ပြီးခဲ့တဲ့နွေကတည်းက မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့လို့ ကလပ်အသင်းလက်မဲ့ ကစားသမားဘဝကို ရောက်ရှိသွားခဲ့ရတဲ့ စပိန် ဂိုးသမား ဒေးဗစ် ဒီဂီယာ ဟာ အခုအချိန်အထိလလည်း ဘယ်အသင်းကိုမှ ပြောင်းရွှေ့ခြင်းမရှိပဲ free agent player အဖြစ်နဲ့သာ ဆက်လက် ရှိနေရပါတယ်။

david de gea

Photo Credit: The Sun

တကယ်တော့ ဒီဂီယာ ဆိုတာ ကမ္ဘာ့အဆင့် ဂိုးသမားတစ်ဦးပါ။ မန်ယူအသင်းရဲ့ ဂိုးပေါက်မှာလည်း ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်တဲ့အထိ ပါဝင်ကစားခဲ့ရင်း အံ့အားသင့်စရာကောင်းတဲ့ ဂိုးကာကွယ်မှုတွေကိုလည်း စွမ်းဆောင်ပြနိုင်တဲ့ ဂိုးသမားကောင်း တစ်ယောက်ပါ။ ရီးယဲလ် မက်ဒရစ်အသင်းက အသည်းအသန် အလိုရှိခဲ့ရပေမယ့် မက်ဒရစ်ကို ပြန်သွားဖို့ထက် မန်ယူမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ သရဲနီ ပရိသတ်တော် အချစ်တော်ကြီး ဒီဂီယာဟာ ကလပ်အသင်းလက်မဲ့ ဖြစ်နေခဲ့တာက တစ်နှစ်လောက်တောက် ရှိသွားခဲ့ပါပြီ။

dave

Photo Credit: The New York Times

ဒီဂီယာ က နောက်ပိုင်းနှ်စ်တွေမှာ သူရဲ့လက်စွမ်းပိုင်းတွေ ကျဆင်းလာခဲ့တယ်။ ဒါပေမယ့်လည်း လုံးဝ သုံးစားလို့မရတော့တဲ့ အဆင့်မျိုးထိတော့ ရောက်သွားတာတော့ မဟုတ်ပါဘူး။ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အချိန်မျိုးမှာ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်သွားတဲ့ ဒီဂီယာကို ယူနိုက်တက်ဘက်က သက်တမ်း ကမ်းလှမ်းမှုကို အသေအချာ မလုပ်လာတော့ပဲ နည်းပြတန်ဟက်ဂ်အကြိုက် အိုနာနာကို ခေါ်ယူဖို့ကိုသာ ဦးစားပေး လုပ်ဆောင်လာပါတော့တယ်။

dave vs ten hag

Photo Credit: Leigt.ng

ဒီလို အခြေအနေမှာ ဒီဂီယာက နည်းပြတန်ဟက်ဂ်နဲ့ အသင်းဒါရိုက်တာ ဂျွန်မာတောက်ချ်တို့ကို စိတ်ဆိုးဒေါသထွက်ခဲ့ပြီး ဒီနှစ်ယောက်ကြောင့် ယူနိုက်တက်ကနေ ထွက်ခွာလိုက်ရတာ ဖြစ်တယ်လို့ နီးစပ်သူများကနေ ပြောဆိုလာခဲ့ပါတယ်။ ဆယ်စုနှစ် တစ်ခုကြာတဲ့အထိ ကျင်လည်ခဲ့တဲ့ အသင်းကနေ အခုလို ထွက်ခွာခဲ့ရတဲ့ ဒီဂီယာဟာ အစောပိုင်းကာလတွေကဆိုရင် ဘောလုံးသမားဘဝကနေ အနားယူသွားဖို့အထိပါ စဉ်းစားခဲ့သေးပြီး တကယ်လို့ အသင်းမှာ တန်ဟက်ဂ်နဲ့ မာတောက်ချ်တို့ မရှိတော့မယ့်အချိန် အသင်းနဲ့ ပြန်လည် ပူးပေါင်းဖို့ပါ ဆန္ဒရှိနေပါတယ်။ လက်ရှိမှာ မာတောက်ချ်က မရှိတော့ပေမယ့် တန်ဟက်ဂ်ကတော့ မန်ယူနဲ့ပါ စာချုပ်သက်တမ်း တိုးထားတာမို့ ဒီဂီယာ အနေနဲ့ မန်ယူဆီ ပြန်လာဖို့က ဖြစ်နိုင်ဖွယ် တအားနည်းနေရပါတယ်။

Featured Photo: Reuters