ကော့လ်တေး ချစ်သူတွေအတွက် ဒီတစ်ခေါက်မှာတော့ အေးချမ်းတဲ့ ဆောင်းရာသီ နဲ့ လိုက်ဖက်တဲ့ အမိုက်စား ကော့လ်တေးတစ်ခွက် မျှဝေပေးချင်ပါတယ်။ ဝီစကီ Whiskey နဲ့ Apple Cider စတဲ့ ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့အဓိက ဖျော်စပ်ရတဲ့ လွယ်ကူရိုးရှင်းတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ အပူ/အအေး ကွီးတို့ နှစ်သက်သလို ဖျော်စပ်သောက်သုံးနိုင်ပြီး ယောကျာ်းလေးတွေရော ၊ မိန်းကလေးတွေပါ သောက်လို့အဆင်ပြေပါတယ်။

Photo : A Couple Cooks

အပူသောက်မယ်ဆိုရင်တော့ သစ်ကြံပိုးခေါက်နဲ့ လေးညှင်းပွင့်တို့လို အမွှေးအကြိုင်တွေကို ရောထည့်ပြီး သောက်တာပိုကောင်းပါတယ်။  ဆောင်းရာသီ အတွက် အနွေးဓာတ်ပေးမယ့်အပြင် စွမ်းအားပြည့်ဝစေမယ့် ကော့လ်တေးတစ်ခွက်ပဲ ဖြစ်ပါတယ်။ အအေးသောက်မယ်ဆိုရင်တော့ ရေခဲနဲ့အတူ Lowball ကော့လ်တေးတစ်ခွက် အဖြစ်သောက်လို့ ရပါတယ်။ ကဲဒါဆို ကော့လ်တေး ဖျော်စပ်နည်းအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

Lowball ကော့လ်တေးအတွက် နှစ်သက်ရာ ဝီစကီ Whiskey ၁ အောင်စခွဲနဲ့ Apple Cider ၃ အောင်စကို ရေခဲအတုံးကြီး တစ်တုံးနဲ့ရောထည့်ပြီး လိမ္မော်ကွင်းလေးအလှဆင်ကာ သုံးဆောင်နိုင်ပါတယ်။ အပူအတွက်ကတော့ Apple Cider ကို သစ်ကြံပိုးခေါက် ၊ လေးညှင်းပွင့်တို့နဲ့ရောထည့်ပြီး မိနစ် ၃၀ ခန့် မီးခပ်အေးအေးနဲ့ ကြိုပေးပါ။ ရလာတဲ့ Apple Cider ဖျော်ရည်အပူ ၃ အောင်စကို ဝီစကီ Whiskey ၁ အောင်စခွဲနဲ့ ရောထည့်ပြီး ဘယ်ရီသီး ၊ လိမ္မော်ကွင်းလေးတွေ ရောထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်။

Featured Photo : Savory Experiments