ခေတ်မှီတိုးတက်ပြီး လူနေမှုအဆင့်အတန်း မြင့်မားတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက မြို့ကြီးတွေရဲ့ နောက်ကွယ် နေထိုင်စရိတ်ကလည်း သိသိသာသာ မြင့်မားတာကို တွေ့ရပါတယ်။ နေထိုင်စရိတ်ကြီးမားပေမယ့် လစာများများရနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ၊ နောက်ဆုံးပေါ် အဆင့်မြင့် သယ်ယူပို့ဆောင်ရေးစနစ်တွေ ၊ ခေတ်မှီတိုးတက်တဲ့ ဈေးဝယ်စင်တာကြီးတွေ ၊ အဆင့်မြင့်ပညာရေးစနစ် ၊ အာမခံချက်အပြည့်အဝပေးနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ပြန်ယှဉ်လိုက်မယ်ဆိုရင်တော့ နေပျော်တယ်လို့ ပြောလို့ရပါတယ်။ ဒီတစ်ခေါက်မှာတော့ အဘက်ဘက်က ခေတ်မီဖွံ့ဖြိုးတိုးတက်သလို နေထိုင်စရိတ်လည်း မြင့်မားတဲ့ ကမ္ဘာတဝှမ်းက မြို့ကြီး ၅ မြို့ အကြောင်း ပြောပြပေးချင်ပါတယ်။
(၁) တဲလ်အဗစ်
Source : Drone Snap
Sun-Soaked City လို့ လူသိများတဲ့ တဲလ်အဗစ် မြို့ကတော့ အစ္စရေးနိုင်ငံမှာ တည်ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာ အခြေခံကုန်ဈေးနှုန်းနဲ့ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေမှာ သိသိသာသာ မြင့်တက်လာတဲ့အတွက် ကမ္ဘာပေါ်က ဈေးအကြီးဆုံးမြို့အဖြစ် သတ်မှတ်ခံခဲ့ ရပါတယ်။ တဲလ်အဗစ်မြို့ရဲ့ သဲသောင်ပြင်တွေမှာ နေကိုဝတ်ပြုဆုတောင်းသူတွေနဲ့ အမြဲပြည့်ကျပ် နေပါတယ်။ ရင်သပ်ရှုမောဖွယ် တောတောင်ရှုခင်းတွေ ၊ စည်ကားသိုက်မြိုက်စွာ သက်ဝင်လှုပ်ရှားနေတဲ့ မြို့ပြရဲ့အလှတရားတွေ ၊ လည်ပတ်စရာ ပြတိုက်နဲ့ အထင်ကရ နေရာတွေ ၊ အစားအသောက်တွေ ၊ အဆင့်တန်းမြင့် နေထိုင်မှုပုံစံတွေနဲ့အတူ ကမ္ဘာပေါ်က နေထိုင်ဖို့ ဈေးအကြီးဆုံး မြို့ကြီး တွေထဲက တစ်မြို့ပဲ ဖြစ်ပါတယ်။
(၂) ပဲရစ်
Source : Around The World 4K
ပဲရစ်မြို့ကတော့ ကမ္ဘာပေါ်က နေထိုင်ဖို့ ဈေးအကြီးဆုံး မြို့ကြီး တွေထဲမှာ ဒုတိယနေရာက ရပ်တည်နေပါတယ်။ လူနေမှု အဆင့်အတန်း အလွန်မြင့်မားပြီး အလုပ်အကိုင်အခွင့်အလမ်းပေါများခြင်းက ပဲရစ်မြို့ရဲ့ အဓိက ဆွဲဆောင်မှုတစ်ခု ဖြစ်နေပါတယ်။ ပဲရစ်မြို့ဟာ ကမ္ဘာပေါ်က အလှဆုံးနဲ့ ရိုမန်တစ်အဆန်ဆုံး မြို့ကြီးတစ်မြို့ဖြစ်သလို လူ ၁၀၀ မှာ ၉၉ ယောက် နေထိုင်ဖို့ မငြင်းရက်နိုင်တဲ့ လူတော်တော်များများရဲ့ အိပ်မက်မြို့တော်လည်း ဖြစ်ပါတယ်။
(၃) စင်္ကာပူ
Source : Around The World 4K
ကမ္ဘာ့စျေးအကြီးဆုံး မြို့ကြီး များစာရင်းမှာ အမြဲပါဝင်နေတာတော့ စင်္ကာပူပဲ ဖြစ်ပါတယ်။ စင်္ကာပူကို ကမ္ဘာ့ ဈေးအကြီးဆုံး မြို့တစ်မြို့ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုကတော့ အိမ်ခြံမြေဝယ်လိုအားပဲ ဖြစ်ပါတယ်။ စင်္ကာပူရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ဈေးကြီးသလောက် ဝယ်လိုအားမြင့်တက်သလို နေထိုင်စရိတ်ကလည်း အတော်လေး မြောက်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းပေါများပြီး ခေတ်မှီတိုးတက်တဲ့ လူနေမှု ပုံစံတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု အားအကောင်းဆုံး မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။
(၄) ဇူးရစ်ချ်
Source : Drone Profs
ဇူးရစ်ချ်မြို့ကို ရင်သပ်ရှုမောဖွယ်ရာ ဗိသုကာလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ မြို့ကြီး တစ်မြို့အဖြစ် လူသိများပါတယ်။ ဇူးရစ်ချ်မြို့ဟာ ဆွစ်ဇာလန်နိုင်ငံမှာ တည်ရှိပြီး အလုပ်အကိုင်နဲ့ လစာမြင့်မားမှု ၊ နေထိုင်မှုပုံစံ အဆင့်တန်းမြင့်မားမှု ၊ အာမခံချက် အပြည့်အဝပေးနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ရာဇဝတ်မှုအလွန်နည်းပါးတဲ့ နေထိုင်ချင်စရာမြို့တစ်မြို့ပဲ ဖြစ်ပါတယ်။ ဇူးရစ်ချ်မြို့ဟာ လူဦးရေအရမ်းထူထပ်တဲ့ မြို့တစ်မြို့ မဟုတ်တဲ့အတွက် အေးအေးဆေးဆေး နေထိုင်လိုသူတွေနဲ့ ပိုကိုက်ပါတယ်။ Luxury Living ၊ အဆင့်မြင့် သယ်ယူပို့ဆောင်ရေး စနစ်နဲ့ စိတ်ဝင်စားဖွယ်ရာ သမိုင်းယဉ်ကျေးမှုများစွာ တည်ရှိရာ ကမ္ဘာပေါ်က ဈေးအကြီးဆုံး မြို့ကြီး တစ်မြို့ ဖြစ်ပါတယ်။
(၅) ဟောင်ကောင်
Source : Drone Snap
ဟောင်ကောင်မြို့ဟာ တရုတ်နိုင်ငံရဲ့ လူဦးရေအများဆုံး မြို့ကြီး တစ်မြို့ ဖြစ်ပါတယ်။ ဟောင်ကောင်အစိုးရက မြို့တော်ရှိ အိမ်ရာစုစုပေါင်းရဲ့ ထက်ဝက်နီးပါးကို ထိန်းချုပ်ထားပါတယ်။ မိသားစုနဲ့ နေထိုင်ဖို့ အကောင်းဆုံး မြို့ကြီး တစ်မြို့ဖြစ်ပြီး ခေတ်မီတိုးတက်တဲ့ နေထိုင်မှုပုံစံတွေ ၊ အထပ်မြင့်အဆောက်အဦးကြီးတွေ ၊ လစာမြင့် အလုပ်အခွင့်အလမ်းတွေ ၊ အရသာရှိတဲ့ အစားအသောက် ၊ ဆိုင်ကြီးဆိုင်ကောင်းတွေနဲ့ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုအထွန်းကားဆုံး မြို့တစ်မြို့ ဖြစ်ပါတယ်။ ဟောင်ကောင်ဟာ ပညာရေးစနစ်ရှေ့ရောက်တဲ့ မြို့တစ်မြို့ဖြစ်သလို နေထိုင်ဖို့ ဈေးကြီးတဲ့ မြို့ကြီးတွေထဲကတစ်မြို့အဖြစ် ပါဝင်ပါတယ်။
Featured Photo : Siachen Studios
