တစ်ကိုယ်ရည် အာသာဖြေ တယ်ဆိုတာက လူအများစု လုပ်ဖူးတက်ကြတဲ့ ကိစ္စပါ။ အထူးသဖြင့်ဆိုရင်တော့ ကွီးတွေက ပိုပြီး လုပ်တက်ကြပါတယ်။ ဒါကြောင့် ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး ကွီးတို့တွေ သိကို သိထားရမယ့် အကျိုးကျေးဇူးများအကြောင်း တင်ဆက်ပေးမှာမို့ တချက်လေး လေ့လာကြည့်ပါနော်။
Photo : Man Matters
တစ်ကိုယ်ရည် အာသာဖြေ ခြင်းဟာ ကွီးတို့လို အမျိုးသားများအတွက် ဆီးကျိတ်ကင်ဆာကို ကာကွယ်ဖို့ ကူညီပေးပါတယ်။ အဆိပ်အတောက်များဟာ ဆီးလမ်းကြောင်းအတွင်းမှာ သဘာဝအတိုင်း တည်ရှိနေရာကနေ တစ်ပတ်ကို ငါးကြိမ်ထက်ပိုပြီး သုတ်လွှတ်တဲ့ ကွီးတွေက အဆိပ်အတောက် အဆင့်ကို လျော့ကျစေပါတယ်။
ကွီးတွေ သုတ်လွှတ်တဲ့အခါ စိတ်ဖိစီးမှု ဟော်မုန်းဖြစ်တဲ့ ကော်တီဆော အနည်းငယ် ထွက်လာတာမို့ ဒါက ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
Photo : Man of Many
အာသာဖြေ ခြင်းကြောင့် ခန္ဓာကိုယ်ကနေ အန်ဒေါဖင်းစ်တွေ ထုတ်လုပ်ပေးရာ အဲ့ဒီဓာတ်က စိတ်ဖိစီးမှုနဲ့ တင်းမာမှုများကို ဖယ်ရှားပေးနိုင်ပါတယ်။ အန်ဒေါဖင်းစ်ဟာ ခန္ဓာကိုယ်အတွင်း အပြုသဘောဆောင်တဲ့ ခံစားချက်များကို ဖြစ်ပေါ်စေပြီး ကောင်းမွန်စွာ အိပ်စက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အသက်တွေ ကြီးလာတာနဲ့အမျှ ကွီးတွေမှာ ကြွက်သား ဆုံးရှုံးတက်ရာ ကွီးတို့ ညီလေးရဲ့ ကြွက်သားများပါ ဆုံးရှုံးသွားတက်ပါတယ်။ အာသာဖြေခြင်းနဲ့ ချစ်တင်းနှောခြင်းတွေဟာ တင်ပါးဆုံတွင်း ကြွက်သားများကို လေ့ကျင့်ခန်းလုပ်ပေးခြင်းလိုမျိုး နည်းလမ်းဖြစ်နေတာကြောင့် ညီလေး မထောင်မတ်နိုင်ခြင်းတို့ ဆီးဝမ်းမထိန်းနိုင်ခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
Photo : Medium
တစ်ကိုယ်ရည် အာသာဖြေခြင်းကနေ ဒိုပါမင်းနဲ့ အောက်ဆီတိုဆင်တို့လို ဓာတုပစ္စည်းများကို ထုတ်ပေးနိုင်ပြီး အဲ့ဒီဓါတ်တွေက စိတ်ဝိညာဉ်ကို မြှင့်တင်ပေးနိုင်သလို စိတ်ကျေနပ်မှုကိုလည်း ဖြစ်စေနိုင်ကာ ဦးနှောက်အတွင်း သွေးလည်ပတ်မှုတွေ ပိုကောင်းစေပါတယ်။
ဒီလို အကျိုးကျေးဇူးတွေ ရှိပေမယ့်လည်း အလွန်အကျွံတွေ လုပ်မိမယ်ဆိုရင်တော့ ဆိုးကျိုးတွေလည်း ရှိလာနိုင်တာကိုတော့ သတိထားရပါမယ် ကွီးတို့ရေ။
Source : Practo
Featured Photo : New York Post