်း

Photo: Artofliving

သက်သောင့်သက်သာရှိတဲ့အနေအထားဖြင့် ထိုင်နေပါ။

ပါးစပ်ပိတ်ထားပြီး နှာခေါင်းပေါက်ဖြင့် ၂ စက္ကန့်ခန့် အသက်ရှူလိုက်ပါ။

ထို့နောက် အနမ်းပေးတော့မယ့် အနေအထားဖြင့် နှုတ်ခမ်းကို စူကာ ပါးစပ်ဖြင့် ၄ စက္ကန့်ဖြင့် အသက်ရှူထုတ်လိုက်ပါ။

အသက်ရှူသွင်း ရှူထုတ်ခြင်းကို ဖြည်းဖြည်းချင်းစီ ပြုလုပ်ပေးလိုက်ပါ။

၃ မိနစ်ကနေ ၅ မိနစ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

ကွီး တို့ရဲ့ စိတ်ဖိစီး မှုများ၊ စိတ်ပူပန်စရာများအတွက် အခုဖော်ပြပေးတဲ့ အသက်ရှူ လေ့ကျင့်ခန်း များဖြင့် ပြေပျောက်သွားအောင် ကြိုးစားအားထုတ်လိုက်ပါ။

Source: Verywellmind

Featured Image: Medicalnewstoday