Cryptocurrency လို့ ခေါ်တဲ့ ဒီဂျစ်တယ် ငွေကြေးစနစ် နဲ့ အတူ Crypto Trade လုပ်သူတွေအကြားမှာ ခေတ်စားလာတဲ့ နည်းပညာသစ်တစ်ခုက NFT လို့ ခေါ်တဲ့ Non- Fungible Tokens လို့ ခေါ်တဲ့ ဒီဂျစ်တယ် အနုပညာပိုင်ဆိုင်မှုပြ Token တွေပါပဲ။ NFTs တွေဟာ Digital Assets တစ်ခုဖြစ်ပြီး ဒီဂျစ်တယ် Item Ownership ပြ Tokens တွေပါပဲ။

NFT တွေဟာ ဒီဂျစ်တယ်လယ်ဂျာ Blockchain တစ်ခုပေါ်မှာ မှတ်ထားတဲ့ ကုဒ်နဲ့ကိုယ်စားပြုထားတဲ့ Digital Asset တွေ ဖြစ်ပြီး Jpegs နဲ့ Video Clips တို့လိုDigital Assets မျိုးတွေ ပါဝင်တဲ့ သီးသန့် Unique Assets တွေ ဖြစ်ပါတယ်။ NFTတစ်ခုချင်းစီကို ပုံမှန် ရုပ်ဝတ္ထု ပစ္စည်းပိုင်ဆိုင်မှုတစ်ခုလိုပဲ အရောင်းအဝယ် လုပ်ကြပါတယ်။

NFTs Trade လုပ်တာကို Blockchain ပေါ်ကနေ လုပ်တာ ဖြစ်ပြီး Cryptocurrency တွေနဲ့ပဲ အရောင်းအဝယ်လုပ်နေကြတာပါ။ ရှားပါးရှေးဟောင်းပစ္စည်း စုဆောင်းသူတွေလိုပဲ ဒီဂျစ်တယ်ခေတ်မှာလည်း NFT Digital Tokens တွေ ဝယ်စုသူတွေ အများကြီး ရှိပါတယ်။ နာမည်ကျော် ပုဂ္ဂိုလ်တွေထဲကဆို ကမ္ဘာကျော် Rapper အမ်မီနမ် ၊ အင်္ဂလန်က အနုပညာရှင် ဘန်ခ်ဆီ နဲ့ ဘီလျံနာ မာ့ခ် ကူဘန်တို့လို High-Profile Figures တွေလည်း NFT ဝယ်စုပြီး ရင်းနှီးမြှပ်နှံပါတယ်။

၂၀၂၀-၂၁ နှစ်ပိုင်းက စလို့ NFT ဝယ်ပြီး စုဆောင်းတဲ့ ဈေးကွက်ဟာ အကြီးအကျယ် ထွန်းကားလာခဲ့ပြီး တချို့ NFTsတွေဆို ဒေါ်လာ သန်း ၁၀ ဂဏန်းအထိ ပေါက်လာပါတယ်။ Digital Asset လေး တစ်ခုအတွက် ဒေါ်လာ သန်းနဲ့ချီ သုံးလောက်အောင် တန်ဖိုးကြီးတဲ့ NFTs တွေအကြောင်း ဒီတစ်ခေါက် တင်ဆက်ပေးချင်ပါတယ်။

(၅) CROSSROAD – $6.66 Million

crossroad nft

Photo : modernconsensus

NFTs Collections တွေထဲမှာ Beeple လို့ လူသိများတဲ့ ဒီဂျစ်တယ် အနုပညာရှင် မိုက်ခ် ဝင်ကယ်လ်မန်းရဲ့ လက်ရာတွေက ဈေးအကြီးဆုံးအတန်းအစားထဲမှာ ပါပါတယ်။ CROSSROAD NFTs ဆို ဒေါ်လာ ၆.၆၆ သန်းနဲ့ ရောင်းချခဲ့တဲ့ ကမ္ဘာ့ ပဉ္စမမြောက် ဈေးအကြီးဆုံး NFT အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Crossroad လို့ နာမည်ပေးထားတဲ့ NFTဟာ လူသွားလမ်းဘေးမှာ လဲနေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ကာတွန်းပုံပါ။ ထရမ့်ရဲ့ ကိုယ်လုံးပေါ်မှာလည်း ကျိန်ဆဲထားတဲ့ စာသားတွေ ၊ ကြွေးကြော်သံ Slogan တွေ ရေးထားပါတယ်။

Crossroad NFT ကို The Museum Of Crypto Art လို့ ခေါ်တဲ့ Twitter ပေါ်က Pablofraile မှာ စတင် ရောင်းချခဲ့တာပါ။ ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်ပေါ် အခြေခံပြီး ဖန်တီးထားတဲ့ ဒီ NFT ဟာ လူသိများသွားခဲ့ပါတယ်။ Crossroad ကို NFTs တွေကို လူသိမခံဘဲ ဝယ်ယူတဲ့ Nifty Gateway ရဲ့ Art Buying Services ကနေ ရောင်းချခဲ့တာ ဖြစ်ပြီး ဒေါ်လာ ၆.၆၆ သန်းကျော် ရခဲ့ပါတယ်။

Nifty Gateway ကို ၂၀၁၈ ခုနှစ်မှာ Duncan နဲ့ Griffin Cock Foster တို့က တည်ထောင်ခဲ့တာ ဖြစ်ပြီး Crossroad ဟာ Nifty Gateway မှာ ပထမဆုံး ရောင်းချခဲ့တဲ့ NFTလည်း ဖြစ်ပါတယ်။ Nifty Gateway အွန်လိုင်း ဒီဂျစ်တယ်အနုပညာပစ္စည်း လေလံတင်ပလက်ဖောင်းပေါ်ကနေ တခြား အနုပညာရှင်တွေ ဖြစ်တဲ့ Grimes နဲ့ LOGIK တို့ရဲ့ လက်ရာတွေလည်း ရောင်းချခဲ့ပြီး ၂၀၂၀ မေလ ကနေ ၂၀၂၁ နိုဝင်ဘာအတွင်း စုစုပေါင်း ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

(၄) CryptoPunk #7804: $7.56 Million

 

CryptoPunk #7804

Photo : artnet

Larva Labs ကနေ ဖန်တီးထားတဲ့ CryptoPunk #7804 ဟာ လက်ရှိ NFTsဈေးကွက်မှာ စတုတ္တမြောက် ဈေးအကြီးဆုံး ဖြစ်ပြီး ဒေါ်လာ ၇.၅၆ သန်းနဲ့ လေလံအောင်ခဲ့ပါတယ်။ CryptoPunk #7804: $7.56 Million ဟာ လျှာထိုးဦးထုတ်လေး ဆောင်းထားပြီး ဆေးတံလေး ကိုက်ထားတဲ့ပုံပါ။ CrypotPunk တွေထဲမှာ လူကြိုက်အများဆုံး NFTsအမျိုးအစား ဖြစ်ပါတယ်။

(၃) CryptoPunk #3100: $7.58 Million

CryptoPunk #3100

Photo : bitcoin

နောက်ထပ် Larva Labs ရဲ့ လက်ရာ CryptoPunk #3100 ဟာ တတိယဈေးအကြီးဆုံး NFT ဖြစ်သလို Larva Labs ဖန်တီးသမျှထဲမှာ Minimalist အဖြစ်ဆုံး ဒီဇိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီ NFTကို Ether 4.5K (ကန်ဒေါ်လာ ၇.၅၈ သန်းနဲ့) ၂၀၂၁ မတ်လထဲမှာ ရောင်းချခဲ့ပါတယ်။ CryptoPunk #3100 ကို ၂၀၁၇ ဇူလိုင်လက ၂၁၂၇ ဒေါ်လာနဲ့ စတင် ရောင်းချခဲ့တာ ဖြစ်ပါတယ်။

(၂) CryptoPunk #7523 – $11.8 Million

 

CryptoPunk #7523

Photo : cointelegraph

ဒီနေ့အထိ ဈေးအကြီးဆုံး CryptoPunk NFTတစ်ခုက CryptoPunk #7523 ဖြစ်ပါတယ်။ Sotheby’s လေလံရုံမှာ ဒီ NFTကို ဒေါ်လာ ၁၁.၈ သန်းနဲ့ ရောင်းချခဲ့ပါတယ်။ ၂၀၂၁ ဇွန်လက Sotheby’s ရဲ့ Natively Digital NFTလေလံရုံမှာ ရောင်းချခဲ့တာပါ။ CryptoPunk အနုပညာတစ်ခုတည်းနဲ့ ကမ္ဘာ့စံချိန်တင်တဲ့ ဈေးနဲ့ ရောင်းထွက်သွားခဲ့တာ ဖြစ်ပါတယ်။

(၁) Everydays: The First 5000 Days – $69.3 million

Everydays-The-First-5000-Days_cover-still

Photo : arshake

ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး NFTsရဲ့ တန်ဖိုးဟာ ဒေါ်လာသန်း ၇၀ နီးပါး ရှိပါတယ်။ Everydays: The First 5000 Days ကို ကမ္ဘာကျော် ဒီဂျစ်တယ်အနုပညာရှင် Beeple က ဖန်တီးထားတာ ဖြစ်ပြီး Christie’s လေလံရုံကနေ ၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရက်နေ့က လေလံတင်ခဲ့ပါတယ်။ ဒီ NFTဟာ ၂၀၀၇ ခုနှစ်ကတည်းက အွန်လိုင်းပေါ် သူတင်ခဲ့တဲ့ ဓါတ်ပုံတွေအားလုံးကို Visual Art အနေနဲ့ ဖန်တီးလိုက်တာပါ။ Everydays: The First 5000 Days ကို အိန္ဒိယဖွား စွန့်ဦးတီထွင်သူနဲ့ ရင်းနှီးမြှပ်နှံရေး လုပ်ငန်းရှင် ဗစ်ဂ်နက်ချ် ဆွန်ဒါရာဆန်က ဝယ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

Featured Photo : arshake