သုတ်ပိုးအရေအတွက် နည်းပါးခြင်းဟာ အမျိုးသားတွေအတွက် စိုးရိမ်စရာပါ။ ကျွန်တော်တို့ယောကျာ်းလေးတွေမှာ သုတ်ပိုးအရေအတွက် နည်းရခြင်းရဲ့ အဓိက ပြဿနာကတော့ ပါတနာနဲ့ ကလေးယူချိန်မှာ မျိုးအောင်နိုင်ခြေ ရာခိုင်နှုန်းလျော့ကျတာ တစ်နည်းအားဖြင့် ကလေးရနိုင်ခြေနည်းတာ ဖြစ်ပါတယ်။ သုတ်ပိုးအရေအတွက် ကျဆင်းရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ကျန်းမာရေးအခြေအနေ ၊ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ စားသောက်နေထိုင်မှု ပုံစံတွေနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ ဒါပေမယ့် ကွီးတို့နေထိုင်စားသောက်မှု ပုံစံတွေကို ပြောင်းလဲလိုက်တာနဲ့ သုတ်ပိုးအရေအတွက် ပြန်တက်လာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ တစ်ပတ်အတွင်း သုတ်ပိုးအရေအတွက် ပြန်တက်လာဖို့ ကွီးတို့ လုပ်ဆောင်နိုင်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကျန်းမာတဲ့ လူနေမှုပုံစံ အလေ့အကျင့်တွေကို မွေးမြူပါ

healthy lifestyle habits

Photo : Curves Level 10

ကျန်းမာတဲ့ လူနေမှုပုံစံကို မွေးမြူတာက သုတ်ပိုးအရေအတွက် အပေါ် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း ၊ လုံလောက်စွာအိပ်စက်ခြင်း ၊ စိတ်ဖိစီးမှုကို ထိန်းညှိခြင်း ၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း ၊ အရက်သောက်ခြင်း လျှော့ချခြင်းနဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း စတာတွေဟာ သုတ်ပိုးအရေအတွက်ကို တိုးမြင့်လာစေမယ့် အရေးကြီးတဲ့ လူနေမှုပုံစံတွေပဲ ဖြစ်ပါတယ်။ ဒါက တစ်ပတ်အတွင်း သုက်ပိုးအရေအတွက်ကို တိုးစေမယ့် အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေပြီး သုတ်ပိုးအရေအတွက် ကန့်သတ်ချက်တွေကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းနဲ့ အရက်အလွန်အကျွံသောက်သုံးခြင်းကဲ့သို့ အန္တရာယ်ရှိတဲ့ အလေ့အထတွေကို ရှောင်ကြဉ်ခြင်းဟာလည်း သုတ်ပိုးတွေ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

(၂) အာဟာရ ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ

Nutrient-Dense Foods

Photo : Irena Macri

အဓိက အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေကို မျှတစွာ စားသုံးခြင်းဟာ သုတ်ပိုး ထုတ်လုပ်မှုကို ပံ့ပိုးပေးနိုင်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကဲ့သို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အန္တရာယ်ရှိတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးနိုင်ပြီး ကျန်းမာတဲ့ သုတ်ပိုးတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးခြင်းဟာ တစ်ပတ်အတွင်း သုတ်ပိုးအရေအတွက် ကို တိုးလာစေနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ငါး ၊ အစေ့အဆန်များ ၊ အခွံမာသီးတွေနဲ့ ဂျုံပြောင်းတွေကဲ့သို့ အိုမီဂါ – ၃ ဖက်တီအက်ဆစ် ၊ ဇင့်နဲ့ ဆီလီနီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို များများစားသုံးပေးတာဟာ ကျန်းမာတဲ့ သုတ်ပိုးတွေ ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

(၃) ရေဓာတ် ပြည့်ဝအောင်နေပါ

water

Photo : Mac’s Pharmacy

သုတ်ပိုးထုတ်လုပ်ခြင်းအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးစနစ်အတွက် ရေဓာတ်ပြည့်ဝနေဖို့က အရေးကြီးပါတယ်။ တစ်ချိန်တည်းမှာ ကွီးတို့ဟာ အလွန်အကျွံ တစ်ကိုယ်ရည်အာသာဖြေခြင်းကို ရပ်တန့်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်။ တစ်နေ့တာလုံး ရေများများသောက်ခြင်းက ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးကာ ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်နိုင်ပြီး ကောင်းမွန်ကျန်းမာတဲ့ သုတ်ပိုးထုတ်လုပ်မှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းဟာ သုတ်ပိုးတွေရဲ့ ကူးခတ်နိုင်စွမ်းနဲ့ တက်ကြွလှုပ်ရှားနိုင်စွမ်းကို ထိခိုက်စေနိုင်တာကြောင့် ကျန်းမာတဲ့ သုတ်ပိုးတွေထုတ်လုပ်မှုကို ပံ့ပိုးနိုင်ဖို့အတွက် ရေဓာတ်လုံလောက်စွာ သောက်သုံးမှုရှိစေဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။

(၄) အပူတိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်ပါ

hot tubs

Photo : Forbes

အပူနဲ့ အချိန်ကြာရှည်စွာ တိုက်ရိုက်ထိတွေ့ခြင်းဟာ သုတ်ပိုးထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ အဓိကအားဖြင့် ရေပူကန်တွေမှာ အချိန်ကြာမြင့်စွာ ရေစိမ်ရေချိုးတာ ၊ မကြာခဏ ချွေးထုတ်ခန်းဝင်တာ ၊ ပေါင်ပေါ်မှာ လက်ပ်တော့ တင်သုံးတာ ဒါမှမဟုတ် ဘောင်းဘီအိတ်ကပ်ထဲကို စမတ်ဖုန်း ထည့်ထားတာ စသည်ဖြင့် ဒီအချက်တွေဟာ ဝှေးစေ့ကို တိုက်ရိုက် အပူလွန်ကဲခြင်း ဖြစ်စေနိုင်ပြီး သုတ်ပိုးအရေအတွက် လျှော့ကျလာနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ရှောင်ကြဉ်ရပါမယ်။ နောက်ပြီး လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံဘောင်းဘီကို ရွေးချယ်ဝတ်ဆင်တာနဲ့ တင်းကျပ်တဲ့ ဘောင်းဘီတွေကို ရှောင်တာကလည်း လိင်အင်္ဂါ အပူချိန်မြင့်တက်မှုကို လျှော့ချပေးနိုင်ပြီး သုတ်ပိုးအရေအတွက် ကို မြင့်တက်လာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၅) ဓာတုပစ္စည်းနဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ

 Environmental Toxins

Photo : GRM Daily

ပိုးသတ်ဆေးများ ၊ သတ္တုပစ္စည်းများနဲ့ ဓာတုပစ္စည်းများကဲ့သို့ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေကို နေ့စဉ် ထိတွေ့ကိုင်တွယ်ပြီး အလုပ်လုပ်နေရတဲ့ အမျိုးသားတွေမှာ သုတ်ပိုးထုတ်လုပ်မှု ကျဆင်းနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ သုတေသီတွေက ဆိုထားပါတယ်။ အဆိုပါ အဆိပ်အတောက်တွေနဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ထိတွေ့မှုကို လျှော့ချပြီး သဘာဝ သို့မဟုတ် အော်ဂဲနစ် ထုတ်ကုန်တွေကိုသာ အသုံးပြုမယ် ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အကျင့်ကောင်းတွေကို ထိန်းသိမ်းမယ်ဆိုရင် သုတ်ပိုးတွေ ပျက်စီးနိုင်ခြေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာလည်း သုတ်ပိုးအရေအတွက် ကိုပြန်လည် တိုးတက်ကောင်းမွန်လာစေမယ့် နည်းလမ်းတွေထဲကတစ်ခု ဖြစ်ပါတယ်။

Source : My Fit Brain

Featured Photo : Redcliffe Labs