တနင်္လာနေ့ညက အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူးအသင်းပွဲစဉ်မှာ ဆန်ချို ရဲ့အဖွင့်ဂိုး သွင်းယူစဉ် အဆုံးရွားဆုံးပုံစံနဲ့ ကာကွယ်မှုပြုလုပ်ခဲ့တဲ့ ဗန်ဒိုက် ကို တွစ်တာပေါ်မှာ ‘Van Disney’ ဆိုပြီး ပရိသတ်တွေ လှောင်ပြောင်နေကြပါတယ်။
Photo : Daily Mail
အဆိုပါပွဲစဉ်ရဲ့ ပွဲကစားချိန် ၁၆ မိနစ်မှာပဲ အဲရစ်ဆင် နဲ့ အီလန်ဂါတို့ရဲ့ ဘယ်ဘက်ထောင့် ကနေ ဖြတ်တင်ပေးပို့ခဲ့တဲ့ ဘောလုံးကို အင်္ဂလန် လက်ရွေးစင်ကြယ်ပွင့် ဆန်ချိုက လီဗာပူးဂိုးဧရိယာထောင့်ကို အလှပဆုံးကန်သွင်းခဲ့ပြီး ယူနိုက်တက်အသင်းအတွက် အံ့အားသင့်ဖွယ် ဦးဆောင်အဖွင့်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် လီဗာပူးအနေနဲ့တော့ ဒီဂိုးဟာ ခံစစ်ကစားသမားတွေရဲ့ ဆိုးရွားတဲ့ခုခံကာကွယ်မှုကနေ ခွင့်ယူပေးခဲ့ရတဲ့ ဂိုးဖြစ်ပြီး လီဗာပူး ခံစစ်မှူးဗန်ဒိုက်က ဂိုးဧရိယာ ဗဟိုနေရာမှာ လက်နှစ်ဘက်ကိုနောက်ပစ်ပြီး အေးစက်တည်ငြိမ်တဲ့ပုံနဲ့ ရပ်စောင့်နေခဲ့တာကြောင့် ပရိသတ်တွေက ‘Van Disney’ ဆိုပြီး အွန်လိုင်းပေါ်မှာ လှောင်ပြောင်ဝေဖန်နေကြတာ ဖြစ်ပါတယ်။
ဆန်ချို ရဲ့ ဦးဆောင်သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီးနောက်မှာ လီဗာပူးဒုတိယ အသင်းခေါင်းဆောင် မီလ်နာနဲ့ ခံစစ်မှူး ဗန်ဒိုက် တို့နှစ်ဦး အပြန်အလှန် အချေအတင် အော်ဟစ်ပြောဆိုနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ကမ္ဘာ့အကောင်းဆုံး ခံစစ်ကစားသမားလို့ သတ်မှတ်ခံထားရတဲ့ ဗန်ဒိုက် ဟာ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်မှာလည်း ပြိုင်ဘက် ဖူလ်ဟမ်တိုက်စစ်မှူး အလက်ဆန်ဒါ မီထရိုဗစ်ရဲ့ ကျော်ဖြတ်ခြင်းကို ခံခဲ့ရပြီး မီထရိုဗစ်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက လီဗာပူးကို
ရောက်ရှိလာခဲ့တဲ့ ဗန်ဒိုက်အား တစ်ဦးချင်းအနေအထားမှာ ပထမဆုံးဖြတ်ကျော်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။
Photo : SPORTbible
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်အသင်းကို ၂ ပွဲဆက်ရှုံးနိမ့်ပြီး အဆိုးရွားဆုံး ပရီးမီးယားလိဂ်ရာသီစတင်မှုနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် မနေ့က အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန်ဒါဘီပွဲစဉ်မှာ ပထမပိုင်း ပွဲစပြီး ၁၅ မိနစ်အတွင်းမှာတင် ဆန်ချိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးရရှိခဲ့ပြီး ဒုတိယမြောက်အနိုင်ဂိုးကိုတော့ ဒုတိယပိုင်းပွဲချိန် ၅၃ မိနစ်မှာ ရက်ဖို့ဒ်က သွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန် ၈၁ မိနစ်မှာ လီဗာပူးအသင်းအတွက် ခြေပဂိုးကို ဆာလာကသွင်းယူပေးခဲ့ပေမယ့် ပွဲပြီးရလဒ် ၂ – ၁ ဂိုးနဲ့ ယူနိုက်တက်အသင်းရဲ့ ဒီရာသီပထမဆုံးနိုင်ပွဲရရှိခဲ့ပါတယ်။
Featured Photo : SPORTbible