ခရီးသွားခြင်း က ကွီးတို့ရဲ့ စိတ်ကိုအပန်းပြေ စေရုံသာမက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နှစ်ခုလုံးအပေါ်မှာ ကောင်းသော အကျိုးသက်ရောက်မှုတွေရှိပြီးသား ဖြစ်မှာပါ။ ခရီးသွားရာမှာ လှပတဲ့နေရာတွေ၊ ဆန်းပြားတဲ့နေရာတွေကို ထိတွေ့ခံစားရတာလည်း တကယ်ကိုမတူညီတဲ့ ခံစားချက်တွေ ရရှိစေပါတယ်။ ကမ္ဘာပေါ်မှာ သဘာဝတရားကြီးကပေးထားတဲ့ ခမ်းနားတဲ့ ရှုခင်းတွေ လှပတဲ့နေရာတွေ၊ ထူးခြားဆန်းပြားတဲ့နေရာတွေ အများကြီးရှိပါတယ်။ လူတို့သွားရောက်နိုင်တဲ့နေရာမှာရော၊ မသွားရောက်နိုင်တဲ့နေရာ စသည်ဖြင့် အများကြီးပါ။ အခု တစ်ခါမှာတော့ ခရီးသွားရတာ ကြိုက်တဲ့ ကွီးတို့အတွက် တစ်သတ်မှာ တစ်ခါလောက်တော့ သွားရောက်လည်ပတ်သင့်တဲ့ ရင်သပ်ရှုမောဖွယ်ကောင်းသော နေရာများ ကိုဖော်ပြပေးချင်ပါတယ်။
(၁) Mont-Saint-Michel Abbey

Photo : Big 7 Travel
တစ်သတ်မှာ တစ်ခါလောက်တော့ ရောက်ဖူးသင့်တဲ့ နေရာများ ထဲမှာ အရင်ဆုံးဖော်ပြချင်တာကတော့ ပြင်သစ်နိုင်ငံမှာ ရှိတဲ့ Mont-Saint-Michel Abbey ပဲဖြစ်ပါတယ်။ Mont-Saint-Michel Abbey ဆိုတာကတော့ ရွာတစ်ရွာဖြင့် ဝန်းရံထားတဲ့ တကယ်ကိုခမ်းနားလှပလှတဲ့ Gothic ဘုရားကျောင်းဖြစ်ပါတယ်။ အလယ်ခေတ်အချိန်များရဲ့ လွှမ်းမိုးမှုကို ဒီဘုရားကျောင်းရဲ့ ခမ်းနားလှတဲ့ ဗိသုကာပုံစံတွင် တွေ့မြင်နိုင်ပါတယ်။ Mont-Saint-Michel ဘုရားကျောင်းဟာ ထိုနေရာရဲ့ အထူးခြားဆုံးဖြစ်ပြီး ၎င်းရဲ့ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကြောင့် လာရောက်လည်ပတ်သူတို့ကို စိတ်ကျေနပ်စေပါတယ်။ ရှေးဟောင်းသမိုင်းကြောင်းကို ပိုမိုနက်ရှိုင်းစွာကြည့်ရှုလေ့လာ လို့လည်းရပါသေးတယ်။ ဒါ့အပြင် ဒီရေ အတတ်အကျပေါ်မူတည်ပြီး တစ်နေ့ကို တစ်ကြိမ်သာ ထွက်ပေါ်လေ့ရှိတဲ့ ဘုရားကျောင်းကို သွားတဲ့ လမ်းကြောင်းကိုလည်း ဖြတ်လျှောက်နိုင်ပါတယ်။
(၂) Aurora Borealis

Photo : Travel and Leisure
ကွီးတို့ကို နောက်ထပ်ဖော်ပြချင်တဲ့ တကယ်ကိုလှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော တဲ့ နေရာတစ်ခုကတော့ Iceland နိုင်ငံမှာ မြင်တွေ့နိုင်တဲ့ Aurora Borealis ပဲဖြစ်ပါတယ်။ Aurora Borealis သို့မဟုတ် Northern Lights က သာမာန်မျက်လုံးနဲ့ မြင်တွေ့နိုင်တဲ့ သဘာဝအလင်းရောင် ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ သဘာဝတရားကြီးရဲ့ ဆန်းကျယ်လှပမှုကို တကယ်ကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ရမှာပါ။ Aurora Borealis ကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ စက်တင်ဘာလမှ မတ်လအထိ ညတာရှည်သော အချိန်များက ကြည့်ရှုဖို့ အကောင်းဆုံးပါပဲ။
(၃) The Great Barrier Reef

Photo : The Guardian
သြစတေးလျနိုင်ငံမှာ ရှိတဲ့ Great Barrier Reef က ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းဖြစ်တဲ့အပြင် အံ့သြဖွယ်လောက်အောင် လှပတဲ့ သဘာဝ အံ့ဖွယ်တစ်ခုဖြစ်ပါတယ်။ မှာ သန္တာကျောက်တန်းစနစ်များ၊ လှပတဲ့ သန္တာကျောက်တန်းများ၊ အပူပိုင်းကျွန်းများနှင့် ကမ်းခြေများ ပေါင်းစပ်ထားသောကြောင့် ထူးခြားသော နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများ၊ လာရောက်လည်ပတ်သူများက ရေငုပ်ခြင်း၊ အပျော်စီးသင်္ဘောခရီးစဉ်များ၊ ဝေလငါးကြည့်ရှုခြင်း အပြင် ဝေဟင်မှ မှော်ဆန်သော ပင်လယ်ရှုခင်းများကိုခံစားရန် ရဟတ်ယာဉ်ခရီးစဉ်များ စသည်တို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ သန္တာကျောက်တန်းများနဲ့ အဏ္ဏဝါ အကြောင်းစိတ်ဝင်စားတဲ့ ကွီးတို့အတွက် တစ်သတ်မှာ တစ်ခါလောက်တော့ သွားသင့်တဲ့ နေရာများ ထဲက တစ်ခုပဲဖြစ်ပါတယ်။
(၄) Cape Agulhas

Photo : Henri Steenkamp
နောက်ထပ်ဖော်ပြပေးချင်တဲ့ နေရာတစ်ခုကတော့ အတ္တလန္တိတ်နဲ့ အိန္ဒိယသမုဒ္ဒရာ ၂ စင်းဆုံရာနေရာ ဖြစ်တဲ့ Cape Agulhas ဖြစ်ပြီး တောင်အာဖရိကမှာ တည်ရှိပါတယ်။ အိန္ဒိယသမုဒ္ဒရာရဲ့ ပူနွေးသောရေနဲ့ အတ္တလန္တိတ်သမုဒ္ဒရာရဲ့ အေးသောရေများ ဆုံသည့်နေရာလည်းဖြစ်ပါတယ်။ သမုဒ္ဒရာများရဲ့ ပေါင်းဆုံမှုက ကမ်းရိုးတန်းတစ်လျှောက် အပူချိန်ပြောင်းလဲမှုကို ဖြစ်စေပြီး ရာသီဥတုနှင့် ပင်လယ်ရေအပေါ် သက်ရောက်မှုကို ဖြစ်စေပါတယ်။ Cape Agulhas က သွားရောက်လည်ပတ်ဖို့အတွက် စိတ်ဝင်စားဖွယ်ကောင်းသော နေရာတစ်ခုဖြစ်ပြီး ဆန်းသစ်သော အတွေ့အကြုံကို ခံစားရစေမှာ ဖြစ်ပါတယ်။
(၅) Grand Canyon

Photo : Bangkok Post
ကမ္ဘာတစ်လွှားမှ မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာများကို ပြောရမယ်ဆိုရင် အမေရိကန်က Grand Canyon ကတော့ မပါမဖြစ်ပါပဲ။ ထိုနေရာက ကမ္ဘာပေါ်တွင် အထင်ကရနေရာများထဲမှ တစ်ခုအဖြစ် အနည်းဆုံး တစ်ကြိမ်လောက်တော့ သွားရောက်လည်ပတ်ရန် ထိုက်တန်တယ်လို့ သွားရောက်လည်ပတ်ခဲ့ဖူးတဲ့ သူတွေကဆိုပါတယ်။ ထို့အပြင် Grand Canyon က Great Unconformity ဟုခေါ်သော ဘူမိဗေဒဆိုင်ရာ ဖြစ်စဉ်တစ်ခုအား ကိုယ်စားပြုပြီး နှစ်သန်းပေါင်းများစွာ သက်တမ်းရှိသော ကျောက်တုံးများနဲ့ တကယ်ကို လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုလည်း ဖြစ်ပါတယ်။ Grand Canyon ရဲ့ ထုထည်ကြီးမားသော ကျောက်တုံးကြီးများက လာရောက်လည်ပတ်သူများကို ဆွဲဆောင်နိုင်တဲ့ ထူးခြားသော အင်္ဂါရပ်လည်း ဖြစ်ပါတယ်။
ခရီးသွားရတာ ဝါသနာပါတဲ့ ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကမ္ဘာတစ်လွှားမှ တစ်သတ်မှာ တစ်ခါလောက်တော့ သွားရောက်လည်ပတ်သင့်တဲ့ သဘာဝတရားကြီးက ဖန်တီးထားတဲ့ ရင်သပ်ရှုမောဖွယ်ကောင်းသော နေရာများ ထဲက တစ်ခုပဲဖြစ်ပါတယ်။
Source : David’s Been Here
Featured Photo : The Culture Trip
