သင်သည် ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ တက်တူးရေးထိုးနိုင်ဖို့ရန်အတွက် ဒီဇိုင်း လှလှလေးတွေကို ရှာဖွေနေတယ်ဆိုရင်တော့ တက်တူး အိုင်ဒီယာ အကောင်းစားတွေကို စုစည်းထားတဲ့ ဒီဆောင်းပါးလေးကို အကြိုက်တွေ့မယ်ဆိုတာ အာမခံပါတယ်။

သင့်အနေနဲ့ ဘယ်တက်တူး ရေးထိုးသင့်သလဲဆိုတာ စဉ်းစားမရဖြစ်နေပြီး အကြံအိုက်နေတယ်ဆိုရင်တော့ ကိုယ်သည် ဘယ်လိုတက်တူးအမျိုးအစားကို ရေးထိုးချင်သလဲဆိုတာ ပြန်လည်သုံးသပ်ဖို့လိုအပ်ပါလိမ့်မယ်။ ကိုယ့်အတွက် အမှတ်ရဖြစ်စေမယ့် ရက်စွဲမျိုးလား၊ ကိုယ် ချစ်ရသူရဲ့ နာမည် (သို့) သဘာဝအလှတရားကို မြတ်နိုးသူများက ပန်းပွင့်ပုံ၊ နှင်းဆီပန်းပုံ၊ တိရစ္ဆာန်ပုံ စသည်ဖြင့် အမျိုးမျိုး ဒီဇိုင်း  တီထွင် ဆန်းသစ်ကာ တက်တူး အိုင်ဒီယာ အသစ်အဆန်းများဖြင့် တက်တူးရေးထိုးနိုင်ပါတယ်။

တက်တူး အိုင်ဒီယာ အမျိုးအစားအများအပြားရှိတဲ့အနက်မှ လူကြိုက်အများဆုံး တက်တူးဒီဇိုင်းများကို ဖော်ပြပေးချင်ပါတယ်။

တက်တူးအသေးစား

tattoos for kwee

တက်တူးအသေးစားကတော့ ဘယ်လိုလူမျိုးတွေ ထိုးသင့်သလဲဆိုတာ ရိုးရှင်းမှုကို နှစ်သက်သူများ၊ အခုမှ တက်တူး စထိုးမယ့်သူများအတွက် သင့်တော်ပါတယ်။ ဒီ တက်တူး အိုင်ဒီယာ ကတော့ နမူနာအိုင်ဒီယာလေးပဲ ဖြစ်ပါတယ်။

tattoos for kwee

လက်ခုံပေါ်မှာ အခုလို နှင်းဆီပန်းပွင့်ပုံ ခပ်သေးသေးလေး ရေးထိုးနိုင်ပါသေးတယ်။

ရိုးရှင်းသော တက်တူး

tattoos for kwee

ရှုပ်ယှက်ခတ်နေတာမျိုးကို မကြိုက်ဘူး ရိုးရှင်းဖြင့် မျက်စိရှင်းစေမယ့် တက်တူးမျိုးကို ရွေးချယ်ချင်တယ်ဆိုရင်တော့ ဒီလိုဒီဇိုင်းမျိုးကို ရွေးချယ်နိုင်ပါတယ်။

လက်မောင်းပေါ်မှာ ရေးထိုးထားနိုင်တဲ့ စာသားတက်တူး

tattoos for kwee

စာသားတက်တူးမျိုးကို ရေးထိုးချင်တယ်ဆိုရင်တော့ ကိုယ့်အတွက် တစ်ဘဝလုံးစာ အမှတ်တရဖြစ်စေမယ့် (သို့) ခွန်အားဖြစ်စေပြီး နောင်တမရစေမယ့် အဖိုးတန်စာသားတစ်ခုခု ရွေးချယ်လိုက်ပါ။ ထို့နောက် လက်မောင်းပေါ်မှာ ရေးထိုးပေးလိုက်ရုံပါပဲ။

ခြင်္သေ့ပုံတက်တူး

ဒီဇိုင်း တက်တူး အိုင်ဒီယာ

သင့်အနေနဲ့ ခွန်အားဗလ၊ ရဲစွမ်းသတ္တိ ကြီးမားခြင်းတို့ကို ဖော်ပြချင်တယ်ဆိုရင်တော့ ခြင်္သေ့ပုံတက်တူးမျိုးကို ရွေးချယ်နိုင်ပါတယ်။ ခြင်္သေ့ပုံတက်တူးသည် သင့်ရဲ့တက်တူးအနုပညာကို လှပကျော့ရှင်းစေကာ ကြည့်ကောင်းနေစေမှာဖြစ်ပါတယ်။

မြေခွေးပုံတက်တူး

ဒီဇိုင်း တက်တူး အိုင်ဒီယာ

မြေခွေးတက်တူးသည်လည်း တက်တူးချစ်သူကွီးတို့အတွက် ရွေးချယ်သင့်တဲ့ နောက်ထပ် အိုင်ဒီယာတစ်ခုပဲဖြစ်ပါတယ်။ မြေခွေးပုံတက်တူးများသည် ခွန်အားကြီးမားခြင်း၊ မိသားစုအပေါ် ချစ်ခင်တတ်ခြင်း၊ သစ္စာစောင့်သိခြင်းတို့ကို ကိုယ်စားပြုပါတယ်။

ဒီဇိုင်း တက်တူး အိုင်ဒီယာ

လက်မောင်းပေါ်မှာ ရေးထိုးနိုင်တဲ့ ဒီမြေခွေးပုံတက်တူးဒီဇိုင်းကတော့ လတ်တလောမှာ လူကြိုက်အများဆုံး ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။

အရိုးခေါင်းတက်တူး

ဒီဇိုင်း တက်တူး အိုင်ဒီယာ

အရိုးခေါင်းတက်တူးများသည် သေဆုံးခြင်းကိုပဲ ဖော်ညွှန်းတာတော့ မဟုတ်ပါဘူး။ ထိုတက်တူးမျိုးသည် ပုန်ကန်တော်လှန်ခြင်း၊ ပါဝါကြီးမားခြင်း၊ အလုပ်တစ်ခု လုပ်ကိုင်တဲ့အခါ စိတ်ပါဝင်စားမှုကြီးမားခြင်း၊ ပြန်လည်မွေးဖွားခြင်း စသည်တို့ကို ကိုယ်စားပြုတာဖြစ်ပါတယ်။

နှင်းဆီပန်းပုံတက်တူး

ဒီဇိုင်း တက်တူး အိုင်ဒီယာ

နှင်းဆီပန်းပုံတက်တူးများကတော့ ငြိမ်းချမ်းခြင်း၊ ကြီးထွားခြင်း၊ ချစ်ခြင်းမေတ္တာတရားတို့ကို ကိုယ်စားပြုပါတယ်။ တက်တူးချစ်သူများအကြား နှင်းဆီပန်းပုံတက်တူးသည်လည်း လူကြိုက်များတဲ့ တက်တူးဒီဇိုင်းတစ်ခုဖြစ်ပါတယ်။

ဇီးကွက်ပုံတက်တူး

ဒီဇိုင်း တက်တူး အိုင်ဒီယာ

ဇီးကွက်ပုံတက်တူးများကတော့ ဉာဏ်ပညာ အမြော်အမြင်ကြီးမားခြင်း၊ ဗဟုသုတကြွယ်ဝခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ဇီးကွက်ပုံတက်တူးသေးသေးလေးတွေကိုတော့ လက်ကောက်ဝတ်၊ ခြေကျင်းဝတ်နှင့် လက်ခုံပေါ်တွင် ရေးထိုးနိုင်ပါတယ်။

တက်တူးချစ်သူကွီးတို့ရော ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုတက်တူးဒီဇိုင်းမျိုးကို နေရာပေးထားချင်ပါသလဲ။

Source: Menshairstylesnow

Featured Image: Menshairstylesnow