အမျိုးသားတစ်ယောက်မှာ တစ်ကိုယ်ရေ သန့်ရှင်းရေး က သိပ်ကိုအရေးကြီးပါတယ်။ အထူးသဖြင့် လိင်တံထိပ်အရေပြား ဖြတ်ထားခြင်း မရှိဘူးဆိုရင် တစ်ကိုယ်ရေ သန့်ရှင်းရေးကို ၂ ဆ ပို ဂရုတစိုက် လုပ်ဖို့လိုပါတယ်။ အကယ်၍ တစ်ကိုယ်ရည် သန့်ရှင်းရေးကောင်းကောင်း မရှိပါက လိင်တံထိပ် အရေပြားအောက်မှာ ဘက်တီးရီးယားတွေ ၊ ဆဲလ်သေနဲ့ အဆီတွေ စုပုံလာပြီး Smegma လို့ခေါ်တဲ့ အဖြူရောင် အရိအချွဲတွေကို ဖြစ်ပေါ်လာစေ နိုင်ပါတယ်။

Banana

Photo : Cosmopolitan

Smegma ဆိုတာဟာ Circumcision မလုပ်ထားတဲ့ လိင်တံထိပ် အရေပြားအောက် ပတ်ပတ်လည်မှာ မြင်ရတဲ့ အဖြူရောင် အဖတ်တွေကို ခေါ်ပါတယ်။ Smegma ဟာ အရေပြားဆဲလ်သေတွေ ၊ အဆီတွေနဲ့ ဆီး အကြွင်းအကျင်တွေကနေ ပေါင်းစပ်ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ Smegma က ဒိန်ခဲလို အဖြူရောင် အဖတ်ဖတ်တွေ ဖြစ်ပြီး ဆိုးရွားတဲ့ အနံ့သက်ဆိုးတွေ ထွက်ပေါ်စေပါတယ်။

Smegma တွေစုပြုံနေတဲ့ လိင်တံထိပ်ပတ်ပတ်လည်နေရာကို သေချာ သန့်ရှင်းရေး မလုပ်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားရာနေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ Balanitis လို့ခေါ်တဲ့ လိင်တံထိပ် နီမြန်းရောင်ရမ်းခြင်းကို ဖြစ်လာစေနိုင်ပါတယ်။

ဒီတော့ အရေပြားလှီးဖြတ်မထားတဲ့ လိင်တံကို ဘယ်လို သန့်ရှင်းအောင် ထားရမလဲ???

Photo : eHow

Smegma စုပုံလာခြင်းမှ ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ရေချိုးချိန်မှာ နေ့စဉ်ပုံမှန် လိင်တံထိပ်ဖျားကို သေချာဂရုတစိုက် သန့်ရှင်းရေး လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ ကြက်သီးနွေးရေနဲ့ ဆေးကြောသန့်စင်ပေးရင် ပိုကောင်းပါတယ်။ ပထမဆုံး လိင်တံထိပ်အရေပြားကို ဖြည်းဖြည်းချင်း နောက်သို့ဆွဲလှန်ထားပြီး လိင်တံထိပ် ပတ်ပတ်လည်းကို သေချာလေး ဆေးကြောပေးရပါမယ်။ လိင်တံထိပ်အရေပြားကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ဆေးကြောခြင်းကို အထူးရှောင်ကြဉ် ရပါမယ်။

လိင်တံထိပ်ဖျားဟာ နုနယ်ပြီး အထူးဂရုစိုက်ရမယ့် နေရာတစ်ခုဖြစ်တာကြောင့် အပြင်းစား ဆပ်ပြာတွေ သို့မဟုတ် သန့်စင်ဆေးရည်တွေ အသုံးပြုခြင်းကို အထူးရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ၎င်းထုတ်ကုန်တွေက လိင်တံကို ယားယံစေပြီး ဒီထက် ပိုမိုဆိုးရွားတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အကယ်၍ ဆပ်ပြာအသုံးပြုလိုပါက အရေပြားယားယံမှု ဖြစ်နိုင်ခြေကို လျှော့ချဖို့ အပျော့စား သို့မဟုတ် အမွှေးရနံ့တွေ မပါတဲ့ ဆပ်ပြာအမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

ထို့အတူ ဝှေးစေ့ ၊ စအိုကြားနဲ့ ပေါင်ကြား ဧရိယာလို နေရာတွေကိုလည်း သေချာဆေးကြော သန့်စင်ပေးဖို့ လိုပါတယ်။ ဒါက ကန့်သတ်ဧရိယာတဝိုက်ကို သန့်ရှင်းစေပြီး အနံ့အသက်ဆိုးတွေကင်းအောင် ကူညီပေးပါလိမ့်မယ်။

Banana

Photo : Discover Magazine

တဆက်တည်းမှာပဲ မိမိရဲ့ လိင်တံနဲ့ ဝှေးစေ့တဝိုက်ကို ဆေးကြောသန့်စင်ချိန်မှာ ဝှေးစေ့မှာ ပုံမှန်မဟုတ်တဲ့ အဖုအလုံးတွေ သို့မဟုတ် ရောင်ရမ်းခြင်းတွေ ရှိမရှိကိုလည်း ဂရုတစိုက် သတိထား စမ်းသပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခုတွေ့ပါက နီးစပ်ရာ အမျိုးသားကျန်းမာရေးစောင့်ရှောက်တဲ့ ဆရာဝန်နဲ့ ပြသစစ်ဆေးပြီးကုသမှု ခံယူဖို့ လိုပါတယ်။

ကဲ ကွီးတို့အနေနဲ့ ကျန်းမာသန့်ရှင်းတဲ့ ဖွားဘက်တော်ကို ပိုင်ဆိုင်နိုင်ဖို့ နေ့စဉ်ပုံမှန် တစ်ကိုယ်ရည်သန့်ရှင်းရေး ပြုလုပ်ဖို့ မမေ့ပါနဲ့ဗျ။ ဒီနေ့ရော ကွီးတို့ရဲ့ ညီလေး ကို သန့်ရှင်းရေး လုပ်ပြီးပါပြီလား???

Featured Photo : MensXP