ဒီနေ့ညတော့ ပရီးမီးယားလိဂ်က ပွဲကောင်းတွေပဲ ကွီးတို့ ညိုကီတို့ရေ။ နယူးကာဆယ် နဲ့ အာဆင်နယ် ပွဲ ၊ ဝက်စ်ဟမ်း နဲ့ မန်ယူနိုက်တက် ပွဲတွေ ရှိနေတယ်ဗျ။ ဒီပွဲတွေထဲကမှ ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ နယူးကာဆယ် နဲ့ အာဆင်နယ် ပွဲအကြောင်းလေး ပြောကြည့်ကြရအောင်လားဗျာ။
Photo Credit : Arsenal
ပြီးခဲ့တဲ့ ဘောလုံးရာသီ အခုလို ရာသီသိမ်းခါနီးလောက်မှာပဲ ဒီနှစ်သင်း တွေ့ဆုံခဲ့ကြဖူးသေးတယ်။ အဲ့ဒီတုန်းကလည်း အခုလို စိန့်ဂျိမ်းစ်ပတ်ခ်မှာပဲ။ အဲ့ဒီတုန်းက အိမ်ရှင် ငှက်ကျားတွေက အာဆင်နယ်တို့ကို အနိုင်ယူခဲ့ပြီး အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေကို ဖျက်ဆီးသွားခဲ့ပါတယ်။ အခုလည်း အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မျှော်လင့်ချက် ရှိနေသေးတဲ့အချိန် အဲ့ဒီ မျှော်လင့်ချက်ကို ငှက်ကျားတို့ ထပ်မံ ဖျက်ဆီးပစ်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။
Photo Credit : Pain in the Arsenal
ဒီရာသီမှာ အာဆင်နယ်အသင်းက ဘယ်သူမှ မထားလောက်အောင်ကို စွမ်းဆောင်ရည်ကောင်းတွေ ပြသရင်း အမှတ်ပေးဇယားထိပ်မှာ ကာလရှည်ကြာ ရပ်တည်နိုင်ခဲ့ပေမယ့် ရာသီသိမ်းခါနီးမှ (၄)ပွဲဆက် နိုင်ပွဲပျောက်သွားပြီး ပထမနေရာကပါ ဖယ်ပေးလိုက်ရပါတယ်။ ဒီအချိန်မှာတော့ နယူးကာဆယ်က ရလဒ်ကောင်းတွေ ဆက်တိုက် ရယူနေရင်းနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပါ ပိုမို သေချာလာတဲ့ အခြေအနေမျိုး ဖြစ်လာရပါတယ်။
Photo Credit : Pain in the Arsenal
ထူးခြားတာတစ်ခုက ဒီရာသီမှာ အာဆင်နယ်တို့ အမြင့်ပျံနေချိန် ပွဲတိုင်း ဂိုးတွေ ရယူနေချိန်မှာ အာဆင်နယ် တိုက်စစ်ကို စတင် ရပ်တန့်နိုင်ခဲ့တာ နယူးကာဆယ်ပါ။ အာဆင်နယ်ရဲ့ Emirate ကွင်းမှာပဲ အာဆင်နယ် တိုက်စစ်ကို လုံးဝ ဂိုးမပေးရအောင် ကစားနိုင်ခဲ့တဲ့ နယူးကာဆယ် ခံစစ်ပိုင်းက လုံးဝ ထူးခြားကောင်းမွန်ပါတယ်။ လက်ရှိမှာတော့ နယူးကာဆယ်က နေရာစုံမှာပါ အကောင်းဆုံး ပုံစံ ရရှိနေပါပြီ။ အာဆင်နယ်ကလည်း လန်ဒန်ဒါဘီမှာ ချယ်လ်ဆီးကို အနိုင်ရထားလို့ ယုံကြည်ချက်တွေ ပြန်ရနေချိန်ဖြစ်လို့ အခုပွဲက လုံးဝကို အကြိတ်အနယ်ဖြစ်မှာ သေချာနေပြီး အာဆင်နယ်အတွက်လည်း စီးတီးနဲ့ ပွဲအပြီး နောက်ထပ် ခက်ခဲလှပါသော စာမေးပွဲတစ်ခုကို ထပ်မံ ဖြေဆိုသွားရဦးမှာပဲ ဖြစ်ပါတယ်။
Featured Photo : Sky Sports