ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လတာအတွက် အကောင်းဆုံး ကစားသမားဆု ၊ နည်းပြဆု နဲ့ သွင်းဂိုးဆုတွေ ချီးမြှင့်ရမှာ မန်ယူ အသင်းရဲ့ နောက်ခံလူ မက်ဂွိုင်းယားက အကောင်းဆုံး ကစားသမားဆု ၊ နည်းပြ အဲရစ် တန်ဟက်ဂ်က အကောင်းဆုံး နည်းပြဆု နဲ့ အဲဗာတန်နဲ့ပွဲမှာ ဂါနာချို သွင်းယူခဲ့တဲ့ အလန်းစား overhead kick သွင်းဂိုးက အကောင်းဆုံး သွင်းဂိုးဆုတွေကို သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။
Photo Credit : Egyptian Gazette
ဒီလို အသင်းတစ်သင်းတည်းကပဲ တစ်လတာရဲ့ ဆုတွေကို သိမ်းပိုက်နိုင်တယ်ဆိုတာ ရှာမှရှား ဖြစ်ရပ်ဆိုပေမယ့် ယူနိုက်တက်ကတော့ နိုဝင်ဘာလထဲ (၃)ပွဲသာ ကစားခဲ့ပြီး အဲ့ဒီ (၃)ပွဲလုံး Clean Sheets နိုင်ပွဲ ရယူထားနိုင်တဲ့အပြင် အပိုဆုလေးအနေနဲ့ ဂါနာချိုရဲ့ သွင်းဂိုးပါ ပါဝင်ခဲ့တာကြောင့် အခုလို ဆု(၃)ခုကို ဟက်ထရစ် ရသွားခဲ့တယ်လို့ ဆိုရပါမယ်။ ဂါနာချို သွင်းဂိုးဆိုရင် ဒီတစ်ရာသီလုံးရဲ့ အကောင်းဆုံး သွင်းဂိုးအဖြစ်ပါ သတ်မှတ်ခံရနိုင်ပါတယ်။
Photo Credit : Goal
ဒါပေမယ့် ဒီအပျော်တွေကတော့ တစ်ရက်ပဲ တာရှည်ခံလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ် လီဗာပူးလ်တို့လို အသင်းတွေနဲ့ မဆုံရခင် ဘုန်းမောက်လို အသင်းဆီကနေ အနိုင် (၃)မှတ် ရယူထားမယ်လို့ ကြုံးဝါးထားတဲ့ မန်ယူက တကယ်တမ်းမှာတော့ (၃)မှတ်မယူနိုင်ပဲ (၃)ဂိုးပေးပြီး (၀)မှတ်သာ ရခဲ့လိုက်ပါတယ်။ အတော် စိတ်ပျက်စရာကောင်းတဲ့ စွမ်းဆောင်ရည်တွေ ၊ တစ်ပွဲနဲ့တစ်ပွဲ consistency မရှိမှုတွေနဲ့ နည်းပြက လိုအပ်တဲ့ ကစားသမားတွေကို ထည့်မသုံးပဲ ခေါင်းမာနေတာတွေက အသင်းကို တော်တော်လေး ကျက်သရေ ယုတ်သွားစေခဲ့ရပါတယ်။
Photo Credit : UtdDistrict
ချန်ပီယံလိဂ်အတွက် ကစားသမားအင်အား ချွေတာရင်း အခုလောက်ထိ ဆိုးဆိုးရွှားရွှား ဖြစ်သွားတယ်ဆိုရင် နားလည်လို့ ရနိုင်ပေမယ့် အခုဟာက ကစားသမား အစုံအလင် ပါဝင်ခဲ့တာတောင် တစ်ဂိုးမှ ပြန်မသွင်းနိုင်တဲ့အထိ ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့ပါတယ်။ ဒီရှုံးပွဲနဲ့အတူ အဝါထိရင် လာမယ့် လီဗာပူးလ်နဲ့ပွဲ လွဲမှာကို သိသိကြီးနဲ့ အသင်းခေါင်းဆောင်ကောင်း ပီသစွာ အဝါကတ်ရအောင် ယူခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကြောင့် မန်ယူတော့ လီဗာပူးလ်နဲ့ပွဲမှာ ရေရေလည်လည် ကြောင်ပျောက်သွားနိုင်ပါတယ်။
Featured Photo : Goal