မျက်မှောက်ကာလမှာ လူပြောများနေတဲ့ ဟိုင်းခန်းတွေနဲ့ Bar တွေ Club တွေလို Nightlife မှာ ကျင်လည်ဖူးတဲ့ လူငယ် / လူလတ်ပိုင်းတွေကတော့ One-Night Stand ဆိုတဲ့ အလေ့အထကို ရင်းရင်းနှီးနှီး သိကြပါလိမ့်မယ်။ One-Night Stand ဆိုတာ အနှောင်အဖွဲ့ကင်းကင်း တစ်ညတာ ပျော်ပါးခြင်း အလေ့အထကို ခေါ်ပါတယ်။ အချစ်တွေ ၊ သံယောဇဉ်တွေမပါပဲ လူနှစ်ယောက် နှစ်ဦးသဘောတူ တစ်ညတာကို အိပ်ရာထက်မှာ ကုန်ဆုံးလိုက်တာပါ။ ဒါဟာ အခုခေတ်အနေအထားအရ သိပ်မထူးဆန်းပေမယ့် ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်တော့ လိုက်နာသင့်တဲ့ အခြေခံ ဆောင်ရန်ရှောင်တွေကို သိမထားပဲ ဒါမှမဟုတ် ပျက်ကွက်မိရင် ရှော့ခ်အကြီးကြီး တက်လာနိုင်ပါတယ်။ အားလုံးလည်း သတင်းတွေမှာ ကြားနေမြင်နေရတဲ့အတိုင်း မြန်မာနိုင်ငံမှာ HIV ရောဂါပိုးကူးစက်ခံရမှုနှုန်းဟာ ဒီနှစ်တွေအတွင်းမှာ သိသိသာသာ တက်လာပါတယ်။ ဒီတော့ လူငယ်သဘာဝ တစ်ညလုံး မတ်တပ်ရပ် မိမယ်ဆိုရင်တောင် အခုပြောပြမယ့် အချက်တွေကို မသိထားရင် ကွီးတို့ အမှားကြီး မှားမယ်လို့ သတိပေးချင်ပါတယ်။

(၁) ကွန်ဒုံး (မဖြစ်မနေ) သုံးပါ

couple kissing in the bed

Photo : VistaCreate

လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါပြဿနာ မှန်သမျှကို ရှင်းရှင်းလင်းလင်း ဖြတ်ကျော်ချင်တယ်ဆိုရင်တော့ ကွန်ဒုံးဟာ အဖြေတစ်ခုပါပဲ။ ကွန်ဒုံးသုံးတာဟာ ရောဂါပိုးကူးစက်နိုင်ခြေကို လျော့ချပေးနိုင်ရုံမက မလိုလားအပ်ပဲ ကိုယ်ဝန်ရသွားနိုင်တဲ့ အခြေအနေမှလည်း ရှောင်ရှားနိုင်ပါလိမ့်မယ်။ ကွီးတို့အနေနဲ့ One-Night Stand နေဖြစ်ဖို့ အခြေအနေဖန်လာမှ ကွန်ဒုံးရှာဝယ်တာမျိုး မဖြစ်စေဖို့ ရည်ရွယ်ချက်ရှိသည် ဖြစ်စေ ၊ မရှိသည် ဖြစ်စေ ကွန်ဒုံးကြိုတင်ဆောင်ထားခြင်းက အကောင်းဆုံးပဲလို့ အကြံပေးချင်ပါတယ်။

(၂) အရက်အလွန်အကျွံ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ

Photo : experto.de

မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ ဆိုသလိုပါပဲ မူးအောင်သောက်ပြီး လိင်မှုကိစ္စဆက်ယှက်တာဟာ မူးပြီးကားမောင်းတာထက် ပိုဆိုးတဲ့အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ အရက်နဲ့ အဖျော်ယမကာတွေကို လူမှန်းသူမှန်းမသိအောင် အလွန်အကျွံသောက်သုံးထားခြင်းဟာ တစ်နည်းအားဖြင့် လုံခြုံစိတ်ချမှုမရှိတဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးနေခြင်းပါပဲ။ လိင်ဆက်ဆံချိန်မှာ အသိစိတ်လွတ်နေရင် အန္တရာယ်ရှိတဲ့အခြေအနေတွေ ၊ အကာအကွယ်ကင်းမဲ့တဲ့ ဆက်ဆံမှုတွေကို ပြုလုပ်မိနိုင်ခြေ များပါတယ်။ ဒါကြောင့် တစ်ညလုံး မတ်တပ်ရပ် မယ်ဆိုရင် အမူးအကွဲ သောက်ခြင်းကို လုံးဝမလုပ်မိစေဖို့ ကိုယ့်ကိုယ်ကိုယ် တားမြစ်ထားဖို့ လိုပါမယ်။

(၃) ကျန်းမာရေးအမြင် ပွင့်လင်းမှုရှိပါ

couple kissing in the bed

Photo : Adobe Stock

One-Night Stand မှာ ချစ်တာတွေ မေတ္တာတွေ မပါပေမယ့် ရောဂါတွေတော့ ပါလာနိုင်တာမို့ နှစ်ဦးသား ကျန်းမာရေးအမြင် ပွင့်ပွင့်လင်းလင်းရှိဖို့ အရေးကြီးပါတယ်။ ဒါဟာ ရှက်စရာမဟုတ်သလို ရိုင်းရာကျတယ်လို့လည်း အမြင်မကျဉ်းမြောင်းသင့်ဘူး ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမြင်နဲ့ လိုက်ကြည့်ရုံနဲ့တင် ရောဂါကင်းတယ်ဆိုတာကို ဘယ်သူမှ တပ်အပ် မပြောနိုင်လို့ပါ။ ဒါကြောင့် ကိုယ်နဲ့ တစ်ညလုံး မတ်တပ်ရပ် မယ့်ပါတနာမှာ လိင်မှုဆိုင်ရာကျန်းမာရေး ကောင်းမွန်မှုရှိ / မရှိကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးပါ။ နှစ်ဦးစလုံးက ရောဂါကင်းရှင်းကြောင်း သေချာမှသာ ဆက်လက်ခရီးဆက်တာ ကောင်းပါတယ်။ ဒါမှလည်း လုံခြုံစိတ်ချမှုရှိတဲ့ တစ်ညတာ အပျော်ခရီးလေး ဖြစ်မှာပါ။

(၃) လုံခြုံမှုရှိတဲ့နေရာကို ရွေးပါ

couple in the bed
Photo : Men’s Health

ဒါကတော့ ဒီခေတ်အနေအထားအရ သေချာပေါက် ထည့်ပြောရမယ့် အချက်တစ်ခုပါပဲ။ မိန်းကလေးတွေအနေနဲ့ရော ယောကျာ်းလေးတွေ အတွက်ပါ ဒါဟာ အရေးကြီးပါတယ်။ ရာဇဝတ်မှုတွေ မှိုလိုပေါက်နေတဲ့ ခေတ်ပျက်ကြီးထဲမှာ ဘယ်သူက လူကောင်း/ဘယ်သူက လူဆိုးဆိုတာ ခွဲခြားရအခက်သားပါ။ အခုမှစတွေ့ပြီး တစ်ညလုံး မတ်တပ်ရပ် ကြမယ့် သူတွေအနေနဲ့ အစစအရာရာမှာ ကြိုတင်ပြီး သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။ ဒီအတွက်ကြောင့် နှစ်ယောက်လုံးအတွက် လုံခြုံစိတ်ချမှုရှိတဲ့ နေရာကိုပဲ ရွေးချယ်သွားဖို့ မှာချင်ပါတယ်။

(၅) ပုံမှန် ကျန်းမာရေး စစ်ဆေးမှုခံယူပါ

couple in the bed

Photo : Your Sexual Health

လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးသုံးနေတယ်ဆိုရင်တောင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးစရာရှိတာတွေကိုတော့ ပုံမှန်စစ်ဆေးပေးဖို့ လိုပါတယ်။ ကွန်ဒုံးဟာ လိင်ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးမွှားတွေကို အထိရောက်ဆုံး ကာကွယ်တားဆီးပေးနိုင်ပေမယ့် ၁၀၀ ရာခိုင်နှုန်းတော့ ယုံကြည်စိတ်ချလို့ မရနိုင်ပါဘူး။ ဒါ့အပြင် တံတွေး ၊ အရေပြား ၊ ပါးစပ် ၊ လျှာနဲ့ တခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကနေ ကူးစက်နိုင်တဲ့ ရောဂါပိုးမွှားတွေလည်း အများကြီးရှိနေပါတယ်။ ဒီအတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် သံသယကင်းကင်းနဲ့ ရာနှုန်းပြည့် ယုံကြည်စိတ်ချစွာ နေထိုင်နိုင်ဖို့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေကို အနည်းဆုံး တစ်နှစ်တစ်ကြိမ်ခန့် ခံယူသင့်ပါတယ်။

ဒီအချက်တွေကတော့ One-Night Stand နဲ့ ပတ်သတ်ပြီး ကွီးတို့ သေချာပေါက် လိုက်နာသင့်တဲ့ အရေးကြီး အချက်တွေ ဖြစ်ပါတယ်။ တစ်ညတာ အပျော်ကနေ တဘဝစာနောင်တတွေ မရ,ရလေအောင် ကွီးတို့ ကိုယ်တိုင် လိုက်နာစောင့်ထိန်းရင်း အန္တရာယ်ကင်းကင်း လုံခြုံမှုရှိစွာ ပျော်ပါးနိုင်စေဖို့ ဆန္ဒပြုရင်း…….

Photo : Times of India