ကိုးရီးယား ဆိုဂျူးတွေကို အခုဆိုရင် ဈေးကွက်ထဲမှာ တံဆိပ်မျိုးစုံ၊ အမျိုးအစားမျိုးစုံကို အလွယ်တကူ ရရှိနိုင်ပါတယ်။ ကိုးရီးယား ဆိုဂျူး ကိုကြိုက်နှစ်သက်တယ်ဆိုရင် ဆိုဂျူးနဲ့ ဖျော်စပ်ထားတဲ့ ကော့လ်တေးတွေကိုလည်း ကြိုက်နှစ်သက်မှာပါ။ ဆိုဂျူး ကော့လ်တေးတွေကို ကြိုက် နှစ်သက်ပြီး မျိုးစုံ ဖျော်စပ်သောက်သုံးချင်တဲ့ ကွီးတို့အတွက် ကိုးရီးယား ဆိုဂျူးနဲ့ ဖျော်စပ်နိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ အမိုက်စား ဆိုဂျူး ကော့လ်တေးများ ကိုဖော်ပြပေးချင်ပါတယ်။
(၁) Yogurt Soju

Photo : AZ Central
ကွီးတို့အတွက် ပထမဆုံးဖော်ပြချင်တာကတော့ ဆိုဂျူး ကော့လ်တေးများ ထဲကတစ်ခုကတော့ Yogurt Soju ဖြစ်ပြီး လူကြိုက်အများဆုံးတည်းက တစ်ခုပါ။ ဒီကော့လ်တေးကို ပါဝင်ပစ္စည်း (၃) မျိုးတည်းနဲ့ ဖျော်စပ်လို့ရပြီး တယ်ကို ရိုးရှင်းလွယ်ကူတဲ့ အတွက် အချိန်မရွေးဖျော်စပ်လို့ ရပါတယ်။ ဒီကော့လ်တေးကို ဖျော်စပ်မယ်ဆိုရင်တော့ ကွီးတို့ ဖျော်စပ်မဲ့ ပမာဏပေါ်မူတည်ပြီး
(၁) Sprite ၅၀ ရာခိုင်နှုန်း
(၂) Yakult ၂၅ ရာခိုင်နှုန်း (ကွီးတို့ စိတ်ကြိုက် ဒိန်ချဉ်ကို အသုံးပြုလို့ရပါတယ်)
(၃) ဆိုဂျူး ၂၅ ရာခိုင်နှုန်း စသည်တို့ကို ရောစပ်ပြီး အရသာရှိတဲ့ Yogurt Soju တစ်ခွက်ဖျော်စပ်လိုက်ပါ။
(၂) Soju Bomb

Photo : Kpop Foods
နောက်ထပ်ဖော်ပြပေးချင်တဲ့ ဆိုဂျူး ကော့လ်တေးများ ထဲက တစ်ခုကတော့ ဆိုဂျူးနဲ့ ဘီယာ ပေါင်းစပ်ထားတဲ့ Soju Bomb ပဲဖြစ်ပါတယ်။ Soju Bomb က ကွီးတို့လို လူငယ်တွေ အကြားမှာရေပန်းစားပြီး လူငယ်တွေ အကြိုက်ဆုံးထဲက တစ်ခုပါ။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ မြန်မြန်ဆန်ဆန် ဖျော်စပ်လို့ ရပါတယ်။ ဖျော်စပ်ပုံကတော့ Golden Ratio အရ
(၁) ဆိုဂျူး ၃၀ ရာခိုင်နှုန်း နဲ့
(၂) ဘီယာ ၇၀ ရာခိုင်နှုန်း ကိုအချိုးကျ ရောစပ်ပြီးဖျော်လိုက် ရုံပါပဲ။ ဒီကော့လ်တေး ကိုဖျော်စပ်မယ်ဆိုရင် ကွီးတို့ကြိုက်နှစ်သက်ရာ ဘီယာကိုသုံးနိုင်တဲ့ အပြင် အချိုအရသာကို ကြိုက်တယ်ဆိုရင်တော့ Coke ထပ်ရောလို့ ရပါတယ်။
(၃) Soju Coffee

Photo : Kpop Food
ကော်ဖီရော ဆိုဂျူးရော ကြိုက်နှစ်သက်တယ်ဆိုရင် တွေဝေမနေပါနဲ့ ကွီးတို့ရေ။ ထို (၂) ခုကိုပေါင်းစပ်ပြီး အရသာရှိတဲ့ Soju Coffee ကော့လ်တေး ဖျော်စပ်လိုက်ပါ။ ကွီးတို့ကို လန်းဆန်းပြီး တစ်မူထူးခြားတဲ့ အရသာကို ပေးစွမ်းနိုင်မှာပါ။ ဒီကော့လ်တေး လေးကို ဖျော်စပ်မယ်ဆိုရင်တော့
(၁) ကော်ဖီ ၈၀ ရာခိုင်နှုန်း
(၂) ဆိုဂျူး ၂၀ ရာခိုင်နှုန်း တို့ကိုရောစပ်ပြီး ဖျော်စပ်လို့ရပါတယ်။ ကွီးတို့ကြိုက်နှစ်သက်ရာ ကော်ဖီ အမျိုးအစားနဲ့ ရောစပ်နိုင်ပါတယ်။
(၄) Fruity Soju

Photo : Kpop Foods
နောက်ထပ် ဖော်ပြချင်တဲ့ ကော့လ်တေးတစ်ခုကတော့ ကွီးတို့ကြိုက်နှစ်သက်ရာ အသီးတစ်မျိုးမျိုးရဲ့ ဖျော်ရည်နဲ့ စိတ်ကြိုက်ဖျော်စပ်လို့ရတဲ့ Fruity Soju ပဲဖြစ်ပါတယ်။ ဒီကော့လ်တေးကို ဖျော်စပ်မယ်ဆိုရင်တော့
(၁) အသီးဖျော်ရည် ၅၀ ရာခိုင်နှုန်း
(၂) ဆိုဂျူး ၅၀ ရာခိုင်နှုန်းကို အချိုးကျ ရောစပ်ပြီးဖျော်လို့ရပါတယ်။ အသီးဖျော်ရည်အတွက်ကတော့ နာနတ်သီး၊ သရက်သီး၊ သံပုရာသီး၊ လိမ္မာ်သီး နဲ့ ပန်းသီး စတဲ့ ကြိုက်ရာကို သုံးလို့ရပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကိုးရီးယား ဆိုဂျူးနဲ့ ဖျော်စပ်လို့ရတဲ့ ကော့လ်တေး အမျိုးမျိုးပဲ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်း အနည်းငယ်နဲ့ ဖျော်စပ်ရတာလည်း ရိုးရှင်းလွယ်ကူတဲ့ အတွက် အချိန်အနည်းငယ်နဲ့ အရသာရှိတဲ့ ကော့လ်တေးတွေ ဖျော်စပ်လို့ရပါတယ်။
Source : Klook
Featured Photo : Feast Magazine
