ကျားသစ်သည် ကမ္ဘာ့အမြန်ဆုံးကုန်းနေသတ္တဝါတစ်မျိုးဖြစ်ပြီး စွမ်းအင်ကြီးမားခြင်း၊ အမြန်နှုန်းနှင့် လျင်မြန်ဖျတ်လတ်ခြင်းကို ကိုယ်စားပြုပါတယ်။ သူတို့ရဲ့ကျားသစ်ကွက်များသည် ကိုယ်ရောင်ဖျောက်တဲ့နေရာမှာ မမြင်ရအောင် ကူညီပေးပြီး သူ့ရဲ့သားကောင်ကို အလွယ်လေး ဖမ်းမိနိုငအောင် ကူညီပေးပါသေးတယ်။ တက်တူး ချစ်သူ ကွီး တို့အကြား ကျားသစ် ပုံတက်တူးသည်လည်း ရေပန်းစားနေတဲ့ တက်တူးတစ်ခုဖြစ်ပါတယ်။

တက်တူးများ အများအပြားရှိတဲ့ အနက် ကွီးတို့သည် ဘာ့ကြောင့် ကျားသစ်ပုံတက်တူးကို ထိုးသင့်သလဲ။

တက်တူး ချစ်သူ ကွီး တို့သည် ကိုယ့်ရဲ့တက်တူးကို ဟိတ်ဟန်အပြည့်နဲ့ မိမိုက်နေတာမျိုးကိုမှ လိုချင်တယ်ဆိုရင်တော့ ကျားသစ် ပုံတက်တူးကို ထိုးသင့်ပါတယ်။

ကျားသစ်ပုံတက်တူးဒီဇိုင်းများ အများအပြားရှိတဲ့အနက် အခုဖော်ပြပေးမယ့် တက်တူးများသည် လတ်တလောမှာ ရေပန်းအစားဆုံးပဲဖြစ်ပါတယ်။

လက်ဖျံမှာ ရေးထိုးထားတဲ့ ကျားသစ်ပုံတက်တူး

cheetah tattoos for kwee

လက်ဖျံအတွင်းမှာ တက်တူးထိုးချင်တဲ့ တက်တူးချစ်သူများအတွက် ဒီဒီဇိုငးလေးက နမူနာယူနိုင်မယ့် ဒီဇိုင်းမျိုးပဲဖြစ်ပါတယ်။

လှပတဲ့ ကျားသစ်ပုံတက်တူး

cheetah tattoos for kwee

ကျားသစ်တစ်ကောင်လုံးပုံကိုမှ ရေးထိုးချင်တယ်ဆိုရင်တော့ ဒီဒီဇိုင်းကို အတုယူနိုင်ပါတယ်။

တြိဂံပုံထဲကနေ ဟိန်းကာ မာန်ဖီနေတဲ့ ကျားသစ်

cheetah tattoos for kwee

ဒီတက်တူးလေးကတော့ တကယ့်ကို အနုပညာလက်ရာမြောက်တဲ့ တက်တူးလေးပဲဖြစ်ပါတယ်။

လက်မောင်းမှာ တက်တူးရေးထိုးချင်တဲ့ ကွီးတို့အတွက်

cheetah tattoos for kwee

ဒီလိုမျိုး အရောင်အသွေးစုံလင်လှတဲ့ တက်တူးဒီဇိုင်းများသည်လည်း ယနေ့ခေတ်မှာ ရေပန်းစားပြီး အထိုးများပါတယ်။

ပုခုံးနားတစ်ဝိုက်မှာ တက်တူးရေးထိုးချင်သူများအတွက်

cheetah tattoos for kwee

အရိုးများတဲ့ နေရာမှာ တက်တူးထိုးမယ်ဆိုရင်တော့ နာကျင်မှုဒဏ်ကို ပိုခံရမယ်ဆိုတာကိုတော့ သတိပြုထားသင့်ပါတယ်။

ကျားသစ်နှင့် ခြင်္သေ့အားပြိုင်နေပုံ

cheetah tattoos for kwee

ကမ္ဘာ့အမြန်ဆုံး ကုန်းနေသတ္တဝါတစ်ကောင်ဖြစ်တဲ့ ကျားသစ်နဲ့ တောဘုရင် ခြင်္သေ့တို့ ရင်ဆိုင်ယှဉ်ပြိုက်ကြတဲ့အခါ ဘယ်တစ်ကောင်က အနိုင်ရမယ်လို့ ထင်ပါသလဲ။

ကျောပြင်မှာ နေရာအပြည့်ယူနိုင်တဲ့ အမိုက်စားတက်တူး

တက်တူး ကွီး ကျားသစ်

ဒီတက်တူးလေးသည်လည်း အနုပညာလက်ရာမြောက်လွန်းလှတဲ့အတွက် တက်တူးချစ်သူများအကြား ရေပန်းစားပါတယ်။

နံရိုးနားမှာ ရေးထိုးချင်တဲ့ တက်တူးချစ်သူများအတွက်

တက်တူး ကွီး ကျားသစ်

ကွီးတို့ရော ကိုယ့်နံရိုးနားတစ်ဝိုက်မှာ ဒီလိုတက်တူးမျိုး မရေးထိုးချင်ဘူးလား။

လက်ဖမိုးပေါ်ရှိ ကျားသစ်တက်တူး

တက်တူး ကွီး ကျားသစ်

လက်ဖမိုးပေါ်မှာ တက်တူးထိုးချင်တယ်ဆိုရင် ဒီလိုမျိုး ထိုးပါ။

ခြေသလုံးမှာ ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်း

တက်တူး ကွီး ကျားသစ်

တက်တူးဆရာရဲ့ ကျွမ်းကျင်မှုကြောင့် ဒီတက်တူးလေးက တကယ့်ကို အသက်ဝင်နေတာကို မြင်တွေ့ရမှာပါ။

တက်တူးချစ်သူ ကွီးတို့ရော အခုဖော်ပြသွားတဲ့ ကျားသစ်ပုံတက်တူးများထဲက ဘယ်ဒီဇိုင်းကို အကြိုက်နှစ်သက်ဆုံးလဲ။

Source: Nextluxury

Featured Image: Best.tattoo