ယောကျာ်းလေးတိုင်းနီးပါးကတော့ လစ်ရင်လစ်သလို စိတ်ထလာရင် စိတ်ထလာသလို အမှောင်စိတ်တွေ လွှမ်းမိုးလာရင် လွှမ်းမိုးလာသလို တစ်ကိုယ်ရည် အာသာဖြေ တာလောက်တော့ လုပ်ကြမှာပါ။ ဒါဆို ဒီလို အာသာဖြေလိုက်တိုင်းက safe ရော ဖြစ်ပါ့မလား။ တစ်ကိုယ်ရည် အာသာဖြေတာကတော့ ယေဘုယျအားဖြင့် safe ဖြစ်တယ် ဆိုပေမယ့် အလွန်အကျွံတွေ ပြင်းပြင်းထန်ထန်တွေ လုပ်မိမယ်ဆိုရင်တော့ အန္တရာယ် ဖြစ်နိုင်ပါတယ်။
Photo : MensXP
မှောက်လျက် အနေအထားနဲ့ တစ်ကိုယ်ရည် အာသာဖြေ ခြင်းကို ပြုလုပ်ခြင်းက ကိုယ်ရဲ့ လိင်တံကို ပိုမို ဖိအားပေးတက်တာကြောင့် ဒဏ်ရာရသွားနိုင်ပါတယ်။ ဒီလိုပုံစံမျိုးကို ရှောင်ရှားပြီးတော့ မတ်တပ်ရပ်နေတဲ့ပုံစံ ထိုင်နေတဲ့ပုံစံနဲ့ လှဲလှောင်းနေတဲ့ပုံစံတွေနဲ့ အာသာဖြေမှုကို ပြုလုပ်ပေးတာက ပိုပြီး သင့်တော်ပါတယ်။
Photo : Adobe Stock
အာသာဖြေလို့ ပြီးဆုံးသွားတဲ့ သုတ်ရည်ထုတ်လွှတ်ချိန်မှာ လိင်တံကို ညစ်ပြီး သုတ်ရည်တွေ စီးမကျလာအောင် လုပ်ခြင်းမျိုး ရှောင်သင့်ပါတယ်။ ဒီအတိုင်းသာ ဆက်လုပ်ဖြစ်နေမယ်ဆိုရင်တော့ လိင်တံမှာရှိတဲ့ အာရုံကြောများနဲ့ သွေးကြောများကို ပျက်ဆီးစေပြီး သုတ်ရည်များကိုလည်း ဆီးအိမ်အတွင်းထဲဆီကို တွန်းပို့ပေးသလို ဖြစ်စေပါတယ်။
Photo : Business Insider
နောက်ဆုံးအချက်ကတော့ ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲနဲ့ ကိုယ့်တွဲဖက်နဲ့အတူတူ လိင်မဆက်ဆံခင်မှာ တစ်ယောက်ကိုယ်တစ်ယောက်က လက်နဲ့ အာသာဖြေပေးခြင်းကနေ လိင်ကနေ ကူးစက်တက်သော ရောဂါပိုးတွေ ကူးစက်ခြင်းပါပဲ။ ဒါက ကိုယ့်မှာ STI ဆိုတဲ့ Sexually Transmitted Infections ရှိရင်လည်း ကိုယ့်တွဲဖက်ဆီ ကူးစက်နိုင်သလို ကိုယ့်တွဲဖက်မှာ STI ရှိနေမယ်ဆိုရင်လည်း ကိုယ့်ကိုပါ ကူးစက်လာနိုင်ပါတယ်။ နောက်ပြီး ကိုယ်က အာသာဖြေတာကို လက်နဲ့လုပ်ရတာ မကြိုက်တော့လို့ sex toys တွေနဲ့ လုပ်ကြည့်မယ်ဆိုရင် STI ကူးစက်ထားသူနဲ့ sex toys တစ်ခုတည်း ဝေမျှ သုံးစွဲမိမယ်ဆိုရင်တော့ ကိုယ်လည်း ကူးစက်ခံရနိုင်ပါတယ်။
Featured Photo : Man Matters