အမျိုးသားတွေရဲ့ ဖွားဘက်တော်ဟာ အထိအရှ လွယ်ပါတယ်။ တခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလိုပဲ ဖွားဘက်တော်ရဲ့ ကျန်းမာရေးကိုလည်း ဂရုတစိုက်ရှိဖို့ အရေးကြီးပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ သတိမထားမိတဲ့ အလေ့အကျင့်တွေကနေတဆင့် ဖွားဘက်တော်ရဲ့ ကျန်းမာရေးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အခုပြောပြပေးမှာကတော့ ညီလေး အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အလေ့အကျင့် အချို့ပါ။ ဒါတွေကို လုပ်နေမိတယ်ဆိုရင်တော့ ရပ်တန်းကရပ်ပြီး ညီလေးကို အချိန်မှီကယ်တင်ဖို့ သတိပေးချင်ပါတယ်။

(၁) မှားယွင်းစွာ တစ်ကိုယ်ရည် အာသာဖြေခြင်း

Photo : Business Insider

တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ လိင်မှုရေးရာနဲ့ ဖွားဘက်တော် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိပါတယ်။ သို့သော် မှားယွင်းတဲ့ နည်းလမ်းတွေကို အသုံးပြုမိမယ်ဆိုရင်တော့ ညီလေး ကျန်းမာရေးအတွက် ရှော့ခ် ရှိပါတယ်။ ဥပမာအားဖြင့် လိင်တံကို ပုံမှန်မဟုတ်တဲ့ ပစ္စည်းတွေထဲ ထိုးသွင်းအာသာဖြေခြင်း ၊ ဖိအား ပြင်းပြင်းထန်ထန် အသုံးပြုကာ အာသာဖြေခြင်းစတာတွေဟာ လိင်တံရဲ့ အရေပြားနဲ့ သွေးကြောတွေကို ပျက်စီးစေပြီး မလိုလားအပ်တဲ့ ဒဏ်ရာအနာတရတွေ ဖြစ်စေနိုင်ပါတယ်။

(၂) အမွှေးအမျှင်တွေ ပုံမှန်မဖယ်ရှားခြင်း

Intimate Manscaping

Photo : Next Luxury

ကန့်သတ်ဧရိယာရဲ့ သန့်ရှင်းရေးနဲ့ ပတ်သတ်ပြီး ကွီးတို့ ဘယ်လောက်ဂရုစိုက် ဖြစ်ပါသလဲ ? လေ့လာမှုတွေအရ လိင်အင်္ဂါ အမွှေးအမျှင်တွေကို ပုံမှန်မဖယ်ရှားတာဟာ ဘက်တီးရီးယားနဲ့မှိုတွေ စွဲကပ်စေပြီး ညီလေး ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အမွှေးအမျှင်တွေကို ပုံမှန်ညှပ်တာ ၊ ရိတ်တာ လုပ်ပေးဖို့ လိုပါတယ်။

(၃) အတူနေချိန်မှာ အဆန်းထွင်ခြင်း

couple in bed

Photo : Verywell Mind

ပါတနာနဲ့ အတူနေချိန်မှာ အသစ်အဆန်းတစ်ခုခုကို စမ်းကြည့်ချင်တဲ့ စိတ်ဆန္ဒက သဘာဝပါပဲ။ ဒါပေမယ့် ညီလေးကို မထိခိုက်စေဖို့တော့သတိထားရပါမယ်။ ဖွားဘက်တော်ကို ဒဏ်ရာရစေနိုင်တဲ့ အဆန်းထွင်ခြင်းတွေ ၊ ပုံမှန်မဟုတ်တဲ့ ထိုးသွင်းဆက်ဆံမှုတွေကို ရှောင်ရှားပါ။ အခန့်မသင်ရင် လိင်တံကျိုးသွားနိုင်သလို ညီလေး မှာရှိတဲ့အရွတ်နဲ့ တစ်ရှူးတွေကို ထိခိုက်စေနိုင်ပါတယ်။

(၄) အိပ်ရေးပျက်ခြင်း

Poor sleep

Photo : ISHN.com

အိပ်ရေးပျက်ခြင်း ၊ အိပ်ရေးမဝခြင်းက Testosterone အဆင့်ကို ကျဆင်းစေနိုင်ပြီး လိင်အင်္ဂါသန်စွမ်းမှုကို လျော့ကျစေနိုင်ပါတယ်။ Testosterone ကျဆင်းလာပြီဆိုရင် လိင်စိတ်နည်းလာပြီး အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်လည်း ကျလာပါလိမ့်မယ်။ ဒါကြောင့် ညဘက်မှာ အနည်းဆုံး ၇ – ၈ နာရီ ပုံမှန်အိပ်သင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

(၅) ဆေးလိပ်သောက်ခြင်း

 stop smoking

Photo : Makati Medical Center

ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ရဲ့ သွေးစီးဆင်းမှုကို ကမောက်ကမဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်း တစ်ခုပါပဲ။ လိင်တံသွေးကြောတွေဆီ သွေးကောင်းစွာ မစီးဆင်းနိုင်ပါက လိင်တံ ပြည့်ပြည့်ဝဝ ထောင်မတ်နိုင်ခြင်းရှိမှာ မဟုတ်တော့ပါဘူး။ လေ့လာမှုတွေအရ ဆေးလိပ်သောက်တဲ့ အမျိုးသားတွေဟာ ပန်းသေပန်းညိုပြဿနာ အဖြစ်များပြီး လိင်အင်္ဂါ မသန်စွမ်းမှုပြဿနာကို ခံစားရနိုင်ခြေများတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းကို ဒီနေ့ပဲ ရပ်တန့်ဖို့ အကြံပေးချင်ပါတယ်။

Featured Photo : Gillette UK