စုံတွဲ လိုက် Workout ပြုလုပ်ခြင်းကြောင့် ခံစားရရှိတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုတာ ကွီးတို့ သိပြီးပါပြီလား။
FA တွေကတော့ ဒီအကျိုးကျေးဇူးတွေကို ရရှိခံစားနိုင်မှာ မဟုတ်ပါဘူး။ ထိုအကျိုးကျေးဇူးများကတော့…
ကိုယ့်ရဲ့ Body Goal ကို မြန်မြန်ရရှိအောင် ကူညီပေးခြင်း၊ သမီးရည်းစားဆက်ဆံရေးမှာ ပိုမိုပျော်ရွှင်ရခြင်း၊ တစ်ယောက်က လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းနေရင်တောင်မှ အခြားတစ်ယောက်က မပျင်းဖို့ လက်တွဲခေါ်သွားခြင်း၊ နှစ်ဦးသားစလုံး ကျန်းကျန်းမာမာနဲ့ အနာရောဂါ ကင်းဝေးကာ သက်ဆုံးတိုင် လက်တွဲသွားနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများပဲ ဖြစ်ပါတယ်။
FA ကွီးတို့လည်း အထက်ဖော်ပြပါ အကျိုးကျေးဇူးများကို ရရှိခံစားချင်တယ်ဆိုရင်တော့ အခုဆက်လက်ဖော်ပြမယ့် လေ့ကျင့်ခန်းများကို အတူတူတွဲလုပ်ဖို့ စိတ်တူကိုယ်တူ ရှော်တီလေးတစ်ယောက် အမြန်ရှာသင့်ပြီဗျို့။
(၁) ခန္ဓာကိုယ် အပေါ်ပိုင်းကြွက်သားများအတွက် ဆော့ကစားခြင်း
ဒီလေ့ကျင့်ခန်းကတော့ မျက်နှာချင်းဆိုင် ဒိုက်ထိုးရမယ့် လေ့ကျင့်ခန်းလေးပဲ ဖြစ်ပါတယ်။ တံတောင်ကို ကွေးလိုက်ပြီးနောက် တံတောင် ပြန်ဆန့်တန်းတဲ့အချိန်မှာ ပုံပါအတိုင်း High Five လုပ်သလိုမျိုး လက်နှစ်ဖက်ကို ထိကပ်ရမှာပဲ ဖြစ်ပါတယ်။ High Five လုပ်ဖို့အတွက်ဆိုရင်တော့ နှစ်ယောက်စလုံး စည်းချက်ညီညီနဲ့ ဒိုက်ထိုးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် High Five လုပ်နိုင်မှာပါ။
(၂) နောက်ကျောကြွက်သားများအတွက် ဆော့ကစားခြင်း
ဒီလေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ Gym သွားနေစရာ မလိုပါဘူး။ ကွီးတို့ရဲ့ ပါတနာကို ယုံကြည်ဖို့ပဲ လိုအပ်တာပါ။
အရင်ဦးဆုံး ကိုယ့်ရဲ့ ရှော်တီလေးရဲ့ ခြေထောက်နှစ်ဖက်ကို ပုံပါအတိုင်း ကိုင်ထားလိုက်ပါ။ ထို့နောက် အရှေ့ကလူက ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြမ်းပြင်သို့ နိမ့်ဆင်းသွားအောင် ပြုလုပ်ရပါမယ်။ ခါးကုန်မသွားအောင် သတိထားရမှာပဲဖြစ်ပါတယ်။ ပြီးတဲ့အခါ ခန္ဓာကိုယ်ကို မူလအနေအထားအတိုင်း အပေါ်သို့ ပြန်ကြွလိုက်ပါ။
သတ်မှတ်အကြိမ်ရေ ပြည့်သွားတဲ့အခါ နေရာချင်းလဲကာ လေ့ကျင့်ခန်း ပြုလုပ်ရပါမယ်။
(၃) ခန္ဓာကိုယ် အောက်ပိုင်းကြွက်သားများအတွက် ဆော့ကစားခြင်း
ဒီလေ့ကျင့်ခန်းကတော့ Hook Squats လို့ ခေါ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လက်နှစ်ဖက်ကို ပုံပါအတိုင်း ချိတ်ထားဖို့ လိုအပ်လို့ပါပဲ။ ပြီးရင်တော့ Squat ထိုင်ပေးလိုက်ရုံပါပဲ။
(၄) ပေါင်နှင့် ခြေသလုံး ကြွက်သားများအတွက်
Wall Sits လေ့ကျင့်ခန်းဆိုတာကတော့ နံရံကို မှီပြီး ဒူးနှစ်ဖက်ကို ၉၀ ဒီဂရီ ကွေးထားကာ လေ့ကျင့်ခန်း ပြုလုပ်ရတာပဲ ဖြစ်ပါတယ်။ ကွီးတို့သာ စုံတွဲ Workout လုပ်မယ်ဆိုရင်တော့ နံရံတွေ ဘာတွေ မလိုတော့ပါဘူး။ နှစ်ယောက်သား ကျောချင်းကပ်ပြီး လေ့ကျင့်ခန်းပြုလုပ်လို့ရပါတယ်။
(၅) တစ်ယောက်က Wall Sit လုပ်၊ နောက်တစ်ယောက်က Tricep Dip လုပ်
ဒီတစ်ခါမှာတော့ ကွီးတို့က နံရံကို မှီပြီး Wall Sit ထိုင်နေပါ။ ကွီးတို့ စကီလေးက သူတို့ လက်နှစ်ဖက်ကို ကွီးတို့ ပေါင်ပေါ်တင်ထားပြီး Tricep Dip ပြုလုပ်မှာပဲဖြစ်ပါတယ်။ သတ်မှတ်အကြိမ်ရေ ပြည့်သွားတဲ့အခါ နေရာချင်းလဲပြီး လေ့ကျင့်ခန်း ဆက်လက်ပြုလုပ်လိုက်ပါ။
စဥ်းစားကြည့်ရုံနဲ့တင် ပျော်စရာကောင်းတယ် မဟုတ်လား။ ဒါဆိုရင်တော့ ရှော်တီလေးကို အမြန်လက်တို့ပြီး Workout အတူတူ ပြုလုပ်ကြည့်လိုက်ပါ။
ကွီးတို့ရော ကိုယ့်ရဲ့ ရှော်တီလေးနဲ့အတူတူ လေ့ကျင့်ခန်း ပြုလုပ်ဖြစ်ပါသလား။ ဘယ်လိုလေ့ကျင့်ခန်းမျိုး အတူတူ ပြုလုပ်ဖြစ်ပါသလဲ။
Source: Fitbod
Featured Image: Freepik